ဗဟိုပါတီ ထိန်းချုပ်မှုများသောကြောင့် ဝန်ကြီးချုပ် နုတ်ထွက်

ဗဟိုပါတီ ထိန်းချုပ်မှုများသောကြောင့် ဝန်ကြီးချုပ် နုတ်ထွက်
by -
ကန္တာရဝတီတိုင်း(မ်)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုထိန်းချုပ်မှုများသည့်အတွက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး (ခ) ဦးဘူးရယ်သည် ပါတီမှ နုတ်ထွက်လိုက်သည်ဟု ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

“၀န်ကြီးချုပ်ဆိုရင် ဘယ်နေရာမှာ ဘယ်သူသင့်တော်လဲ။ သင့်တော်တဲ့သူကို သူက ၀င်ပြိုင်ခိုင်းမှာပေ့ါ။ ဒါ သူအသိဆုံးလေ။ ဒါပေမယ့် ခက်နေတာက ကျနော်တို့ ဥက္ကဌ ဆန္ဒနဲ့ တကယ့်တကယ် ဖြစ်ပျက်နေတာ ပြောင်းပြန်ဖြစ်နေတယ်”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ကယားပြည်နယ်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းများသည် ဗဟိုမှ သတ်မှတ်ထားသည့် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဟု စည်းကမ်းချက်ထုတ်ထား သည်ဟု သိရသည်။

ဒေသခံကိုယ်စားလှယ်လောင်းများ ဝင်ပြိုင်နိုင်မည့်နေရာကို အကောင်းဆုံး သိရှိထားသူသည် ကယားပြည်နယ် ကြံ့ခိုင်ရေး ဥက္ကဌလည်းဖြစ် ဝန်ကြီးချုပ်လည်ဖြစ်သူသာ အသိဆုံးဖြစ်သည့်အတွက် ဗဟိုမှ ဆောင်ရွက်မည့်ကိစ္စသည့် ဝန်ကြီးချုပ်၏ ဆန္ဒနှင့်ဆန့်ကျင်ဘက် ဖြစ်နေခြင်းဖြစ်သည်ဟု ဝန်ကြီးဦးအောင်နိုင်ဦးက ဆက်ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောဟူးဟူး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦးနှင့် ပြည်နယ်စည်ပင်သာရေးဝန်ကြီး ဦးအောင်နိုင်ဦးတို့က အသီးသီးနုတ်ထွက်လိုက်ကြပြီးဖြစ် သည်ဟု သိရသည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက “ကျနော်အနေနဲ့ အခု ၀န်ကြီးချုပ်လည်း မရှိတော့ဘူးဆိုတော့၊ ၀န်ကြီးချုပ်လည်း ထွက်တယ်ဆိုတော့ တို့ကျတော့ ဘာဖြစ်လို့လည်းဆိုတော့ အင် …ခင်ဗျားတို့ တာဝန်က ၂၀၁၅ အောင်နိုင်ရေး ခင်ဗျားတို့ တာဝန်ကျပြီ ဖြစ်တဲ့အခါကျတော့ တို့အနေနဲ့ ပါတီပိုင်းဆိုင်ရာ ကြီးလေးတဲ့ တာဝန်တွေ မထမ်းဆောင်နိုင်မှာစိုးလို့”ဟု ပြောသည်။

ယင်းကဲ့သို့ ဗဟို ပါတီဦးစီးမှုစနစ်မှ သတ်မှတ်သည့် မဲဆန္ဒနယ်တွေသာ သွားရမည်ဖြစ်သည့် အတွက်ကြောင့် အဆင်မပြေမှု များစွာရှိနေကြံုတွေ့လာနိုင်သည်ဟု ဝန်ကြီးဦးချစ်လှက ပြောသည်။

ပြီးခဲ့သည့်တစ်လအတွင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကိုယ်စာလှယ်လောင်းများ ကို ရွေးခြယ်ရန် မြို့နယ်အလိုက် လိုအပ်သည့် နယ်များတွင် ပါတီရွေးကောက်ပွဲ လိုက်လံပြုလုပ်သွားခဲ့သေးသည်။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...