ရခိုင်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် လူမှုကူညီရေးအသင်းများ ရပ်နားရမည့်အရေးနှင့် ကြုံနေ

ရခိုင်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် လူမှုကူညီရေးအသင်းများ ရပ်နားရမည့်အရေးနှင့် ကြုံနေ

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ရခိုင်ပြည်တွင် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး လူမှုကူညီရေး အသင်းများမှာ လုပ်ငန်းရပ်နားရမည့်အရေးနှင့် ကြုံတွေ့နေရကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

စက်သုံးဆီပြတ်လပ်မှုကြောင့် သာရေး/နာရေးကိစ္စရပ်များတွင် ကားဖြင့် ကူညီပို့ဆောင်ပေးရန် အခက်အခဲရှိနေပြီး လူမှုကူညီရေးလုပ်ငန်းများ ယာယီရပ်တန့်ထားရမည့် အခြေအနေဖြစ်လာသည်။

“စစ်တွေမှာ စက်သုံးဆီက တော်တော်လေးကို ရှာဖွယ်ရခက်ခဲသွားပြီ။ စက်သုံးဆီသာ ဝယ်လို့မရတော့ဘူးဆိုရင် ကျနော်တို့လည်း လူမှုကူညီရေးလုပ်ငန်းတွေကို ယာယီရပ်နားထားရမယ့် အခြေအနေမှာရှိတယ်” ဟု စစ်တွေမြို့အခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌ ဦးမင်းထည်ဝါက ပြောသည်။

စစ်တွေမြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် ဆီလုံးဝပြတ်တောက်သွားပြီဖြစ်၍ လက်ရှိမှာ လမ်းဘေးဆီဆိုင်များမှ ဆီဖြည့်ကာ လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေရကြောင်း သူက ပြောသည်။

မြောက်ဦးမြို့၊ ဂရုဏာလှိုင်းသွေးလှူရှင်အသင်းမှာလည်း လက်ဝယ်စက်သုံးဆီ တစ်ပေပါခန့်သာ ကျန်ရှိတော့၍ ပြည်သူများအတွက် အခက်အခဲများဖြစ်လာနိုင်ကြောင်း အသင်းဥက္ကဌ ဦးအောင်သန်းထွန်းက ပြောသည်။

“လမ်းတွေပိတ်ထားတော့ စက်သုံးဆီက ဝယ်မရတဲ့ အခြေအနေဖြစ်နေတယ်။ အခုလက်ထဲမှာရှိတဲ့ ဆီတွေသာ ကုန်သွားရင် လုပ်ငန်းတွေ ရပ်နားထားရတော့မယ်။ ပြည်သူတွေအတွက် အခက်ခဲတွေက အများကြီး ဖြစ်လာနိုင်တယ်” ဟု သူကပြောသည်။

သာရေး/နာရေးအပါအဝင် နေ့စဉ်လူမှုဘဝ ကိစ္စရပ်များတွင် ကူညီပေးနေကြသော လူမှုကူညီရေးအသင်းများ ရပ်တန့်သွားပါက ပြည်သူများ၊ အထူးသဖြင့် တိုက်ပွဲကာလအတွင်း အရေးပေါ်လူနာများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများစွာ ရှိလာမည်ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက ရခိုင်ပြည်အတွင်း လမ်းခရီးများပိတ်ဆို့ထားသော်လည်း အရေးပေါ်လူနာတင် ယာဥ်များကို စိစစ်ပြီး သွားလာခွင့်ပြုထားကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

သို့သော်လည်း စက်သုံးဆီပြတ်လပ်နေမှုကြောင့် လူမှုကူညီရေးလုပ်ငန်းများကို ထိရောက်စွာ မလုပ်ကိုင်နိုင်တော့ဘဲ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဂွမြို့နယ်မှ လူမှုကူညီရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ကျနော်တို့ မြို့မှာလည်း စက်သုံးဆီက ခွဲတန်းနဲ့ပဲ တန်းစီပြီး ဝယ်ယူကြရတယ်။ အရေးပေါ် လူမှုကူညီရေးတွေကို အရင်လို မလုပ်နိုင်တော့ဘူး။ ကိုယ်တတ်နိုင်တဲ့ ကိစ္စတွေလောက်ပဲ လုပ်နိုင်တော့တယ်” ဟု သူကပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တကျော့ပြန်တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစကာ စစ်ကောင်စီက ရခိုင်ဒေသအတွင်း ကုန်းလမ်း/ရေလမ်းများကို ပိတ်ဆို့ထားခြင်းဖြစ်သည်။ ယင်းကြောင့် မြို့နယ်အများအပြားတွင် စားသောက်ကုန်၊ ဆေးဝါးနှင့် စက်သုံးဆီ ပြတ်တောက်မှုများ ဖြစ်ပေါ်နေပြီး ဒေသခံများမှာ အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်။

ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...