ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ မွတ်ဆလင် ၂၀ ကျော်ရှိလာ

ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ မွတ်ဆလင် ၂၀ ကျော်ရှိလာ

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တတိယအကြိမ် တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၃၀ ရက်ထိ (၁၈ ရက်တာအတွင်း) စစ်ကောင်စီ၏ လက်ကြီးပစ်ခတ်မှု၊ သေနတ်ပစ်ခတ်ခံရမှုတို့ကြောင့် သေဆုံးဒဏ်ရာရသူ မွတ်ဆလင် ၂၄ ဦး အထိ ရှိလာသည်။

သေဆုံးသူများမှာ မင်းပြားမြို့နယ်မှ ၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ  ၃ ဦးဖြစ်ပြီး၊ ဒဏ်ရာရသူများမှာ မင်းပြားမြို့နယ်မှ ၁၀ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ ၇ ဦးဖြစ်သည်။

“ကျနော်တို့နေတဲ့နေရာမှာ ဘာတိုက်ပွဲမှလည်း ဖြစ်ပွားတာမရှိတော့  အေးအေးဆေးဆေးနေကြတာပေါ့။ အခုက ရည်ရွယ်ချက်နဲ့ပစ်တာလား၊ ရမ်းသမ်းလို့ပစ်တာလား ကျနော်တို့လည်း မပြောတတ်တော့ဘူး” ဟု မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်(မွတ်ဆလင်) ကျေးရွာသားတစ်ဦးက ပြောသည်။

မင်းပြားမြို့၊ ကျိန်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၄ ရက်တွင် ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ဆင်ကြီးပြင်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲကာ ရွာသား ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားအုပ်စု၊ ရက်ချောင်းကျေးရွာမှ မွတ်ဆလင် အမျိုးသမီးတစ်ဦးမှာ လယ်ကွင်းသို့သွားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် နိုဝင်ဘာ၂၇ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၅) တပ်ရင်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ငရုတ်ခင်းတွင် အလုပ်လုပ်နေသည့် ဝါချီးလာကျေးရွာက မွတ်ဆလင်လူမျိုး ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

“အခုက ဘယ်မှာပဲနေနေ အသက်အန္တရာယ်လုံခြုံဖို့ဆိုတာက သူတို့(စစ်ကောင်စီတပ်)လက်ထဲမှာပဲ ရှိတယ်လို့ ပြောလို့ရတယ်။ ဘယ်နေ့မှာ ကိုယ့်အလှည့်ရောက်လာမလဲ ဆိုပြီး စောင့်နေရတဲ့ အခြေအနေမျိုးဖြစ်နေပြီ” ဟု ဝါချီးလာကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ပစ်ခတ်မှုများကြောင့် မွတ်ဆလင်များ သေဆုံးဒဏ်ရရရှိမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းဖြေဆိုခြင်းမရှိခဲ့ပေ။

စစ်ကောင်စီသည် ယခင်တိုက်ပွဲကာလက အရပ်သားများအား ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ ပြလုပ်ခဲ့သည်။ ထို့ကြောင့် ယခုတိုက်ပွဲတွင်လည်း အဘက်ဘက်က အထိနာနေသော စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။

DMG သတင်းဌာနက ကောက်ယူထားသည့်စာရင်းအရ တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာ ၁၃ ရက်မှ ၃၀ ရက်နေ့အထိ ၁၈ ရက်တာအတွင်း ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် အရပ်သားသေဆုံးသူ ၂၃ ဦးနှင့် ဒဏ်ရာရသူ ၈၄ ဦးအထိ ရှိလာနေသည်။ (အယ်ဒီတာမှတ်ချက် - သေဆုံးဒဏ်ရာစာရင်းထဲတွင် တိုက်ပွဲပြင်းထန်နေသော ပေါက်တောမြို့မှ ဒေသခံများ မပါဝင်ပေ။)

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...