ပေါင်မြို့နယ်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ပေါင်မြို့နယ်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာတွင် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အရန်မီး သတ်လည်းဖြစ်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးလည်းဖြစ်သူ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ရင်းငြိမ်တောင်ကျေးရွာ တောင်ပေါ်တန်းပိုင်းနေ အသက် ၆၈ နှစ်အရွယ် ဦးကျားကြီးသည် ၎င်းနေအိမ်တွင် ရှိ နေစဥ် ဆိုင်ကယ်ဖြင့် လူနှစ်ဦးရောက်ရှိလာပြီး၊ တစ်ဦးမှာ ဆိုင်ကယ်ပေါ်တွင် အသင့်စောင်နေကာ၊ ကျန်တစ်ဦးမှာ ဦးကျားကြီးအား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးကျားကြီးသည် ညာဘက်ပေါင် ကျည်ထိမှန်ဒဏ်ရာရရှိပြီး သထုံခရိုင် ပြည် သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ရင်းငြိမ်ဒေသခံတစ်ဦးက “သေနတ်ပစ်ခတ်ခံရတဲ့ ဦးကျားကြီးက အသက်အန္တရာယ်တော့ မရှိဘူးလို့ သိရတယ်” ဟု ပြောသည်။

ဦးကျားကြီးသည် ရင်းငြိမ်တောင်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် အပြင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်ကြောင်း လက်ရှိတွင် ကျောင်းတက်၊ ကျောင်းဆင်းချိန် ကျောင်းသား/သူများ ယာဥ်အန္တရာယ် ကင်းရှင်းရေးအတွက် လမ်းရှင်းလင်းပေးနေသူတစ်ဦး အဖြစ် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ဦးကျားကြီးကို မည်သူက မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို လွတ်လပ်သော မွန်သတင်း အေဂျင်စီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စက်တင်ဘာလ ၇ ရက်နေ့က ပေါင်မြို့နယ်၊ ရင်းငြိမ်ရဲကင်းစခန်း ရှော့တိုက်မိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပေါင်မြို့နယ်အတွင်း၌ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ စစ်ကောင်စီနှင့် နီးစပ်သူများ၊ စစ်ကောင် စီ သတင်းပေးဆိုသူများ၊ ပြည်သူ့စစ် ပစ်သတ်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားနေသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...
April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...
ပုံ-Myanmar Red Cross Society
April 27, 2026
ယခုနှစ်နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် မွန်ပြည်နယ်မြို့ပေါ်နှင့် ကျေးလက် ဆေးရုံ၊...
ပုံ- တနင်္သာရီစစ်ဘေးရှောင်
April 25, 2026
စစ်ကော်မရှင်အဖွဲ့ထံ ချိတ်ဆက်လှုဒါန်းထားသည့် နိုင်ငံတကာအထောက်အပံ့များသည်...