ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေ

ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာမှာ စက်တင်ဘာလ ၁၁ ရက်နေ့ ဒီကနေ့ မနက် ၄ နာရီခွဲ လောက်ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားနေ ပါတယ်။

ဟောင်ပါးကျေးရွာက KIA တပ်တွေ ရှိတဲ့ဘက်ကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်တာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာလို့ ဖားကန့်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်း ဂျာနယ်ကို ပြောပါတယ်။

“စစ်ကောင်စီက KIA၊ PDF ဘက်ကို လာပြီးတော့မှ လက်နက်ကြီးတွေနဲ့ ပစ်ပြီး လာတိုက်ခိုက်နေတယ်။ လေးနာရီခွဲ လောက်ကတည်းက အခုချိန်ထိပဲ” လို့ ပြောပါတယ်။

ဟောင်ပါးကျေးရွာက မြောက်ကျောင်းလို့ခေါ်တဲ့ ဘုန်းကြီးကျောင်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး တာမခန် ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်တာတွေ လုပ်ဆောင်နေ တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“မနက်ကတည်းကနေ ဟောင်ပါးက ဘုန်းကြီးကျောင်း မြောက်ကျောင်းဆိုတဲ့နေရာမှာ ဖြစ်နေတာ။ ဟောင်းပါး ရွာသားတွေကို ရွှေ့ခိုင်းထားတယ်တဲ့။ အခု တာမခန်က စစ်တပ်လည်း ပစ်နေတာ။”

ဟောင်ပါးဒေသခံတွေကို ဘေးလွှတ်ရာ ရွှေ့ဖို့ပြောဆိုထားပေမဲ့ တိုက်ပွဲဖြစ်ပွားနေလို့ ပြောင်းရွှေ့ မရသေးတာ ကြောင့် ပုန်းခိုနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဟာ KIA တပ်ရင်း ၂၆ နယ်မြေဖြစ်ပြီး KIA ကပဲ လှုပ်ရှားတဲ့ နယ်မြေဖြစ်တာကြောင့် စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့ကလည်း နမ့်မှော်-တာမခန် သွားတဲ့လမ်းက စစ်ကောင်စီရဲ့ ကသိုင်းတောင် တပ် စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်တာလည်း ရှိခဲ့ပါတယ်။

ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...