စစ်ကောင်စီ၏ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် ကျောက်ကြီးဒေသခံ ၄ ဦးထိခိုက်

စစ်ကောင်စီ၏ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် ကျောက်ကြီးဒေသခံ ၄ ဦးထိခိုက်

ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၉ ရက်မှ ၂၃ရက်နေ့အတွင်း လက်နက် ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးထိခိုက်ပြီး နေအိမ် ၉ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ (ဗဟို)က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ−၂၆၄)၊ ခြေမြန်တပ်ရင်း(ခမရ−၅၉၉) နှင့် (ခမရ−၅၉၀) တပ်စခန်းမှ ထီးပူလူ၊ တောင်ခင်၊ လိန်ပင်ဝဲ၊ တခေါ်ပွာ၊ ထီးလိုတိုစသည့်ကျေးရွာများအတွင်းသို့  (၁၂၀မမ) နှင့် (၈၀မမ) လက်နက်ကြီးများဖြင့် ၅ ရက်ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခဲ့သောကြောင့် အသက် ၉ နှစ်အရွယ် မောင်ဟန် ထက်အောင်သည် ခြေထောက်၊ အသက် ၂၆ နှစ် အရွယ် တင်ကိုလတ်သည် လက်မောင်း၊ အသက် ၃၆ နှစ်အရွယ် စောမူတူး နှင့် အသက် ၅၂ အရွယ် ဒေါ်စန်းတို့ နှစ်ဦးမှာလည်း ကျည်စထိမှန်ခဲ့ကာ နေအိမ် ၉ လုံးပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွားများလည်း လက်နက် ကြီး ကျည်စထိမှန်ခဲ့ကြောင်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များသည် ကျောက်ကြီးမြို့နယ်ရှိ နီးစပ်သည့်ကျေးရွာများအတွင်းသို့ ညစဉ် လက် နက်ကြီး ဆက်တိုက်ပစ်ခတ်မှုများ လုပ်ဆောင်နေသလို တံတားတစ်စင်းလည်း ဖောက်ခွဲခြင်းခံရ၍ ကျိုးကျသွား ကြောင်းလည်း အမည်မဖော်လိုသူ ကျောက်ကြီးဒေသခံတစ်ဦးက ယခုကဲ့သို့ပြောသည်။

“ညကတော့ ကျောက်ကြီး နတ်သံကွင်းတံတားတစ်ချောင်းထပ်ချိုးခံထိတယ်။ အသံတော့အကျယ်ကြီး ကြားရ တယ်။ အရင်ရက်တွေကတော့ စကစတွေစစ်ကြောင်းထိုးလာလို့ ရွာသားတွေထွက်ပြေးနေရတယ်။ နတ်သံကွင်း ဘက်မှာလည်း စကစတွေရှိနေသေးတယ်။ လက်နက်ကြီးကတော့ ညတိုင်းပစ်နေတာပဲ။ တစ်ညကို ၈ ခါလောက် အမြဲ ပစ်နေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း လွန်ခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီ၏ ၂ ရက်ဆက်တိုင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အပြင် လက်နက်ကြီးပစ်ခတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ဆက်တိုက် ပြုလုပ်လာနေကြောင်း ဒေသတွင်းလှုပ်ရှားနေသည့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက သတင်း ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။

ဆက်လက်၍ ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေ၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ် ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စစ်ဘေးရှောင်နေရသလို  မိုးကြီးရေလျှံမှုများကြောင့်လည်း ဒေသခံ ပြည်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ်နေရေးများအတွက် အကူအညီများ ဆက်လက် လိုအပ် နေကြောင်း ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ကျောက်ခက်ကျေးရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များသည်...
ဓါတ်ပုံ - KNU (ပုံဟောင်း)
July 27, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများမှာ ယခုမိုးရာသီကာလ၌ ငှက်ဖျားရောဂါ...
July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...