ရက္ခိုင်ဒေသနဲ့ ပလက်ဝဒေသအတွင်းက စစ်ကောင်စီရဲ့ စခန်းတစ်ခုမှမကျန် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ AA ပြော

ရက္ခိုင်ဒေသနဲ့ ပလက်ဝဒေသအတွင်းက စစ်ကောင်စီရဲ့ စခန်းတစ်ခုမှမကျန် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ AA ပြော

ရက္ခိုင်ဒေသနဲ့ ပလက်ဝဒေသအတွင်းက စစ်ကောင်စီရဲ့ စခန်းတစ်ခုမှမကျန် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ရက္ခို့င်တပ်တော်(AA) က သတိပေး ပြောဆိုလိုက်ပါတယ်။

ပလက်ဝဒေသအတွင်းက ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့  ဗျူဟာကုန်းတွေကို တိုက်ခိုက်နေပြီး ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီးတော့ ပလက်ဝ (၂၈၉) ဗျူဟာကုန်းနဲ့  မီးဝဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ခလရ- ၂၃၃၊ ခမရ- ၃၇၄၊ ခမရ- ၃၇၆ ၊ခမရ- ၃၀၈ ၊ခမရ-၂၁၁၊ ခမရ- ၂၁၇ ၊ခလရ- ၂၈၉နဲ့  ခမရ- ၂၂၀ တို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင်သုံးဖွဲ့က မနေ့ညက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင်  ပလက်ဝဒေသက ချင်းလက်ဝစခန်းကုန်းကို ဇန်နဝါရီလ ၃ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) ကနေ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ရန်သူ့အလောင်း၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံအဆောင်ပစ္စည်းတွေ အများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးမှာ စစ်ကောင်စီဘက်က နှစ်ရှည်လများ အခိုင်အမာစခန်းချတပ်စွဲထားပြီး လက်နက်အားကိုးနဲ့ ပြည်သူထုကို ကာလရှည်ကြာ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ တောင်ရှည်တောင် ဗျူဟာကုန်းကိုလည်း  အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ပလက်ဝဒေသအတွင်းက ခမောင်းဝစခန်းကို  အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ချအညံ့မခံသေးတဲ့ စခန်းကြီး/ငယ်တွေနဲ့  တစ်ဝက်တစ်ပျက် ကျန်ရှိနေတဲ့ စခန်းတွေကို ယခုရက်သတ္တတစ်ပတ်အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးစတင်တဲ့နေ့ကစပြီး ရက္ခိုင်နဲ့ ပလက်ဝဒေသမှာ ဒီကနေ့အထိ စစ်ကောင်စီရဲ့ စခန်းပေါင်း ၁၅၀ လောက်ကို ရက္ခိုင့်တပ်တော်(AA) က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...