မွန်-တနင်္သာရီအစပ် မလွှဲတောင်ဂိတ်တွင် စစ်ဆေးမှု ပိုတင်းကြပ်လာပြီး ငွေတောင်းခံမှုများလာ

မွန်-တနင်္သာရီအစပ် မလွှဲတောင်ဂိတ်တွင် စစ်ဆေးမှု ပိုတင်းကြပ်လာပြီး ငွေတောင်းခံမှုများလာ

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ရှိ စစ်ကောင်စီ မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာပြီး ငွေတောင်းခံမှုလည်း များလာသည်ဟု ခရီးသွားနှင့် ကားသမားများက ပြောသည်။

မလွှဲတောင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုများမှ မြို့ပြစစ်ဆင်ရေး ပြုလုပ်မည်ဟု သတင်းထွက် အချို့ ပေါ်လာပြီးနောက် စစ်ကောင်စီဘက်က စစ်ဆေးမှု ပိုမိုတင်းကြပ်ထားသည့်အပြင် ခရီးသွားပြည်သူများ ထံမှ ငွေတောင်းခံမှု များလာသည်ဟု ထားဝယ်မှ ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

“အခုချိန်မှာ ပစ္စည်းသယ်လို့ လွယ်တာဆိုရင် ဘာမရှိတော့ဘူး။ ကားအနောက်မှာ ဆန်တွေ အများကြီး တင်ရင် သူတို့ (စစ်ကောင်စီ တပ်သား) က စစ်ပြီး၊ ဘာလို့ ဆန်တွေအများကြီးသယ်လဲ။ အဲလိုမျိုးတွေ စ ရစ်တယ်။ သယ် လို့ကိုး မလွယ်တော့ဘူး။ တချို့ ကားဆရာတွေက စကားအများကြီး မပြောချင်တော့ ငွေပေးဆောင်လိုက်တာ။ ပစ္စည်းမှ မဟုတ်ပါဘူး လူတွေလည်းအဲလိုပဲ။”

အဓိက အမျိုးသားများကို တင်းကြပ်စစ်ဆေးနေကြောင်း မသင်္ကာသူများကိုလည်း ဖမ်းဆီးမှုများ ရှိနေသည်ဟု ခရီးသွားများက ပြောသည်။

“အထက်က ဥပမာ-စစ်ကိုင်းတို့ မုံရွာတို့ကနေ ခရီးသည်တွေ ပါနေရင် ကားတစ်စီးလုံးကို မသွားခိုင်းတော့ဘူး။ လမ်းဘေးမှာ ထိုးရပ်ပြီးတော့ မသွားနဲ့တော့။ ဘယ်နှရက်လောက် နေရမလဲဆိုတာကို သူတို့ (စစ်ကောင်စီ တပ် သား) တွေကို သွားမမေးနဲ့။ ပေးနေရင် နေလိုက်။ အဲလိုမျိုး နှစ်ခါ ကြုံခဲ့တယ်” ဟု အထက်ပါ ထားဝယ်မှ ခရီး သွားပြည်သူက ပြောသည်။

ယခုကဲ့သို့ စစ်ဆေးမှု ပိုမိုတင်းကြပ်လာသည့်အတွက် မလွှဲတောင် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာရန်  စိုးရိမ်ပူပန်နေရကြောင်း ထားဝယ်မှ လူငယ်တစ်ဦးက ပြောသည်။

“အခုက ပြည်သူတွေ ခရီးသွားရင် မလွှဲတောင်ဂိတ်ကိုဖြတ်ဖို့ တော်တော်လေးကို စိုးရိမ်းပူပန်းမှုရှိနေတာပေါ့နော်။ ဘာလို့လဲဆိုတော့ ကိုယ်က ဘာမသိ မရှိနေရင် သူတို့က သူတို့ ပါးစပ်ထဲမှာ တစ်ခုခုမှားရင် ပုဒ်မတွေနဲ့ အမည် တပ်လို့ ရတယ်။ အဲ့ကြောင့် လူတိုင်းက ကြောက်ရွံ့နေကြတယ်။ တော်ရုံတန်ရုံ‌ဆို ခရီးမသွားချင်တော့ဘူး။ ပြီး တော့ သူတို့ ပြစ်မှတ်ထားတာက ယောက်ကျားလေးတွေပေါ့နော်။ ယောက်ကျားလေးတွေအကုန်လုံးက pdf တွေလို့ သူတို့တွက်ထားကြတာ။ အဲ့ကြောင့် ခရီးသွားရင် ယောက်ကျားလေးတွေဆို လုံးဝကို လုံခြုံမှုမရှိတော့ ဘူး” ဟု ပြောသည်။

မလွှဲတောင် စစ်ဆေးရေးဂိတ်အပြင် မွန်-တနင်္သာရီ ကားလမ်းတလျှောက်တွင်  စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း စစ်ဆေးရေးဂိတ်များ တိုးလာကြောင်း လက်ရှိတွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာကြောင်း  ဖြတ် သန်းသွားလာနေသည့် ကားများ၊ ခရီးသည်များ အပေါ် ငွေတောင်းခံမှုများလည်း ရှိနေသည်။

စက်တင်ဘာ လဆန်းပိုင်းမှစတင်ပြီး တနင်္သာရီမြို့နယ် အတွင်းရှိ အဝင်အထွက် လမ်း၊ တံတားများတွင် ည ၈ နာရီမှ နံနက် ၄ နာရီ အထိ လူနာတင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်တားမြစ် ထားကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်း အဖွဲ့များက ပြောသည်။

Most read this week

December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...