လုံလောက်တဲ့ဆေးဝါးနဲ့ကုသမှု မရခဲ့တာကြောင့် ဇန်နဝါရီလအတွင်း နိုင်ငံရေးအကျဉ်းသား ၄ ဦးသေဆုံး

လုံလောက်တဲ့ဆေးဝါးနဲ့ကုသမှု မရခဲ့တာကြောင့် ဇန်နဝါရီလအတွင်း နိုင်ငံရေးအကျဉ်းသား ၄ ဦးသေဆုံး

လုံလောက်တဲ့ဆေးဝါးနဲ့ကုသမှု မရခဲ့တာကြောင့် ဇန်နဝါရီလအတွင်း သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၄ ယောက်အထိ ရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) က သိရပါတယ်။

ဇန်နဝါရီလ နောက်ဆုံးအပတ်(ဇန်နဝါရီလ ၂၅ ရက်နေ့) မှာပဲ မကွေးအကျဉ်းထောင်က CDM တက္ကသိုလ်ကျောင်းသူတစ်ဦးနဲ့   စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ အကျဉ်းထောင်တစ်ခုက နိုင်ငံရေးအကျဥ်းသားတစ်ဦးတို့ဟာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိဘဲ  အသက် သေဆုံးခဲ့ကြရတယ်လို့ PPNM က ဆိုပါတယ်။

"စောစောစီးစီး ပြင်ပဆေးရုံမှာ ကုသခွင့်ခံယူဖို့ အချိန်နှောင့်နှေးတယ်။ အဲဒီလိုဖြစ်ရင်း သေဆုံးရတာဖြစ်တယ်။ နှစ်ယောက်လုံးက ၂၅ ရက်နေ့က သေဆုံးခဲ့တာပါ။ စစ်ကိုင်းကိစ္စကတော့ မိသားစုခွင့်ပြုချက်မရလို့ အသေးစိတ်ပြောလို့မရဘူး" လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ပိုင်းမှာလည်း ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂ ဦး လုံလောက်တဲ့ဆေးဝါးကုသခွင့်မရဘဲ သေဆုံးခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးမှု ပြင်ပကိုမပေါက်ကြားစေဖို့  မိသားစုဝင်တွေကို  ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့  အကျဉ်းထောင်တွင်းက အရင်းအမြစ်တွေရဲ့  ပြောကြားချက်အရ PPNM က သိရှိထားတယ်လို့လည်း ဆိုပါတယ်။

"  စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနက ဆေးဝါးကုသမှုလုံလောက်စွာ မရတာကြောင့် သေဆုံးတဲ့ သတင်းတွေကို ပြင်ပမီဒီယာမှာ တက်လာတဲ့အပေါ် သူတို့ဖိအားပေးခံရတယ်။ သူတို့က မိသားစုဝင်တွေကို တဆင့်ပြန်ပြီး ဖိအာပေးနေတာ။ ဒါကို ဖရဲသီးအရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကျွန်တော်တို့ လိုက်လံစိစစ်တဲ့အချိန် မှန်ကန်တာကြောင့် သတင်းထုတ်ပြန်ဖို့ အချိန်ယူနေရတာဖြစ်တယ်" လို့ ကိုသိုက်ထွန်းဦး ရှင်းပြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ကောက်ယူထားနိုင်တဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ထဲမှာ ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူအကျဉ်းသား ၁၇ ယောက်ဟာ အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...