ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ပြောင်းလဲပြီးနောက်ပိုင်း ဖမ်းဆီးစစ်ဆေးမှုများပြားလာ

ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ပြောင်းလဲပြီးနောက်ပိုင်း ဖမ်းဆီးစစ်ဆေးမှုများပြားလာ

ကရင်ပြည်နယ်၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ယခုလဆန်းပိုင်းအတွင်း အပြောင်းအလဲ ပြုလုပ်လိုက် ပြီးနောက် ဖားအံမြို့၊ လှိုင်းဘွဲမြို့ နှင့် ပိုင်ကျုံမြို့များတွင် လမ်းသွားလမ်းလာများကို တင်းတင်းကြပ်ကြပ် စစ်ဆေး  ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာနေကြောင်း မြို့ခံများက ပြောသည်။

စက်တင်ဘာလဆန်း (၁) ရက်နေ့က ယခင်ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်အစား ဗိုလ်မှူးကြီး မင်းသူကျော်အား စစ်ကောင်စီက အပြောင်းအလဲ ပြုလုပ်လိုက်ပြီးနောက်ပိုင်း ယခုကဲ့သို့ အဖမ်းအဆီး အစစ် အဆေး များလာခြင်းဖြစ်ပြီး ဖားအံမြို့၊ လှိုင်းဘွဲမြို့ နှင့် ပိုင်ကျုံမြို့ သုံးမြို့မှ ဒေသခံ ၈ ဦး အထိ ဖမ်းဆီးခံရပြီး ဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “ဖမ်းဆီးတာ ရှစ်ဦးတောင်ရှိပြီး။ ပြောင်းတဲ့သူက အလုပ်လုပ်တယ်ဆိုတာ ပြတဲ့သဘောပဲ။ ခံရတဲ့ ပြည် သူတွေ ဘက်ကတော့ နစ်နာတာပေါ့။ နောက်ပြီး မြို့ပေါ်တွေမှာ သူတို့တွေ လျှောက်စစ်နေကြတယ်။ ဖမ်းဆီး တာတွေလည်း များလာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ဆေးအဖမ်းဆီးခံရသူများမှာ ဖားအံမြို့မှ ဒေသခံလေးဦး၊ လှိုင်းဘွဲမြို့ ပေါ်ဒေသခံသုံးဦး နှင့်  ပိုင်ကျုံ မြို့ ဒေသခံတစ်ဦးတို့ ပါဝင်ပြီး ၎င်းတို့ကို လမ်းသွားလမ်းလာ ပြုလုပ်စဉ် စစ်ကောင်စီ၏ သက်ဆိုင်ရာ စစ်ဆေး ရေး ဂိတ်များမှ ရှာဖွေစစ်ဆေး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ၎င်းနီးစပ်သူက ဆက်ပြောသည်။

ယခုလို ဒေသအတွင်း ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုပြုလုပ်လာသောကြောင့် ဒေသခံများအနေဖြင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ရောင်းဝယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် သွားလာရေး အခက်အခဲများ ရှိ လာသလို မှားယွင်းဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် ကျေးရွာရပ်ကွက် တာဝန်ရှိသူများ၏ ထောက်ခံစာ များ ပြုလုပ်ကာ သွားလာနေရကြောင်း ပိုင်ကျုံမြို့ခံ နော်အေးက ယခုလိုပြောသည်။

“အရေးကြီးကိစ္စမရှိရင် သွားကို မသွားချင်တာ။ ကျမဆီကို အလည်လာတဲ့ တစ်ယောက်ဆို စစ်ဆေးများလို့ ဆက်တောင် မလာချင်တော့ဘူး။ မလာလို့မရတဲ့အခါမို့ ကြောက်ကြောက်နဲ့လာရတယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ ဒေသခံ အမျိုးသားအများစုဖြစ်ပြီး ၎င်းတို့အနေဖြင့် ပြန်လည်လွတ်မြောက် လာ ခြင်း မရှိသေးသလို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မိသားစုများအနေဖြင့် မသိရှိ ကြ ရဘဲ အဆက်အသွယ်မရရှိကြကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ပြောသည်။

ပြည်နယ်လုံနယ်ဝန်ကြီး အပြောင်းအလဲ ပြုလုပ်ပြီးနောက် စစ်ဆေးဖမ်းဆီးခံရမှုများ ပိုမိုဖြစ်ပွားလာသလို ကရင် အမျိုးသားအစည်းအရုံး (KNU) အနေဖြင့်လည်း ၎င်းတို့ထိန်းချုပ်ရာ ကော်သူးလေ ဒေသများတွင် စစ်ရေး အခြေ အနေ ပိုမိုတင်းမာလာနိုင်ကြောင်း ကေအဲန်ယူ၏ ပြောခွင့်ရ ပဒိုစောကလယ်စေးက သုံးသပ် ပြောဆိုထားသည်။

စစ်ကောင်စီအနေဖြင့် နှစ်ဖက် စစ်ရေးတိုက်ပွဲ ပြင်းထန်လျက်ရှိသည့် ပြည်နယ်လေးခု၏ လုံနယ်ဝန်ကြီးများကို အပြောင်းအလဲပြုလုပ်ရာတွင် ကရင်ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်အစား ဗိုလ်မှူးကြီး မင်းသူကျော်ကို ပြောင်းလဲခန့်အပ်ခဲ့သည့်အပြင် ကချင်၊ ကယား(ကရင်နီ)၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်း တို့တွင်လည်း ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းအစား ဗိုလ်မှူးကြီး ကျော်သူရ၊ ကယား (ကရင်နီ) ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေအစား ဗိုလ်မှူးကြီး သန်းစိုးအောင်၊ ချင်းပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်အစား ဗိုလ်မှူးကြီးသိန်းထွန်းအောင်နှင့် မန္တလေးတိုင်း၏ လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းအစား ဗိုလ်မှူးကြီး နေလင်းစိုးကိုလည်း ပြောင်းလဲခန့်အပ်လိုက်ကြောင်း စက်တင်ဘာလ (၁) ရက်နေ့က ထုတ်ပြန်ထားသည်။

Photo NRC

ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန - KECD
September 21, 2026
ကော်သူးလေဒေသတွင်း ပညာရေးဆိုင်ရာ မျှော်မှန်းချက်များ အကောင်အထည်ဖော်ရန်နှင့် လိုအပ်သော...
ဓာတ်ပုံ - (ပုံဟောင်း - CJ)
September 21, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့အခြေစိုက် စစ်အုပ်စု၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) နယ်မြေသို့ တော်...
September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...