ကျိုက်ထိုတွင် ဒု-ဗိုလ်မှူးကြီး (အငြိမ်းစား) မိသားစု ပစ်ခတ်ခံရပြီး ဇနီးသေဆုံး၊ သားဖြစ်သူ ပြင်းထန်ဒဏ်ရာရ

ကျိုက်ထိုတွင် ဒု-ဗိုလ်မှူးကြီး (အငြိမ်းစား) မိသားစု ပစ်ခတ်ခံရပြီး ဇနီးသေဆုံး၊ သားဖြစ်သူ ပြင်းထန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ဒုတိယဗိုလ်မှူးကြီး (အငြိမ်းစား) မိသားစု သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဇနီးသေဆုံး ကာ သားဖြစ်သူလည်း မျက်လုံးကျည်ဖေါက်ဝင်ဒ‌ဏ်ရာရရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်က ဒုတိယဗိုလ်မှူးကြီး (အငြိမ်းစား) ဦးအောင်လွင်နှင့် ဇနီး ဒေါ်ခင်စန္ဒာစိုးတို့က သားဖြစ်သူ မောင်အောင်ငြိမ်းမာန်ကို ကျောင်းကြိုပြီး အပြန်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ် သည်။

ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ ၎င်းတို့နေအိမ်ရှေ့တွင် သေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်လာ ပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေါ်ခင်စန္ဒာစိုးသည် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဒုတိယဗိုလ်မှူးကြီး (အငြိမ်းစား) ဦးအောင်လွင်သည် ဘယ်ဘက်လက်တွင် ကျည် ရှပ်ထိမှန်ဒဏ်ရနှင့် သားဖြစ်သူ  ဘယ်ဘက်မျက်လုံးကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“သေနတ်သမားက နှစ်ယောက် ဆိုင်ကယ်နဲ့ အသင့်စောင့်နေတာထင်တယ်။ ဦးအောင်လွင်တို့က ကားနဲ့ ပြန်လာ တဲ့အချိန်မှာ ပစ်ခတ်သွားတာ။ သူ့ဇနီးကတော့ ပွဲချင်းပြီးသေဆုံးသွားတာ။ သူနဲ့ သူ့သားကတော့ ဒဏ်ရာရသွား တယ်။ ခလေးရဲ့ ဒဏ်ရာကလည်း ပြင်းတယ်လို့ သိရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူနှင့် ထိခိုက်ဒဏ်ရာရသူတို့ကို ကျိုက်ထိုဆေးရုံတွင် ပို့ဆောင် ထားခဲ့ရသည်။

ဒုတိယဗိုလ်မှူးကြီး (အငြိမ်းစား) ဦးအောင်လွင်သည် ကျိုက်ထိုမြို့နယ် ဗုဒ္ဓဘာငာကလျာဏယုဝအသင်း (YMBA) ဝင်တစ်ဦးဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

ဒုတိယဗိုလ်မှူးကြီး (အငြိမ်းစား) ဦးအောင်လွင်မိသားစု ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန် ထားခြင်းမရှိသေးပဲ စစ်ကောင်စီဘက်က စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက် မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်တပ်ဘက်က ဒေသခံများကို ဖမ်းဆီးတာ၊ နေအိမ်များ ချိပ်ပိတ်ခြင်းတို့ကို လုပ်ဆောင်နေသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေအပြင် စစ်ကောင်စီတပ် နှင့် ပတ်သက်သူ၊ စစ်ကောင်စီသတင်းပေးဆိုသူတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေလည်း မကြာခဏ ပြုလုပ်လေ့ရှိသည်။

April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...
April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...
ပုံ-Myanmar Red Cross Society
April 27, 2026
ယခုနှစ်နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် မွန်ပြည်နယ်မြို့ပေါ်နှင့် ကျေးလက် ဆေးရုံ၊...
ပုံ- တနင်္သာရီစစ်ဘေးရှောင်
April 25, 2026
စစ်ကော်မရှင်အဖွဲ့ထံ ချိတ်ဆက်လှုဒါန်းထားသည့် နိုင်ငံတကာအထောက်အပံ့များသည်...