တိုက်ပွဲမရှိတဲ့ ဖယ်ခုံနဲ့ လွိုင်ကော်မြို့နယ်အတွင်းက နေရာနှစ်ခုကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ

တိုက်ပွဲမရှိတဲ့ ဖယ်ခုံနဲ့ လွိုင်ကော်မြို့နယ်အတွင်းက နေရာနှစ်ခုကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ

ကရင်နီ (ကယား)ပြည်၊ လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည် ဖယ်ခုံမြို့နယ်အတွင်းက နေရာနှစ်ခုကို စစ်ကောင်စီ တပ် တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်း ၁၁ နာရီအချိန်မှာ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း အနီး တစ်နေရာနဲ့ အဲ့ဒီနေ့ မနက်ပိုင်း ၇ နာရီမှာတော့ လွိုင်ကော်မြို့နယ် အတွင်းက ကြတ်ဂူအနီးတစ်ဝိုက်ကိုလည်း ဗုံး ကြဲတိုက်ခိုက်ခဲ့တာပါ။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းကို ဗုံးကြဲတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်ပြီး KNDF သတင်းနဲ့ ပြန်ကြား ရေး တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“လေယာဉ် လာကြဲတာတော့ ဟုတ်တယ်။ စစ်ကောင်စီက ည ၁၁ နာရီကျော်မှာလာ ကြဲသွားတယ်။ ဘယ်နှစ် ခေါက် ကြဲသွားလဲတော့ သေချာ မသိရဘူးပေါ့နော်။ အဲ့ဒီမှာ စစ်ရှောင်စခန်းတွေ ရှိတယ်ပေါ့နော။ အဲ့အနီးနားမှာ လာကြဲသွားတာပေါ့။ အဆောက်အအုံ တဲ တချို့ ပျက်စီးသွားတာရှိတယ်။ ဒဏ်ရာရတာ တချို့လည်းရှိတယ်။”

လတ်တလော အဆိုပါနေရာတွေမှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို စစ်ရှောင်စခန်းအနီးကို မကြာခဏ လာရောက် ဗုံးကြဲ တိုက်ခိုက်နေတာဟာ စစ်ကောင်စီက ပြည်သူလူထုကို ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ် တယ်လို့ KNDF က ဆိုပါတယ်။

“ဒီအချိန်မှာ လူထုတွေက ခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ်နေရတယ်။ ဒီလိုအခက်အခဲတွေကြားမှာ စစ်ကောင်စီရဲ့ ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း လူထုတွေ က ထပ်ပြီးခံရတဲ့ပုံစံမျိုးဖြစ်တာပေါ့” လို့ အဆိုပါ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောပါ တယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်ကလည်း စစ်ကောင်စီက ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင် စခန်း အနီးကို နှစ်ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်အတွင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၆၁၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။

စစ်ဘေးရှောင်တောင်သူများ / Crd
September 22, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (ရှေ့) မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တောင်သူများ စိုက်ပျိုးထားသည့်...
စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ပျက်စီးမှုအခြေအနေ။ / Crd
September 21, 2026
ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ...
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
September 21, 2026
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့်...
ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...