စစ်ကောင်စီအုပ်စု ယန္တရားမလည်ပတ်နိုင်အောင် PNLOနှင့်အတူ ပူးပေါင်ပြီး တော်လှန်မည်ဟု SSLRU က ထုတ်ပြန်

စစ်ကောင်စီအုပ်စု ယန္တရားမလည်ပတ်နိုင်အောင် PNLOနှင့်အတူ ပူးပေါင်ပြီး တော်လှန်မည်ဟု SSLRU က ထုတ်ပြန်

သျှမ်းပြည် တောင်ပိုင်း စစ်ကောင်စီအုပ်စုယန္တရားများ မလည်ပတ် နိုင်တော့သည်အထိ (PNLO) တို့နှင့် ပူးပေါင်းပြီး တော်လှန်စစ် ဆင်နွဲသွားမည်ဖြစ်ကြောင်း ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (S.S.L.R.U) က ထုတ်ပြန်လိုက်သည်။

စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေး၊ အမျိုးသားရေးတန်းတူညီမျှခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရရှိရေးအတွက် PNLO နဲ့ အတူတကွပူးပေါင်းကာ စစ်ကောင်စီ ယန္တယားတွေ မလည်ပတ် နိုင်တော့တဲ့အထိ တိုက်ထုတ်မှာဖြစ် ကြောင်းလည်း တော်လှန်ရေးသစ္စာနဲ့ ကတိပြု ကြောင်းကို ရေးသားဖော်ပြထားပါသည်။

ထို့အပြင် တနိုင်ငံလုံးရှိ အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် စစ်သုံးစစ် (စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တရား၊ စစ်အုပ်စု) အမြစ်ပြတ်ကျရှုံးသည်အထိ ဘဝတူညီနောင်မဟာမိတ် တော်လှန်ရေးအင်အားစုတွေနှင့် အတူတကွ ပူးပေါင်းပြီး တော်လှန်စစ် ဆင်နွှဲသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်သူလူထုအပေါ်  ဖိနှိပ်ခံချုပ်ချယ်မှုများ ပြုလုပ်နေသည့်  စစ်အာဏာရှင်တို့ကို ဘဝတူ ညီနောင်မဟာမိတ် နှင့် အတူ ဆင်နွှဲမည်လို့ PNLO ကထုတ်ပြန်ချက်အပေါ် ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU က ထောက်ခံကြိုဆို ကြောင်းပြောဆိုထားသည်။

အလားတူ ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွဲသွားမည် ဟူသော PNLO/PNLA ၏ထုတ်ပြန်ချက်ကို PNFC မှ အလေးနက်ထားထောက်ခံကြိုဆိုကြောင်း PNFC ကလည်း ထုတ်ပြန်ခဲ့သည်။

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...