အာဏာသိမ်းပြီးနောက် ကလေးနဲ့အတူ အကျဉ်းကျနေတဲ့ နိုင်ကျဉ်းမိခင် ၁၅ ယောက်ရှိ

အာဏာသိမ်းပြီးနောက် ကလေးနဲ့အတူ အကျဉ်းကျနေတဲ့ နိုင်ကျဉ်းမိခင် ၁၅ ယောက်ရှိ

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထောင်ချခံရပြီး ကလေးနဲ့အတူ အကျဉ်းကျနေတဲ့  နိုင်ကျဉ်းမိခင် ၁၅ ယောက်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်ကနေ သိရပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံအနှံ့က အကျဉ်းထောင်တွေမှာ ကလေးနဲ့အတူအကျဉ်းကျနေတဲ့  နိုင်ကျဉ်းမိခင် ၁၅ ယောက်ကို  စာရင်းကောက်ယူထားနိုင်ပြီး‌တော့ လသားအရွယ်ကလေးငယ်ကနေ ၃ နှစ် အရွယ်လောက်ထိရှိတယ်လို့ သိရပါတယ်။

အရာရာသင်ယူနေရမယ့်အချိန် ကလေးသူငယ်အရွယ်မှာ အကျဉ်းထောင်ထဲမှာ နေနေရသလို အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ဖိနှိပ်မှုကိုလည်း ခံစားနေရပြီးတော့ နိုင်ငံရေးအကျဉ်းသူမိခင်တွေကို ပြန်လည်လွတ်ပေးဖို့တောင်းဆိုတယ် လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဆိုပါတယ်။

" ကလေးငယ်နဲ့ အကျဉ်းထောင်ထဲ တူတူနေရတာအဆင်မပြေကြဘူး။ ပုံမုန် အကျဉ်းသားအကျဉ်းသူတွေတောင်မှ ဖိနှိပ်မှုမျိုးစုံ ခံနေရတဲ့အထဲမှာ ဘာမှအပြစ်ကျုးလွန်ထားခြင်းမရှိတဲ့ ကလေးငယ်တွေက မိခင်နဲ့အတူတူ ခံနေရတယ်။ တချို့ကလေးငယ်တွဆို ယူနီဖောင်းမြင်ရင် ကြောက်တတ်တဲ့  စိတ်ဒဏ်ရာတွေရှိတယ်။  တစ်ခါတစ်ခါ ဝန်ထမ်းတွေက သူတို့စိတ်မကြည်ရင် မကြည်သလို ကလေးတွေကိုဆူတာငေါက်တာ၊ ခေါင်း‌ခေါက်တာမျိုးတွေ လုပ်တယ် "လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ကျဉ်းမိခင် ၁၅ ယောက်ဟာ မုံရွာထောင်၊သရက်ထောင်၊မကွေးထောင်၊အင်းစိန်ထောင် ၊အိုးဘိုထောင်၊ဒိုက်ဦးထောင်နဲ့ ကျိုက်မရောထောင်တွေမှာ ရှိနေပြီးတော့ ‌ကောက်ခံရရှိနိုင်တဲ့ စာရင်းဖြစ်သလို မြေပြင်မှာ အခုအရေအတွက်ထက် ပိုနိုင်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဆိုပါတယ်။

နိုင်ကျဉ်းမိခင် ၁၅ ယောက်ဟာ ပုဒ်မ ၅၀၅ ပါဝင်သလို နှစ်ရှည်ထောင်ဒဏ်၊ တစ်သက်တစ်ကျွန်း ချမှတ်ခံရသူတွေလည်း ပါဝင်တယ် လို့ သိရပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...