ကော့ကရိတ်မြို့နယ်ရှိ မွန်ကျေးရွာများ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့ရန် တစ်ရွာ သေနတ် ၅ လက်ဝယ်ခိုင်းနေ

ကော့ကရိတ်မြို့နယ်ရှိ မွန်ကျေးရွာများ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့ရန် တစ်ရွာ သေနတ် ၅ လက်ဝယ်ခိုင်းနေ

ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများတွင် စစ်တပ်နှင့် အပစ်ရပ်ထားသည့် မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကျေးရွာ များတွင် ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပြီး တစ်ရွာလျှင် သေနတ် ၅ လက်ဝယ်ယူ ကိုင် ဆောင်ကြရန် ဖိအားပေးပြောဆိုကြောင်း မွန်ကျေးရွာ ဒေသခံများက ပြောသည်။

ကမ်းနီကျေးရွာသားတစ်ဦးက “မွန်လက်နက်ကိုင်အဖွဲ့တွေ ရွာကိုလာတယ်။ သရက်တော၊ ကမ်းနီ၊ ငှက်ပျောတော အပါအဝင် ကျုံဒိုးတစ်ဘက်ကမ်းက မွန်ရွာတွေ အကုန်ပေါ့ ခေါ်စုတယ်။ ပြီးတော့ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့ရမယ်။ တစ်ရွာသေနတ် ၅ လက်ဝယ်ရမယ်။ ရွာက အိမ်တိုင်းပိုက်ဆံထည့်ရမယ်ပြောတယ်။ သေနတ်ဝယ်ဖို့ ငွေကြေးအဆင်ပြေတဲ့သူ၊ လုပ်ငန်းရှိတဲ့ သူပိုထည့် ရမယ်ဆိုပြီး လာပြောတယ်။ ရွာတွေက တော့စိတ်မဝင် စားကြတာများတယ်။”ဟု  ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုး၊ ကမ်းနီ၊ ကမ်းမရိုက်၊ ကော့လှိုက်၊ မင်းရွာ၊ ကော့ဘိမ်း၊ ကော့ပေါက်၊ ဘုရားကုန်း၊ ငှက်ပျောတော၊ သရက်တော ကျေးရွာများတွင် ကျေးရွာ ကာကွယ်ရေးအဖွဲ့အတွက် သေနတ်တစ်လက်လျှင် ကျပ်သိန်း ၁၄၀ ခန့်မှန်း တန်ဘိုးရှိ သေနတ် ၅ လက်နှင့် ကျည်ဆံများ ဝယ်ယူရန် မွန်လက်နက် ကိုင် အဖွဲ့ များက ကျေးရွာအုပ်စုအလိုက်ပြောဆိုထားကြောင်း သိရှိရသည်။

သရက်တော ရွာသားတစ်ဦးကလည်း “သရက်တော ကျေးရွာဒေသခံက အများ စုကတော့ မဝယ်ချင်ကြဘူး။ အချို့ရွာ တွေက ဝယ်ပြီး ကိုင်ကြမယ်။ ရွာက အိမ်တွေ အလှည့်ကျကင်းစောင့်ရမယ်။ အချို့ က အလှူငွေ မထည့်နိုင်ကြဘူး။ ပုံစံမျိုးစုံပေါ့၊ ပြောကြဆိုကြတိုင်ပင်နေကြတာတော့ ရှိတယ်။ သူတို့လက်နက်ကိုင်တွေ လာပြောထားတာတော့ တစ်လကျော်ကြာပြီ။ အခုထိတော့ ဘာမှ ထပ်မကြား သေးဘူး ”ဟု ပြောသည်။

အဆိုပါ ကျေးရွာကာကွယ်ရေးလုပ်ဆောင်ရန်ပြောဆိုသည့် အခြေအနေနှင့် ပတ် သက်၍ အခြေအနေအသေးစိတ်ကို သိရှိရန် မွန်ဒေသတွင်း အပစ်ရပ် လက်နက်  ကိုင်အဖွဲ့များထံ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်း၍ မရသေးပါ။

အလားတူ ကျုံဒိုး၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ဖားအံဒေသအတွင်းက ကရင်ကျေးရွာ များဘက်တွင် ဒေသခံလူငယ်များအား စုစည်းပြီး စစ်သင်တန်းပေးကာ ကျေးရွာ ပြည်သူ့စစ်၊ ကျေးရွာကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ဒေသအခြေစိုက် ကရင် နယ်ခြားစောင့်တပ်မှ စစ်လက်နက်ပစ္စည်းများ တပ်ဆင်ပေးထားကာ ရွာဝင် ရွာထွက် လမ်းလုံခြုံရေး အလှည့်ကျကင်းစောင့်ရ‌ကြောင်း မြိင်ကြီးငူ ဒေသခံများ ပြာစကားအရ သိရသည်။

September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...