မြစ်ကြီးနား-ဖားကန့်လမ်း ပြန်ဖွင့်ပြီ

မြစ်ကြီးနား-ဖားကန့်လမ်း ပြန်ဖွင့်ပြီ
မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ နန့်ယားကျေးရွာ ရွာလယ်လမ်းမကြီးအား တွေ့ရစဉ်။
မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ နန့်ယားကျေးရွာ ရွာလယ်လမ်းမကြီးအား တွေ့ရစဉ်။

မြစ်ကြီးနား-ဖားကန့်လမ်းကို စစ်ကောင်စီက ၄ ရက်ကြာပိတ်ထားပြီးနောက် ဒီကနေ့မနက် ပြန်ဖွင့်ပေးလိုက်တဲ့အတွက် ခရီးသည်ကားတွေ အတက်အဆင်း ပြုလုပ်နေပြီလို့ သိရပါတယ်။

မြစ်ကြီးနား-ဖားကန့်လမ်းကြောင်း ပြန်ဖွင့်တဲ့အတွက် ခရီးသည်တင်ယာဉ်တွေ ဖြတ်သန်းသွားလာနေကြပြီး ကုန်တင်ကားကြီးတွေတော့ ဖြတ်တာမတွေ့ရသေးဘူးလို့ နန့်ယားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အတက်အဆင်းအကုန်လို့ ပြောတာပဲ။ အကုန်ဖွင့်ပြီး အခုကားတွေတောင် အရမ်းဖြတ်ပြီ။ ကားအကြီးတွေတော့မရှိဘူး။ ကားသေးတွေပဲ ခရီးသည်ကားတွေပဲ။”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီက ပိတ်ထားတဲ့ ကာမိုင်းဂိတ်နဲ့ လယ်ပြင်ဂိတ်တွေကို ဒီကနေ့ ၇ နာရီလောက်က ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

မြစ်ကြီးနား-ဖားကန့်လမ်းကို စစ်ကောင်စီကနေ သုံးရက်ပဲဖွင့်ပေးပြီး ပြန်ပိတ်မယ်လို့ ကြားသိရကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကပြောပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ကာမိုင်းဂိတ်လည်း ဖွင့်ပေးပြီဖြစ်တဲ့အတွက် ကာမိုင်း၊လဝါးကျေးရွာတွေမှာ ညအိပ်စောင့်တဲ့ ကားသမားတွေ အကုန်နီးပါး ဖားကန့်၊ မိုးကောင်းဘက် သွားလိုက်ကြပြီလို့လည်း ကားသမားတစ်ဦးကနေ သိရပါတယ်။

မြစ်ကြီးနား- ဖားကန့်လမ်းပေါ်က နန့်တိန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်တော်(KIA)တို့ ဇန်နဝါရီလ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကျေးရွာဒေသခံတွေ စစ်ရှောင်သွားကြရတာဖြစ်ပြီး မြစ်ကြီးနား-ဖားကန့်လမ်းကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၅ ရက်နေ့က ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...