စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်၀တွင် ကလေးငယ်တစ်ဦးအပါ၀င် အရပ်သား ၄ ဦးသေဆုံး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်၀တွင် ကလေးငယ်တစ်ဦးအပါ၀င် အရပ်သား ၄ ဦးသေဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျီးလေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး သေဆုံးသွားပြီး ဒဏ်ရာအပြင်းအထန်ရရှိသူများလည်း ရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက် ညနေ ၂ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ကျီးလေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကာ ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ကျီးလေးက ကုလားတန်မြစ်ကမ်းနားမှာဆိုတော့ သူတို့ကိုင်းနားမှာ ဟွန်ဒါစက်လှေတွေ အသွားအလာတွေ ရှိတယ်။ အဲဒီ ကိုင်းနားမှာ ရှိတဲ့ ပြည်သူတွေကို လေယာဉ်ပျံ့နဲ့ ဗုံးကြဲတာမှာ ၄ ယောက်သေဆုံးသွားပါတယ်။ ပလက်ဝတချို့ရွာတွေမှာလည်း အဲလိုပစ်ခံနေရပါတယ်။ အဲဒီတစ်ရွာထဲ မဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစုတွေ ရှိနေတယ်လို့ ထင်လို့ ပစ်တာပါ။ မြေပြင် မှာတော့ ပြည်သူတွေပဲ ခဏ၊ ခဏ ထိတယ်” ဟု ဒေသခံတစ်ဦးက ခိုနူမ်းသုန်ကို ပြောသည်။

သေဆုံးသွားသူများမှာ မောင်မြတ်သူအောင် (၅ နှစ်)၊ ဦးမောင်ကျန် (၄၉ နှစ်)၊ ဦးမောင်ဖြူ (၆၇ နှစ်) နှင့် ဦးဇော်ဇော်လွင် (၃၆) နှစ်တို့ ဖြစ်သည်ဟု ပလက်ဝအခြေစိုက်ကီမိုချင်းသတင်းဌာနက ဒေသခံတစ်ဦးကို ကိုးကားပြီး ရေးသားထားသည်။

ကျီးလေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများ တည်ရှိနေသောနေရာကို လေကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကျီးလေးရွာသည် ပလက်ဝမြို့၏ အထက်ပိုင်း ၁၀ မိုင်ခန့်အကွာရှိ ကျေးရွာတစ်ရွာဖြစ်သည်။

May 22, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို...
May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...