၁.၁.၁.၁ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ကရင်နီပြည်မှာ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား၊ရဲတပ်သား ၅၀ ကျော်ရှိ

၁.၁.၁.၁ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ကရင်နီပြည်မှာ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား၊ရဲတပ်သား ၅၀ ကျော်ရှိ

ကရင်နီပြည်နယ်မှာ ၁.၁.၁.၁ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား၊ရဲတပ်သား ၅၀ ကျော်ရှိနေပြီ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ‌ဗဟိုသတင်းနဲ့ ပြန်ကြာရေးကနေ သိရပါတယ်။

ဘက်ပြောင်းခိုလှုံတာနဲ့ စစ်သုံ့ပန်းဆိုပြီး ခေါင်းစဉ်နှစ်မျိုးခွဲထားကာ ဒါဟာ လတ်တလောပြုစုထားတဲ့ စာရင်းအရ ဘက်ပြောင်းခိုလှုံလာတဲ့ စာရင်းပဲဖြစ်တော့ လက်နက်ချတဲ့(သုံ့ပန်း) စာရင်းတွေ မပါဝင်ဘူးလို့ KNDF ‌ဗဟိုသတင်းနဲ့ ပြန်ကြာရေးရဲ့ တာဝန်ရှိသူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

" ခေါင်းစဉ် ၂ ခုတော့ရှိတယ်။ ဘက်ပြောင်းခိုလှုံတာနဲ့ သုံ့ပန်းပေါ့။ ဘက်ပြောင်းခိုလှုံတဲ့ စာရင် းကတော့ စစ်တပ်ဖက်ကရော ရဲဖက်ကရောငါးဆယ်နဲ့အထက် ရှိတယ်။ လတ်တလောစစ်ဆင်ရေးအခြေအနေ ဆက်သွယ်ရေးအခြေအနေကြောင့်တော့ အတိအကျစာရင်းတော့ မရနိုင်သေးဘူး " လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ပြီးတော့ ကရင်နီပြည်နယ်မှာ KNDF နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေဟာ ၁.၁.၁.၁ စစ်ဆင်ရေးကို စတင်နေတာဖြစ်ပြီး ပြည်နယ်မြို့တော် လွိုင်ကော်ကိုသိမ်းနိုင်ဖို့လည်း ကြိုးစားနေတာ ဖြစ်ပါတယ်။

လတ်တလော စစ်ဆင်ရေးလုပ်ဆောင်နေစဉ် စစ်ကောင်စီဖက်က လက်နက်ချအလင်းဝင်လာ သူတွေရှိနေသလို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံစစ်သား၊ရဲသား နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်ထားတာလည်း ဖြစ်ပါတယ်။

ကရင်နီပြည်နယ်၊ ဘောလခဲ မြို့မရဲစခန်းက ရဲတပ်သား ၄ ယောက် နဲ့ ရဲမေ ၂ ယောက်တို့ဟာ လက်နက်နဲ့အတူ ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလက ဘက်ပြောင်းလာသလို ဇန်နဝါရီလ ၅ ရက်နေ့မှာလည်း ဘောလခဲခရိုင်ရဲစခန်းက ရဲတပ်သားတစ်ယောက်ပါ ထပ်မံဘက်ပြောင်းလာခဲ့ပြီး ဆုငွေတွေအသီးသီး ပေးအပ်ချီးမြှင့်ထားတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ- စစ်ကောင်စီ၏ ဘောလခဲမြို့မ ရဲစခန်းမှ ရဲမေနှစ်ဦးနှင့် ရဲသား သုံးဦး လက်နက်အပြည့်အစုံဖြင့် KNDF တပ်ရင်းများထံ ဘက်ပြောင်းခိုလှုံလာစဉ်။

May 16, 2026
သေခြင်းတရားနဲ့ အနီးစပ်ဆုံး အခြေအနေကို ကြုံရပြီးတဲ့နောက် ဒေါ်ဆိုင်းပန်တစ်ယောက် သူ့ရဲ့...
May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...
May 11, 2026
ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်...
မှော်စီစာနှင့် ကုဋေလမ်းဆုံတွင် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲစဉ်။ (Credit)
May 9, 2026
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက...