ချေးငွေလုပ်ငန်းအမည်ဖြင့် ငွေကြေးလိမ်လည်နေသည့် မြစိမ်းရောင်ချေးငွေလုပ်ငန်း လူမှုကွန်ရက် စာမျက်နှာများ

ချေးငွေလုပ်ငန်းအမည်ဖြင့် ငွေကြေးလိမ်လည်နေသည့် မြစိမ်းရောင်ချေးငွေလုပ်ငန်း လူမှုကွန်ရက် စာမျက်နှာများ

မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု စစ်ဆေးရန် လာရောက်ပေးပို့သည့်အထဲတွင် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော ချေးငွေလုပ်ငန်း၊ ငွေ အတုအရောင်းအဝယ်၊ ဆိုင်ကယ်အရောင်းအဝယ် စသည့်ဖြင့် အင်တာနက်အသုံးပြု သူများထံမှ ပုံစံအမျိုးမျိုး ဖြင့် လိမ်လည်နေသည့် အကြောင်းဖြစ်သည်။

ယခုဆောင်းပါးတွင် လာရောက်မေးမြန်းမှုများအနက်မှတခုဖြစ်သည့် မြစိမ်းရောင်ငွေချေးလုပ်ငန်း လူမှုကွန်ရက် စာမျက်နှာအကြောင်းကို ဖော်ပြသွားမည် ဖြစ်သည်။

မဇ္ဈိမသို့ ပေးပို့မေးမြန်းထားသည့် လူမှုကွန်ရက်စာမျက်နှာမှာ “မြစိမ်းရောင် ချေးငွေလုပ်ငန်း (ချေးငွေထုပ်ပေး သည့်ရုံ)” ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၌စတင်အသုံးပြုခဲ့ပြီး “မြစိမ်းရောင် ချေးငွေလုပ်ငန်း” အမည်မတိုင်မီ လေးကြိမ်အမည်ပြောင်းလဲထားကာ စီမံခန့်ခွဲသူ(Adimn) ၁၁ ဦီးရှိပြီး အားလုံးမှာ မြန်မာ နိုင်ငံအတွင်းမှ ဖြစ် သည်။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာမှာ ကြိုက်နှစ်သက်သူ ၁၀,၀၀၀ နှင့် စောင့်ကြည့်နေသူ ၁၃,၀၀၀ အထိ ရှိနေ သည်။ ၎င်းတို့ အကြောင်းဖော်ပြသည့် နေရာတွင် “စီးပွားဖြင့် ဘဝမြင့်တင်ပါ ယုံကြည်စိတ်ချဆုံး . မြစိမ်းရောင်.. ချေငွေလုပ်ငန်း.” ဟု ရေးသားထားသည်။

ယင်းစာမျက်နှာတွင် ၎င်းတို့ပိုက်ဆံလာရောက်ချေးသူများဆိုပြီး ဘယ်နေ့တွင် ဘယ်သူ့ကိုတော့ ပိုက်ဆံ ဘယ် လောက် ပမာဏထုတ်ပေးလိုက်ပြီဟုရေးသားကာ လူအများ၏ အလှဓာတ်ပုံတစ်ပုံ၊ ၎င်းတို့၏ မှတ်ပုံတင်၊ အိမ် ထောင်စု စာရင်းတို့အား တပါတည်းဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါစာမျက်နှာ၌ ဖော်ပြထားသည့်ဖုန်းနံပါတ်အားဆက်သွယ်ကြည့်ခဲ့ရာတွင် ငွေချေးသူ၏ မှတ်ပုံတင်၊ အိမ် ထောင်စု စာရင်းအပြင် အာမခံပေးမည့်သူ၏ မှတ်ပုံတင်လိုအပ်ပြီး ဝန်ဆောင်ခအနေဖြင့် အပြီးအစီး ၄၅,၀၀၀ ကျပ် ပေးရမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုသည်။

ယခု ဆောင်းပါးရေးသားနေစဉ် ၎င်းတို့နောက်ဆုံးဖော်ပြထားသည့်ပိုစ့်၌ “ချေးငွေထုပ်သူကိုသီဟဇင်. ပုသိမ် မြို့မှချေးငွေအား မထုပ်ကြောင်း အတုအလင်ကြော်ညှာပါတယ်” (မူရင်းအရေးအသားအတိုင်း)ဟု ဖော်ပြထားသည်။ စာအရေးအသား၊ အဖြတ်အတောက်၊ စာလုံးပေါင်းများလည်း မှားယွင်းနေသလို မည် သည့်အကြောင်းကြောင့် ထိုသို့ကြေညာသည်ကိုလည်း မဖော်ပြပေ။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာတွင် စစ်ကောင်စီလက်အောက်ခံမီဒီယာဖြစ်သည့် MRTV မှ မြစိမ်းရောင် ကျေးရွာစီမံကိန်းအကြောင်း ဖော်ပြထားသည့် ရုပ်သံဖိုင်ပေါ်တွင် ၎င်းတို့၏ဖုန်းနံပါတ်ကို ထည့်သွင်းဖော် ပြထား သည်။ အခြား မြစိမ်းရောင်ချေးငွေလုပ်ငန်း စာမျက်နှာလေးခုနှင့် “SME ချေးငွေလုပ်ငန်း” တို့တွင်လည်း ဆက် သွယ်ရန်အတွက် ထိုဖုန်းနံပါတ်ကိုပင် ဖော်ပြသည်။

