KNU ကရင်အမျိုးသားအစည်းအရုံးဟာ ဘယ်အရွေ့ဆီကိုမှ ရွေ့မသွားသေးပါကြောင်း

KNU ကရင်အမျိုးသားအစည်းအရုံးဟာ ဘယ်အရွေ့ဆီကိုမှ ရွေ့မသွားသေးပါကြောင်း

မောင်ကျော်စွာ — (၁၄-၉-၂၀၂၃)ရက်စွဲနဲ့ KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)၊ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင် မော်ဧ လက်မှတ်ရေးထိုးထားတဲ့ “သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး” သို့ လိပ်မူထားတဲ့စာ ဆိုရှယ်မီဒီယာ၌ ထွက် ပေါ်ပြန့်နှံ့လာပါတယ်။

ဒီစာရဲ့ အဓိကအသိပေး ပြောကြားလိုတဲ့အချက်ကို စာရဲ့နောက်ဆုံးအချက် အမှတ်(၅)မှာ တွေ့နိုင်ပါတယ်။

လိုအပ်သလောက်ကို(စာပါအတိုင်း) ကောက်နုတ်ဖော်ပြရသော် “NCA စာချုပ်ကို (KNU)ကရင်အမျိုးသားအ စည်းအရုံးမှ တရားဝင်ပျက်ပျယ်ကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသည့်အပြင် နယ်မြေဒေသတည်ငြိမ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းရေးရရှိရေးအတွက်ကို အခြေခံလျက် ပြည်သူ့အကျိုးကို ရှေ့ရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်ဖြင့် သာ အဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက်သွားမည်” ဆိုတာပါပဲ။

ဒီစာပါသဘောထားက (၁၀-၈-၂၀၂၃)ရက်နေ့မှာ ပြုလုပ်တဲ့(၁၇)ကြိမ်မြောက် အစည်းအရုံးကွန်ဂရက်အပြီး ပထမဦးဆုံး ရက်(၁၀၀)အတွင်း လုပ်ဆောင်ခဲ့မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ KNU-ကရင်အမျိုးသား အစည်းအရုံး၊ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး ပြောဆိုချက်နဲ့ မတူကွဲလွဲနေပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက “NCA နဲ့ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာ အကြောင်း မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း (၁)အခြေခံမူကို နင်းချေဖျက်ဆီး လိုက် တာက စစ်တပ် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCA ရဲ့အခန်း(၁)ဟာ NCA တစ်ခုလုံးရဲ့ နှလုံးသား ဖြစ်ပါ တယ်။ အဲဒါကို ဖျက် ဆီးလိုက်တဲ့အတွက် NCA ဟာ မရှိတော့ပါဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြု ပြီးတော့ ကျနော်တို့ကို နိုင်ငံ တကာလှည့်စားခြင်းသော်လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော် လည်းကောင်း လုပ်တဲ့ကိစ္စက ကျနော်တို့ နဲ့ ဘာမှမဆိုင်ဘူး ဆိုတာလေးကို ပြောကြားချင်ပါတယ်” လို့ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ထိုသို့ အတိအလင်း ပြော ဆိုထားပါတယ်။

“အထွေထွေ အတွင်းရေးမှူးချုပ်” ပြောတာနဲ့ “ဘားအံခရိုင်ဥက္ကဋ္ဌ” ထုတ်ပြန်တဲ့ စာထဲကသဘောထားဟာ မတူကွဲ ပြားနေတာကို ဖတ်ကြည့်ရင် ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။

အခြားနိုင်ငံရေးပါတီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကသာ အခုလို ရှေ့နောက်မညီ ဆန့်ကျင်ကွဲလွဲစွာ ပြော ကြားလိုက်ပြီဆိုရင် မီဒီယာတွေနဲ့၊ နိုင်ငံရေးသမားဆိုသူတွေဟာ လက်သီးလက်မောင်းတန်းပြီး မေးခွန်းတွေ ထုတ်ကြမှာ၊ ဝေဖန်ကြမှာပါ။ သူတို့ ငြိမ်နေကြတယ်။ နားရွက်မခတ်ဝံ့ကြဘူး။ ဘာကြောင့်လဲတော့ မသိဘူး။ ကိုယ့်အထုပ် ကိုယ် ဖြေပြရမှာ စိုးရိမ်သလား သို့တည်းမဟုတ် အခြားဘာအကြောင်းရှိသလဲတော့ မသိနိုင်ပါ။

