စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားသောကြောင့် ပြည်သူများအသွားအလာ သတိပြုကြရန် ဟားခါးမြို့တော်ကောင်စီက သတိပေး

စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားသောကြောင့် ပြည်သူများအသွားအလာ သတိပြုကြရန် ဟားခါးမြို့တော်ကောင်စီက သတိပေး

ချင်းပြည်နယ် ဟားခါးမြို့ပြင် နေရာအများအပြားတွင် စစ်ကောင်စီတပ်ဖွဲ့က နင်းမိုင်းများ ထောင်ထားသောကြောင့် ပြည်သူများအနေဖြင့် အသွားအလာသတိပြုကြရန် ဟားခါးမြို့တော်ကောင်စီ Hakha City Council က သတိပေးချက်ထုတ်ပြန်သည်။

ထိုကဲ့သို့ မြို့နှင့်အနီးတ၀◌ိုက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ နင်းမိုင်းများထောင်ထားသည့်အတွက် ပြည်သူများအနေဖြင့် တောင်ယာသွားခြင်း၊ ငါးဖမ်းသွားခြင်း၊ အမဲလိုက်ခြင်းနှင့် အပျော်တမ်းမြို့ပြင်ထွက်ခြင်းများအား မပြုလုပ်ကြရန် ဇန်န၀◌ါရီလ ၁၈ ရက်နေ့က Hakha City Council ကထုတ်ပြန်ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် အဆိုပါထုတ်ပြန်ချက်ကို လိုက်နာပေးကြရန်နှင့် လိုက်နာခြင်းမရှိပါက လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟုဆိုသည်။

ဟားခါးမြို့နေ တောင်သူ အမျိုးသားတစ်ဦးက “မြို့ပြင်မှာ စစ်သားတွေထောင်ထားတဲ့ဗုံး‌ေတွများတယ်‌ေပါ့‌ေနာ်၊ ဒေသခံတွေက ဆိတ်စာရှာထွက်တာတို့၊ တောထဲခဏခဏသွားကြတယ်လေ၊ အရင်ကလဲ မိုင်းနှင်းမိတာ‌ေတွ မကြာ ခဏရှိတယ်ပေါ့နော်၊ ဆိုတော့ ချောင်းတို့ သီမြစ်ဘက်သွားတာတွေ၊ တောထဲသွားတာ‌ေတွ သိပ်မလုပ်သင့်ဘူး၊ ခရီးသွားတာကတော့ လိုအပ်ရင် သွားရမှာပဲပေါ့နော် ကျွန်တော်တော့ အဲလိုမြင်တယ်” ဟု ပြောသည်။

လွန်ခဲ့သော ဇန်နဝါရီလ ၆ ရက်နေ့က အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ဟားခါးမြို့ပြင်တနေရာတွင် မိုင်နင်းမိကာ ခြေထောက်တစ်ဖက် ဆုံးရှူံခဲ့ရပြီးဖြစ်သည်။

ထိုနည်းတူ ပြီးခဲ့သည့်နှစ်ကလည်း ဆိတ်စာရှာရန်သွားသည့် အသက်ကြီးပိုင်းအမျိုးသားတစ်ဦးလည်း နင်းမိုင်းကြောင့် သေဆုံးခဲ့ရပြီး ၎င်းအားရှာဖွေရန်သွားသည့် အမျိုးသမီးတစ်ဦးမှာလည်း နင်းမိုင်းကြောင့် ပြင်းထန် ဒါဏ်ရာရရှိခဲ့ပါသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...