မဆိုင်းဂျာအမည်ဖြင့် ၎င်းတို့ငွေထုတ်ချေးထားသည်ဟု ကာယကံရှင်၏ပုံနှင့်အတူ အချက်အလက်များ ဖော်ပြ ထားသေးသည်။ ထိုအမည်ဖြင့်ပင် ၂၀၂၃ ခုနှစ်အတွင်း ငွေထုတ်ချေးထားကြောင်း ဖော်ပြခံရမှု ၁၀ ခုထက် မနည်း ရှိနေသည်။ “SME Online ချေးငွေလုပ်ငန်း”၊ “မြစိမ်းရောင် အွန်းလိုင်းချေးငွေ”၊ “မြစိမ်းရောင်ချေးငွေလုပ်ငန်း”၊ “SME ချေးငွေလုပ်ငန်း”၊ “ဆောနစ်စတား ချေးငွေလုပ်ငန်း”၊ “SME တရားဝင် လိုင်စင်ရ Online ချေးငွေလုပ် ငန်း”၊  “ SME.online ချေးငွေလုပ်ငန်း” စသည့် စာမျက်နှာများ၌ ဖော်ပြ ထားခြင်းဖြစ်သည်။ ထိုဖော်ပြမှုများတွင် ရက်စွဲနှင့် ငွေပမာဏမှလွဲ၍ စာအရေးအသားနှင့် ကာတွန်းပုံ (emoji) များမှာလည်း အတူတူပင်ဖြစ်သည်။

အလားတူပင် မသိမ့်သိမ့်သူအမည်ဖြင့် မှတ်ပုံတင်နှင့်တကွဖော်ပြမှု အခု ၂၀ ကျော်ရှိနေသည်။ အခြား အမည်များ ဖြစ်သော မငုဝါဝါထွန်း၊ မအိအိဝင်း၊ မစိုးမြတ်သူဇာ၊ မဖြူဖြူသက် စသည်ဖြင့် ငွေထုတ်ချေး ထားသည်ဟု ဆိုကာ ဖော်ပြမှုများစွာရှိနေသည်။

လူတဦးတည်း၏ပုံဖြင့် ပေ့ချ်များစွာမှ ငွေထုတ်ချေးထားကြောင်း အကြိမ်ကြိမ်ဖော်ပြထားခြင်းဖြစ်သည်။ ထိုသို့ဖော်ပြမှုတွင် အများစုသည် အမျိုးသမီးများဖြစ်ပြီး အမျိုးသားများကိုမူ ရံဖန်ရံခါမှ တွေ့ရသည်။

မဇ္ဈိမသို့ သတင်းပေးပို့လာရာတွင် “မြစိမ်းရောင်ငွေချေးလုပ်ငန်းမှ စာရွက်စာတမ်းဖိုး ၄၇၅၀၀/ နောက် ဘဏ်လွှဲ ရန် ကိုယ်စားလှယ်ခ ၁၅၀,၀၀၀ ၊ (kpay ထဲလွှဲရန်ပြောတော့ ၁၀၀,၀၀၀) နောက်တော့ wave account သို့လွှဲပြီး မှ (မူလရပြီ လွှဲလိုက်မည်‌ပြောပြီးမှ ၁၀၀,၀၀၀ လက်ခံရပြီးမှ)ထပ်ပြီး ရှေ့နေခ ၄၀၀,၀၀၀ အဆင့်ဆင့်တောင်း ပါတယ်။ မယုံတော့ပါ။ ရုံးခန်းလာပေးမယ်ပြောတော့ မြဝတီမှာတဲ့” ဟု ငွေလိမ်ခံခဲ့ရမှုကို ပြောပြထားသည်။

မဇ္ဈိမက ထိုကဲ့သို့ ငွေလိမ်သည့် လူမှုကွန်ရက်စာမျက်နှာများအကြောင်း အစဉ်တစိုက် ဖော်ပြခဲ့ပြီးဖြစ်သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် “အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်သူများအကြောင်း တစေ့ တစောင်း” ဟု ငွေလိမ်လည်မှုများ အကြောင်းကို ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ယခု ၂၀၂၃ ခုနှစ် ဩဂုတ်လ အထိလည်း ထိုသို့ ငွေလိမ်နေသည့် စာမျက်နှာများ ရှိနေဆဲပင်။