သို့သော်လည်း ဒီကိစ္စမှာတော့ ဘားအံခရိုင်ဥက္ကဋ္ဌနဲ့ မေးမြန်းထားတာတစ်ခုပဲ ကျနော်တွေ့မိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး “ဘားအံခရိုင်ဥက္ကဋ္ဌ” တစ်ဦးထဲကိုပဲ မေးရမှာ မဟုတ်ပါဘူး။ အဓိကအားဖြင့်တော့ (KNU) ကရင် အမျိုးသား အစည်းအရုံး၊ အထွေထွေ အတွင်းရေးမှူးချုပ်ထံကို မေးမြန်းဖို့ သေချာပေါက် လိုအပ်တာပါ။ မီဒီယာတွေအဖို့ဆိုရင် တော့ မေးရမယ့်တာဝန်ရှိတာပါ။ သူတို့မေးကြသလား။ သူတို့ကတော့ တာဝန်အရ ဆက်သွယ်ပြီး မေးမြန်းကြပါသော် လည်း ဖြေကြားဖို့ တာဝန်ရှိတဲ့ တဖက်ကို ဆက်သွယ်လို့မရတာလား/ မဖြေကြားတာလား ဆိုတာတော့ ကာယကံရှင် တွေပဲ အသိဆုံးဖြစ်မှာပါ။

အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက “NCA နဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာ အကြောင်း မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း (၁)အခြေခံမူကို နင်းချေဖျက်ဆီး လိုက် တာက စစ်တပ် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCA ရဲ့အခန်း(၁)ဟာ NCA တစ်ခုလုံးရဲ့နှလုံးသား ဖြစ်ပါ တယ်။ အဲဒါကို ဖျက်ဆီးလိုက်တဲ့အတွက် NCA ဟာ မရှိတော့ပါဘူး” လို့ ပြောကြစဉ်တုန်းက သူ့ထက်ငါဦး ဖော်ပြခဲ့တဲ့ မီဒီယာတွေဟာ ဒီကိစ္စမှာတော့ တာဝန်ပျက်ကွက်နေပါတယ်။

လက်ခုပ်လက်ဝါးတီးပြီး ကြိုဆိုခဲ့ကြတဲ့ “နိုင်ငံရေးသမားဆိုသူတွေ” လည်း ဒီကိစ္စမှာတော့ နှာစေးသလိုလို ရင်ကြပ်သလိုလို၊ အတိတ်မေ့သလိုလို လုပ်နေကြပါတယ်။ သူတို့စိတ်ဓာတ်နဲ့ သဘောထားကို ဒီဖြစ်ရပ်ကနေ သိလိုက်ရတာပေါ့။

“သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံး” သို့ လိပ်မူထားတဲ့ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧ လက်မှတ် ထိုးထားတဲ့စာထဲမှာ လက်တွေ့ဖြင့် ဘယ်သူမှ ငြင်းပယ်လို့မရတဲ့ အချက်အလက် တစ်ခုပါရှိနေပါတယ်။

အဲဒီအချက်ကတော့ “NCA စာချုပ်ကို KNU-ကရင်အမျိုးသားအစည်းအရုံးမှ တရားဝင် ပျက်ပြယ်ကြောင်း ထုတ်ပြန် ကြေညာခြင်းမရှိ” ဆိုတဲ့ အချက်ပါပဲ။ ပဒိုစောအောင်မော်ဧ စာထဲက ဒီအချက်ကို ဘယ်သူမှ ငြင်း ပယ်လို့ မရနိုင်ပါဘူး။ “NCA စာချုပ် ပျက်ပျယ်သွားပြီ၊ မိမိတို့ဖက်က ဖျက်သိမ်းပစ်လိုက်ပြီ”လို့ NCA စာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးထားကြတဲ့ KNU-ကရင်အမျိုးသားအစည်းအရုံးကလည်း တရားဝင် ကြေညာခဲ့ခြင်း မရှိ သလို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နဲ့ ချင်းအမျိုးသား တပ်ဦး (CNF) တို့ကလည်း တရားဝင်ထုတ် ဖော်ကြေညာခဲ့တာ အခုချိန်အထိ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ရက်နေ့က KIC မှာ ဖော်ပြခဲ့တဲ့ ကျနော့်ဆောင်းပါး (KNU-ကရင်အမျိုးသားအစည်းအရုံး က အရွေ့တစ်ခုကို ရွှေ့လိုက်ပြီ) ဆိုတာထဲမှာ KNU-ကရင်အမျိုးသားအစည်းအရုံး၊ နိုင်ငံခြားရေးဌာနတာဝန်ခံနှင့် ပြော ခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးနဲ့ KNU-ကရင်အမျိုးသားအစည်းအရုံး၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး တို့ရဲ့ ထုတ်ဖော်ပြောဆိုချက်တွေမှာပါရှိတဲ့ အချက်အလက်များကို မူတည်ပြီး “KNU ကရင် အမျိုးသား အစည်းအရုံးက အရွေ့ တစ်ခုကို ရွှေ့လိုက်ပြီ” လို့ သုံးသပ်ဖော်ပြခဲ့ပါတယ်။

ထို့အပြင် ဆောင်းပါးနိဂုံးအပိုဒ်မှာ “တိုင်းပြည်၊ ပြည်သူနှင့် မဟာမိတ်တွေအကြား ပိုမိုတိကျခိုင်မာ ထင်ရှား ရှင်း လင်းစေရန်အလို့ငှာ အထက်တစ်နေရာတွင် ရေးသားဖော်ပြထားသကဲ့သို့ (KNU) ဗဟိုကော်မတီ သို့မဟုတ် (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ သဘောထားပေါ်လစီဆိုင်ရာ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ဖို့ လိုအပ်လိမ့်မည် ဟု ယူဆကြောင်း” သုံးသပ်ရေးသား တင်ပြခဲ့ပါတယ်။

