စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင် မီဇိုရမ်ပြည်နယ်ဘက် ထပ်မံထွက်ပြေး

စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင် မီဇိုရမ်ပြည်နယ်ဘက် ထပ်မံထွက်ပြေး

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA ၏ စခန်းသိမ်းတိုက်ခိုက်မှုများကြောင့် တပ်စခန်းကို စွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင်ခန့်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိလာသည်ဟု ဒေသတွင်း Vanglaini သတင်းစာက ဖော်ပြသည်။

စစ်ကောင်စီတပ်သား ၁၅၀ ၀◌န်းကျင်ခန့်သည် ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Tuisentlang မှာအခြေစိုက်သည့် အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ ထွက်ပြေးခိုလှုံခဲ့ကြပြီး ယင်းတို့အနက် ဒဏ်ရာရရှိသူ အများအပြားလည်းရှိသည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက် နှင့် ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝ ဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်ဟု ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအမြောက်အများသေဆုံးမှုရှိကြောင်း တချို့မှာလည်း စခန်းကိုစွန့်ခွါ၍ ထွက်ပြေးသွားကြသည်ဟု AA ကဆိုသည်။

ယခု မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင်ခန့်မှာ အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းက ဖြစ်နိုင်သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ချင်းပြည်နယ်က စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား ၁၀၀ ခန့်မှာ စခန်းကိုစွန့်ခွာပြီး မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ထွက်ပြေးလာသူအားလုံးကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်ကာ စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့သည်။

May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...
May 14, 2026
ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို...
May 13, 2026
ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးစိုးရိမ်မှုကြောင့်...