လင့်- https://bit.ly/3P08qGa

အဆိုပါ မြစိမ်းရောင်ချေးငွေလုပ်ငန်းကို မဇ္ဈိမကမေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ပုဂ္ဂလိကပိုင်ဖြစ်ပြီး အစိုးရ ပိုင်လည်းရှိသည်ဟု ပြောသည်။

အမှန်မှာ မြစိမ်းရောင်ဟူသည့်အမည်ဖြင့် ကျေးရွာစီမံကိန်းတခုသာရှိပြီး မြစိမ်းရောင်ချေးငွေလုပ်ငန်းဟူ သည့် လုပ်ငန်းမျိုး မရှိပေ။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်ကာ နိုင်ငံတော်အစိုးရက “မြစိမ်းရောင်ကျေးရွာစီမံကိန်း”အား စတင် အကောင် အထည်ဖော်ခြင်းဖြစ်သည်။ ယင်းစီမံကိန်းသည် ရန်ပုံငွေမတည်ကာ ကျေးရွာများရှိ အိမ်ထောင်စုများ လိုအပ်နေ သော ငွေကြေးအား သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးသည့် စီမံကိန်းဖြစ်သည်။

စီမံကိန်းအနေဖြင့် ငွေချေးခွင့်ပြုရန်ရွေးချယ်ရာတွင် အချက်ငါးချက်ဖြင့်ရွေးချယ်ပြီး ယခု လူမှုကွန်ရက် စာမျက် နှာက ဖော်ပြသကဲ့သို့ ကြုံရာလူကို ချေးပေးခြင်းမဟုတ်ပေ။

ရန်ပုံငွေများအား အဆင့်လေးဆင့်ဖြင့်သတ်မှတ်ထားပြီး (၁) အိမ်ခြေ ၁၀၀ နှင့်အထက်ကို ကျပ်သိန်း ၃၀၀ ၊ (၂) အိမ်ခြေ ၅၀ နှင့် ၁၀၀ ကြားကို ကျပ်သိန်း ၂၀၀ ၊ (၃) အိမ်ခြေ ၅၀ နှင့်အောက် ကျပ်သိန်း ၁၀၀ ၊ (၄) အိမ်ခြေ ၈၀ အောက် ကျပ်သိန်း ၁၀၀ စသည်ဖြင့် ရန်ပုံငွေထားရှိကာ ယင်းရန်ပုံငွေမှတဆင့် ချေးငွေ ပြန်လည် ချေးပေးခြင်း ဖြစ်သည်။ ထိုအကြောင်းကို စစ်ကောင်စီ၏ MWD သတင်း ဝက်ဆိုက်တွင် ဖော်ပြထားသည်။

လင့် - https://bit.ly/3Z2sPPv , https://bit.ly/3Zc8Eig

မဇ္ဈိမအနေဖြင့် ငွေချေးလုပ်ငန်းတစ်ခုဖြစ်သည့် အေယွန်ချေးငွေလုပ်ငန်း (Aeon Microfinance Myanmar) ကို မေးမြန်းရာတွင် ချေးငွေလျှောက်ထားသူ အနေဖြင့် ချေးငွေအား ကိုယ်တိုင် ရုံးတွင်သွား ရောက်ထုတ်ယူရခြင်း ဖြစ်ပြီး ဘဏ်မှတဆင့် ချေးငွေကို လွှဲပေးခြင်းမရှိကြောင်း ပြောသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာတခုမှ ချေးငွေ ချေးယူဖူးသူတဦးကလည်း ၎င်းတို့ ရွာသို့ လာရောက်ပြီး ကုမ္ပဏီမှ တိုက်ရိုက်ပေးခြင်းမျိုးသာရှိသည်ဟု မဇ္ဈိမသို့ ပြောသည်။

ထို့ကြောင့် မြစိမ်းရောင်ချေးငွေလုပ်ငန်းဆိုသည်မှာ အမှန်တကယ်မရှိဘဲ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ လုပ် ဆောင်ချက်အား ချေးငွေလုပ်ငန်း အယောင်ဆောင်ကာ ပြည်သူများထံမှ ငွေကြေးလိမ်လည်ရန်နှင့်  အချက် အလက်များ ရယူနေခြင်းများအား လုပ်ဆောင်နေခြင်းဖြစ်သည်။

ထို့ကြောင့် အင်တာနက်အသုံးပြုသူများအနေဖြင့် လူမှုကွန်ရက်တွင် ချေးငွေလုပ်ငန်းစာမျက်နှာအတုများ ရှိနေခြင်းကြောင့် အလိမ်မခံရအောင် သတိပြုနိုင်ဖို့လိုအပ်ကြောင်း အသိပေးအပ်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

Most read this week

May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...
March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...