ကဇူးကျေးရွာမှာ ထွက်ပြေးနေတဲ့ စစ်ရှောင်တွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

ကဇူးကျေးရွာမှာ ထွက်ပြေးနေတဲ့ စစ်ရှောင်တွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ် ၊ ကဇူးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းမှာ ခိုလှုံနေတဲ့ နမ်ဆန်ယန် စစ်ရှောင်ပြည်သူ ၈ ဦးကို စစ်တပ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဘုရားကျောင်းဝင်းထဲကို ပြည်သူ့စစ်အဖွဲ့က ကား ၁ စီးနဲ့ ဝင်လာပြီး စစ်ရှောင် ၈ ဦးကို လာရောက်ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“၁ နာရီမှာ လာဖမ်းခေါ်သွားတယ်။ ပြည်သူ့စစ်တွေ ကား ၁ စီးနဲ့ ဝင်လာပြီး လာဖမ်းခေါ်သွားတာ။ အမျိုးသား သီး သန့် ဟုတ်တယ်။ အင်အားဘယ်လောက်နဲ့ ဝင်လာပြီး ဖမ်းသွားတာတော့ မမှတ်မိတော့ဘူး။ ဖမ်းခေါ် ပြီး ဟိုး ဘက် တိုက်ပွဲဖြစ်နေတဲ့ နမ်ဆန်ယန်ဘက်ကို ခေါ်သွားတယ်။ အခုရွာက လူကြီးတွေ လိုက်တော့လိုက်နေတယ်” လို့ ပြောပါတယ်။

ကချင်လွတ်လပ်ရေး တပ်မတော် KIO ဌာနချုပ် လိုင်ဇာအနီးက နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကောင်စီက ထိုး စစ်ဆင်တိုက်ခိုက်နေချိန်မှာပဲ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဘက်က စစ်ရှောင်ရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ် လာတာမျိုး ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ အသင်းတော်တာဝန်ရှိသူတွေက ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ဖို့ ကြိုးစားနေပြီး ပြည်သူ့စစ်ဘက်ကလည်း ပြန်လွတ်ပေးမယ်လို့ ပြောဆိုထားတဲ့ကြောင်း သူက ဆက်ပြောပါတယ်။

“ခဏက ပြန်လွတ်မယ်လို့တော့ ဖုန်းဆက်လာတယ်။ ဘာကြောင့် ခေါ်သွားတာလဲ အကြောင်းအရင်း ကောင်း ကောင်းလည်း မသိရဘူး။ ချက်ချင်း ဝင်ခေါ်တာဆိုတော့ သူတို့က ကြောက်လို့လည်း ဖြစ်နိုင်တာပေါ့။ ပြည်သူ့ စစ်တွေက စစ်တပ်နဲ့အတူ ဟိုဘက်မှာ အင်အားဖြည့်ကူနေတယ်လေ။ လမ်းမှာ ပစ္စည်းမပေးသင့်ရင် မပေးဖို့၊ ပေါ်တာဆွဲတာပေါ့။ ကျနော်တို့ကတော့  ရွာသားပြည်သူတွေပါတော့ သူတို့အတွက်လည်း လုံခြုံလို့ လူသားဒိုင်း အဖြစ် ဖမ်းခေါ်သွားတာလို့ မြင်တယ်။”

စစ်ကောင်စီက တစ်ပတ်မှာ နှစ်ကြိမ်ခန့် နမ့်ဆန်ယန်ဘက်ကို စစ်အင်အား ၅၀ နဲ့ ၈၀ ကြား ပုံမှန် သွားလာလှုပ် ရှားနေတဲ့ အတွက် သူတို့ကို ဒဘတ်ယန်၊ မလိယန် ၊ ဂျာပူ စတဲ့ကျေးရွာ နေရာတစ်လျှောက်မှာ KIA နဲ့ တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်း ကတည်းက KIO ဌာနချူပ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ တာဖြစ်ပြီး KIA နဲ့ တိုက်ပွဲ ပြင်းထန်လာတာကြောင့် နမ်ဆန်ယန်ကျေးရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ် ရာကို ထွက်ပြေး ခိုလှုံနေကြ ဖြစ်ပါတယ်။

နမ်ဆန်ယန် စစ်ရှောင်တွေထဲက အများစုကတော့ ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့က စစ်ရှောင်စခန်းတွေမှာ ပြန်လည် ရောက်ရှိနေပြီး တချို့ကတော့ ကဇူးနေရပ်ပြန်ကျေးရွာက KBC အသင်းတော်ဝင်းမှာ ခိုလှုံနေကြရတာ ဖြစ်ပါ တယ်။

နေရပ်ပြန် စစ်ရှောင်တွေနဲ့ ကဇူးကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကို စစ်ကောင်စီတပ်က အခုလို ဖမ်းဆီးခေါ် ဆောင်မှုတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...