တပ်မဟာ ၅ နှင့် တပ်မဟာ ၇ နယ်မြေရှိ ရှေ့တန်းရောက် BGF တပ်ဖွဲ့ဝင်များ တပ်အရွှေ့အပြောင်းပြုလုပ်နေ

တပ်မဟာ ၅ နှင့် တပ်မဟာ ၇ နယ်မြေရှိ ရှေ့တန်းရောက် BGF တပ်ဖွဲ့ဝင်များ တပ်အရွှေ့အပြောင်းပြုလုပ်နေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် ၊ တပ်မဟာ(၅)နယ်မြေနှင့် ဖားအံခရိုင်၊ တပ်မဟာ ၇ နယ်မြေရှိ ရှေ့တန်းစခန်းများတွင် အခြေချနေထိုင်သည့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း တပ်နေရာအရွှေ့အပြောင်းများ ပြုလုပ်လျက်ရှိသည်ဟု နယ်မြေခံ ကေအဲန်ယူတာဝန်ရှိသူများထံမှ သိရသည်။

ကေအဲန်ယူ မူတြော်ခရိုင် အုန်းတောနယ်ရှိ ရှေ့တန်းရောက် BGF တပ်ဖွဲ့ဝင်များ သည် မူလတပ်ရင်းဌာနချုပ်များသို့ ပြန်လည်စုဖွဲ့မှုများ လုပ်ဆောင်လာလျက်ရှိသလို  ဖားအံခရိုင် လှိုင်းဘွဲမြို့နယ် သောင်ရင်းမြစ်ကမ်းနံဘေးနှင့် မြိုင်ကြီးငူဒေသရှိ BGF-၁၀၁၂ ဗိုလ်မှူး အောင်လင်းဦးဆောင်သည့် တပ်ဖွဲ့ ၆၀ ကျော်လည်း လှိုင်းဘွဲမြို့ရှိ တပ်စခန်းတွင် ပြန်လည် နေထိုင်လာကြောင်း နယ်မြေခံကေအဲန်ယူ တာဝန်ရှိသူများက ပြောသည်။

ကေအဲန်ယူ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က “ ဖာပွန်မြို့ အောက်ဘက်မှာရှိတဲ့စခန်းတချို့မှာ BGF တပ်သားတော်တောာ်မျာများသွား ပြန်နောက် ဆုတ်တာရှိ ပြီးဖြစ်တယ်။ ဟိုနေ့က စစ်ကောင်စီ ရိက္ခာတွေ ဝိုင်းကူသယ်လာပေးပြီးတော့ တော်တော်များများ သူတို့တပ်ဖွဲ့ဝင်တွေ ပြန်ပါသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တပ်မဟာ(၇)နှင့်တပ်မဟာ(၅)နယ်မြေအတွင်းရှိ BGF တပ်ဖွဲ့ဝင်များသည် လှိုင်းဘွဲမြို့နယ်ရှိ ၎င်းတို့တပ်ရင်းဌာနချုပ်သို့ ပြန်လည်စုဖွဲ့နေထိုင်ခဲ့ပုံများကိုလည်း ယခုရက်ပိုင်းအတွင်း လူမှုကွန် ယက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာလျက်ရှိသည်။

BGF များပြန်လည်စုစည်းနေထိုင်ခြင်းနှင့်ပတ်သက်၍ အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်စော ထွန်းလှိုင်က “အဲဒါက ကိုယ့်နေရာနဲ့ကိုယ်ပဲ နေကြတယ်ပေါ့နော်။ ကျနော်တို့အတွက် ဆောက်ပေးထား တဲ့စခန်းတွေ က သူတို့ နေရာမှမဟုတ်တာ။ ကရင်ပြည်နယ်မှာ လာပြီးဆောက် လုပ်ပေးတဲ့စခန်းဖြစ်တဲ့အတွက် ကျနော်တို့ အထဲမှာပဲ နေတယ်ပေါ့။ စစ်တပ် အိမ်မှမဟုတ်တာ၊ ကျနော်တို့ အိမ်လေ။ ဆောက်ပေးတော့ ကျနော်တို့ အထဲမှာနေတာပေါ့”ဟု ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကေအဲန်ယူ တပ်မဟာ(၅)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၁) နယ်မြေများတွင် BGF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ပူးပေါင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သလို ရှေ့တန်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ရိက္ခာပို့ဆောင်ပေးမှုများ လုပ်ဆောင်လျက်ရှိသည်။

BGF တပ်ဖွဲ့သည် ပြီးခဲ့သည့်လမှစတင်ကာ စစ်ကောင်စီတပ်ထံ လစာမယူတော့ဘဲ သီးခြားရပ်တည်တော့မည်ဖြစ်ကြောင်း စာတင်ထားခြင်းနှင့်ပတ်သက်၍ ယခုလ ဇန်နဝါရီလ ၂၃ရက်နေ့ တွင် စစ်ကောင်စီ ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင်က ဖားအံမြို့တွင် လာရောက်တွေ့ ဆုံညှိနှိုင်းခဲ့ သော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း BGF အဖွဲ့ခေါင်းဆောင်က ပြောသည်။   

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF သည် တပ်နယ် (၄)နယ်၊ တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်းထားပြီး  လှိုင်းဘွဲမြို့နယ်တွင် အမှတ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၅၊ ၁၀၁၆ တပ်ရင်းတို့ အခြေချလှုပ်ရှားသလို ဖာပွန်မြို့ နယ်တွင် အမှတ် ၁၀၁၃၊ ၁၀၁၄ တပ်ရင်း၊ မြဝတီမြို့နယ်တွင် အမှတ် ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀၊ ၂၀၂၂  တပ်ရင်းများနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အမှတ် ၁၀၂၁၊ ၁၀၂၃ တပ်ရင်းတို့ အခြေ ချလှုပ်ရှားလျက်ရှိသည်။

Most read this week

December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...