စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု တစ်ပတ်အတွင်း ရခိုင်တွင် အများဆုံးဖြစ်ပွား

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု တစ်ပတ်အတွင်း ရခိုင်တွင် အများဆုံးဖြစ်ပွား
မင်းပြားမြို့ပေါ်တွင် ဒီဇင်ဘာ ၁၀ ရက်က လက်နက်ကြီးကျရောက်မှုကြောင့် မိန်းကလေးငယ် ၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။  (ဓာတ်ပုံ - မာရယု)
မင်းပြားမြို့ပေါ်တွင် ဒီဇင်ဘာ ၁၀ ရက်က လက်နက်ကြီးကျရောက်မှုကြောင့် မိန်းကလေးငယ် ၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ (ဓာတ်ပုံ - မာရယု)

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကို ကြုံတွေ့ခဲ့ရသည့် တိုင်းနှင့်ပြည်နယ် ၁၁ ခုအနက် ရခိုင်တွင် ၁၇ ကြိမ်ဖြင့် အများဆုံးရှိခဲ့ကြောင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာ)က ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်ထိ တစ်ပတ်အတွင်း   ရခိုင် ၁၇ ကြိမ်၊ ရှမ်း ၁၁ ကြိမ်၊ စစ်ကိုင်း ၉ ကြိမ်၊ တနင်္သာရီ ၅ ကြိမ်၊ မန္တလေးနှင့် ဧရာဝတီ ၂ ကြိမ်အပြင် ပဲခူး၊ မကွေး၊ ကယားနှင့် ကရင် တို့တွင် ၁ ကြိမ်စီ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရကြောင်း ဖော်ပြသည်။

စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများ မြင့်တက်လာသည်နှင့်အမျှ ဆန့်ကျင်တော်လှန်သူများလည်း ပို၍ များပြားလာနိုင်ကြောင်း နိုင်ငံရေးသမား ဦးအောင်သောင်းရွှေက ပြောသည်။

“စစ်ကောင်စီက လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံအချက်တွေကို ချိုးဖောက်နေတာက နှစ်ပေါင်းများစွာ ကြာလာပြီ။ လူ့အခွင့်အရေးတွေကို ဘယ်တုန်းကမှ စောင့်ထိန်းခဲ့တဲ့အုပ်စုမဟုတ်ဘူး။ အခုလည်း သူတို့များများကျူးလွန်လေလေ တစ်နိုင်ငံလုံးက ဝိုင်းပြီးတော်လှန်လေပဲ” ဟု သူကပြောသည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အရပ်သားများနှင့် လူနေအိမ်များကို လက်နက်ကြီး/ငယ်၊ လေကြောင်းတို့ဖြင့် ပစ်ခတ်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်း၊ အသက်မပြည့်သေးသည့် ကလေးများကို ဖမ်းဆီးခြင်း၊ ပြည်သူပိုင်အဆောက်အအုံ/ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းတို့က အများဆုံးဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၁၆ ဦး သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ ယင်းအထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်များလည်း ပါဝင်ကြောင်း ဆိုသည်။

ယင်းအပြင် လူမှုကွန်ရက်တွင် စစ်အာဏာရှင်တော်လှန်ရေးနှင့်သက်ဆိုင်သည့် သတင်းများကို မျှဝေ၊ ဖြန့်ချိခြင်း ပြုလုပ်မိသည့် ရခိုင်နှင့် တနင်္သာရီမှ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်တိုက်ပွဲစတင်သည့်နေ့မှစ၍ စစ်ကောင်စီက ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး DMG စာရင်းအရ နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၈ ရက်ထိ ရခိုင်နှင့်ပလက်ဝတွင် သေဆုံးသူ ၂၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၃ ဦးအထိ ရှိလာသည်။

ယင်းအပြင် စစ်ကောင်စီသည် ဒေသခံများအား ဆက်တိုက်ဖမ်းဆီးနေပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲမြို့နယ်တို့မှ ဒေသခံ ၁၀၀ ဦးထက်မနည်းကို ဖမ်းဆီးထားသည်။

စစ်ရေးအရအရေးပါသည့် တပ်စခန်းကြီးများနှင့် စီးပွားရေးအချက်အချာကျသော နေရာများကို ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

“အခုစစ်ရေးပဋိပက္ခမှာ စစ်ကောင်စီက AA ကို ဘာမှပြန်မလုပ်နိုင်တဲ့အတွက် ပြည်သူတွေကိုပဲ လုပ်ချင်သလို လုပ်နေတာ” ဟု ရခိုင်က လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။

ရခိုင်တွင် ကုန်းလမ်း၊ရေလမ်းခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ဆို့ထားသည်မှာ တစ်လကျော်ကြာမြင့်လာပြီး တိုက်ပွဲရှောင်များနှင့် ပြည်သူများမှာ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို ကြုံတွေ့နေကြရသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...