သို့ပါ၍ “NCA စာချုပ်နှင့် စပ်လျဉ်းပြီး” (KNU) ဗဟိုကော်မတီ သို့မဟုတ် (KNU) ဗဟိုအလုပ် အမှုဆောင်ကော် မတီရဲ့ သဘောထားပေါ်လစီဆိုင်ရာ ထုတ်ပြန်ချက်တစ်ရပ် တရားထုတ်ပြန်ခြင်းမရှိသေးသမျှ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧ စာတွင် ဖော်ပြထားသကဲ့သို့ “NCA စာချုပ်ကို KNU-ကရင်အမျိုးသားအစည်းအရုံးမှ တရားဝင် ပျက်ပျယ်ကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိ” ဆိုတဲ့အချက်ဟာ မှန်ကန်မြဲ မှန်ကန်လျက်ရှိနေမှာ ဖြစ်ပါတယ်။

တကယ်တော့ KNU-ကရင်အမျိုးသားအစည်းအရုံး၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ဩဂုတ် လ ၁၀ရက်၊ သတင်းစာရှင်းလင်းပွဲမှာ “NCA ဟာ မရှိတော့ဘူး၊ NCA ရဲ့အခန်း(၁)ဟာ NCA တစ်ခုလုံးရဲ့ နှလုံး သား ဖြစ်ပါတယ်။ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း (၁)အခြေခံမူကို နင်းချေဖျက်ဆီးလိုက်တာက စစ်တပ် ဖြစ် ပါတယ်” ဆိုတဲ့ ပြောကြားချက်ဟာ ပဒိုစောတာဒိုမူးရဲ့ ထင်မြင်ချက်သာဖြစ်နေပါတယ်။

(စကစ)စစ်အုပ်စုကတော့ “ (NCA) သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွား မည်” လို့ တောက်လျောက် ပြောဆိုနေတာပါ။ ဒါ့အ ပြင် (စကစ)စစ်အုပ်စုက ဩဂုတ်လ နောက်ပိုင်း ပြန်လည် ပြင်ဆင်ထားတဲ့ “ရှေ့လုပ်ငန်းစဉ် (၅)ရပ်” ထဲမှာလည်း ဒီအချက်ဟာ ဆက်လက်ပါရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် “NCA မရှိတော့ဘူး – NCA စာချုပ်ပျက်ပျယ်သွားပြီ” လို့ တစ်ဦးချင်း (အထွေထွေအတွင်းရေးမှူး ချုပ်) တာဝန်ရှိသူပါးစပ်က ဘယ်လိုပဲပြောဆိုနေပါစေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ဗဟိုကော်မတီ သို့မဟုတ် ဗဟိုအ လုပ်အမှုဆောင်ကော်မတီက တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိဘူးဆိုလျှင် ဘယ်သူက၊ ဘယ်လို အဆင့် တာဝန်ရှိသူ က ဘယ်လိုစကားမျိုးကို ပြောဆိုနေပါစေ ခိုင်လုံသော၊ တာဝန်ယူ တာဝန်ခံမှုရှိသော တရား ဝင်ပြောဆိုချက်အဖြစ် ယုံကြည်ယူဆလို့ မဖြစ်နိုင်ဘူးဆိုတာ အထူးသတိချပ်ကြရမှာပါ။

သို့ပါ၍ “KNU-ကရင်အမျိုးသားအစည်းအရုံးက အရွေ့တစ်ခုကို ရွှေ့လိုက်ပြီ”လို့ ကျနော် သုံးသပ်ဖော်ပြခဲ့တာ ဟာလည်း လက်တွေ့အခြေအနေနဲ့ မှန်ကန်ကိုက်ညီမှုတော့ မရှိသေးပါ။ “KNU-ကရင်အမျိုးသားအစည်းအရုံး” ဟာ ဘယ်အရွေ့ဆီကိုမှ ရွေ့မသွားသေးပါကြောင်း စာဖတ်သူများထံ လေးစားစွာ ဝန်ခံသုံးသပ် တင်ပြလိုက်ရ ပါတယ်။

Most read this week

May 10, 2024
မြဝတီမြို့ ကို ဦးတည်ထိုးနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်‌ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့...
May 9, 2024
မြဝတီမြို့တောင်ဘက်ပိုင်းရှိ ပလောတပို စစ်ရှောင်စခန်းတွင် နွေရာသီအချိန် ရေများခမ်းခြောက်ကာ...
May 8, 2024
ဖားအံမြို့ရှိ စစ်ကောင်စီဝန်ထမ်းများကို ဌာနဆိုင်ရာ အကြီးအကဲများက ကြိုတင်အသိပေးခြင်းမရှိဘဲ...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့်...