အိန္ဒိယကိုထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို လာခေါ်သည့် စစ်ကောင်စီလေကြောင်း ပြေးလမ်းချော်မှုဖြစ်ပွား

အိန္ဒိယကိုထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို လာခေါ်သည့် စစ်ကောင်စီလေကြောင်း ပြေးလမ်းချော်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ စစ်ရှုံး၍ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်သားများကို လာရောက်သယ် ဆောင် မည့် စစ်ကောင်စီလေကြောင်းသည် Lengpui လေဆိပ်အဆင်းတွင် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ သည်ဟုသိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်တွင် ယနေ့မနက်ပိုင်း ၁၀ နာရီခွဲ၀◌န်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းသည် လေယာဉ်ကွင်းအဆင်း ပြေးလမ်းချော်ကာ အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်သွားသည်ဟု ဒေသခံများထံမှသိရသည်။

“ Lengpui လေဆိပ်ကို ဆင်းလာတဲ့အချိန်မှာ ပြေးလမ်းချော်သွားတာပါ၊ ထိခိုက်ဒဏ်ရာရှိတဲ့အခြေအနေတော့ မသိရဘူး’’ ဟု အိုင်ဇောလ်မြို့ဒေသခံကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်ပါလာသူတချို့သေဆုံးမှုရှိသည်ဟု သတင်းများထွက်သော်လည်း အတည်မပြုနိုင်သေးပေ။

ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ရှုံးမှုကြောင့် အရာရှိ ၃၆ အပါအ၀င် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်နဝါရီ ၁၇ ရက်က မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာ ခဲ့ကြသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဉီးထဲက ၁၈၄ ဦးကို ယမန်နေ့ဇန်နဝါရီ ၂၂ ရက်က စစ်ကောင်စီလေကြောင်းက Lengpui လေဆိပ်တွင် လာရောက်ခေါ်ယူသွားခဲ့ပြီး ယနေ့ ဒုတိယအသုတ်လာရောက်သယ်ဆောင်မည့်အချိန်တွင် လေယာဉ်မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်သိရသည်။

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...