တရုတ် ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များကို စစ်ကောင်စီ လွှဲပြောင်းပေး

တရုတ် ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များကို စစ်ကောင်စီ လွှဲပြောင်းပေး

သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းကျားဖြန့်လုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ကိုးကန့်ခေါင်းဆောင်ဟောင်းနှင့် လုပ်ငန်းရှင် (၁၀)ဦးတို့ကို စစ်ကောင်စီက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်) တွင် စစ်ကောင်စီသည် တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းနှင့် လုပ်ငန်းရှင်များ အပါအဝင် အွန်လိုင်းကျားဖြန့်လုပ်ငန်း အဓိကလုပ်ကိုင်သူ တရားခံ(၁၀)ဦးတို့ကို နေပြည်တော်လေဆိပ်တွင် တရုတ်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်သတင်းများက ဖော်ပြသည်။

စစ်ကောင်စီက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သူများထဲတွင် ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်နှင့် သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်ဒေသ (၁၀၀၆) နယ်ခြားစောင့်တပ်ရင်းဥက္ကဋ္ဌ ဝေဆန်း၊ ဖူလီလိုက်ကုမ္ပဏီမှ လျိုအာပေါင်နှင့် ရှုလောက်ဖာ အပါအဝင် အခြားသော အဓိကတရားခံ(၁၀)ဦးတို့ ပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီက လွှဲပြောင်းပေးခဲ့သည့် ၎င်းအဓိကတရားခံ (၁၀)ဦးတို့ကို တရုတ်နိုင်ငံမှ အထူးရဲတပ်ဖွဲ့များကိုယ်တိုင် နေပြည်တော်လေဆိပ်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး တရုတ်နိုင်ငံက ၂၀၂၃ ဒီဇင်ဘာလ ၁၀ ရက်တွင် ဖမ်းဝရမ်းထုတ်ထားသည့် အွန်လိုင်းကျားဖြန့်ဂိုဏ်း ခေါင်းဆောင်များထဲမှ အခြား ၄ ဦးတို့ ကျန်ရှိနေသေးကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၃ ရက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရားမဝင် တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ တပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း နမ့်စန်ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”၏ ရိုက်ခတ်မှုကြောင့် လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံက ထိန်းချုပ်ထားသော နေရာများမှ အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၄ သောင်းနီးပါးကို စစ်ကောင်စီက တရုတ်နိုင်ငံသို့ စစ်ရေး၊ နိုင်ငံရေး ဖိအားများအောက်တွင် လွှဲပြောင်းပေးခဲ့ရကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုသို့ လွှဲပြောင်းအပ်နှံလိုက်သူများထဲတွင် တရုတ်နိုင်ငံမှ အလိုရှိနေသည့် ဖမ်းဝရမ်းထုတ်ထားသူအချို့နှင့် ကျားဖြန့်ကုမ္ပဏီပိုင်ရှင်များ ပါဝင်သော်လည်း အွန်လိုင်းကျားဖြန့်ဂိုဏ်းခေါင်းဆောင်ကြီးများကို အပ်နှံခြင်းမရှိသေးဘဲ အကာအကွယ်ပေးထားဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...