ပြည်နယ် အစိုးရ၏ ကုန်းမြင့်လယ်ယာဖော်ထုတ်မှု ဒေသခံအများစု လက်မခံ

ပြည်နယ် အစိုးရ၏ ကုန်းမြင့်လယ်ယာဖော်ထုတ်မှု ဒေသခံအများစု လက်မခံ
by -
ကန္တာရဝတီတိုင်း(မ်)
ဒီးမော့ဆိုမြို့နယ် ဆောင်ဒူရွာသစ်ကျေးရွာအုပ်စုအတွင်း ပြည်နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ ဆောင်ရွက်နေသည့် ကုန်းမြင့် လယ်ယာဖော်ထုတ်ပေးနေမှုကို ဒေသခံ ကျေးရွာများက လက်မခံရဲဟု ဆိုသည်။

ကုန်းမြင့်လယ်ယာ ဖော်ထုတ်သည့် နေရာအနီးတဝိုက်တွင် ဒေသခံများ ကန့်ကွက်နေသည့် ဘိလပ်မြေစက်ရုံစီမံကိန်း စမ်းသပ်ခွင့်ကို ရွှေကန္တာရဝတီ ဟိုဒင်း ကုမ္ပဏီက လုပ်ဆောင်ရန် ရှိနေသည့်အတွက် ဆက်စပ်နေမည်ကို စိုးရိမ်သည့်အတွက် လက်မခံခြင်းဖြစ်ကြောင်း ဒေါခမီး ရွာသား ဦးအန်းဂျေလိုက ပြောသည်။

ဆောင်ဒူရွာသစ် ကျေးရွာ အုပ်စုရှိ ကျေးရွာ အချို့နှင့် အနီးနားရှိ အခြားကျေးရွာ အုပ်စုများက လက်မခံရဲကြခြင်း ဖြစ်သည်။

“မြေဆီလွာကို အကုန်လုံးထိုးကော် လိုက်တာ ၂ပေ၊ ၃ပေ တွေထိုးပြီးမှ လှေကားထစ် ပုံစံနဲ့ လုပ်တယ်။ ဘာသွားစိုက်တော့မလဲ၊ စိုက်လို့မှ မရတော့တာ။ အဲဒါဆိုသူတို့ ရည်ရွယ်ချက်က ကြီးမားသွားပြီ״ဟု ဦးအန်းဂျေလိုက ပြောသည်။

ကုန်းမြင့်လယ်ယာဖော် ထုတ်ပေးသည့် နေရာများမှာ ဒေသခံများ ဘိုးဘွားလက်ထက်က ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ခဲ့သည့် မြေယာ များဖြစ်ပြီး စိုက်ပျိုးရန်မြေဆီလွှာ ကောင်းမွန်မှုမရှိချေ။

ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းခိုင်က ဒေသခံများ ရာသီသီးနှံနှင့် နှစ်ရှည်ပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရန်၊ သစ်တောပြုန်းတီမှုကာကွယ်ရန်နှင့် ရွှေ့ပြောင်းတောင်ယာစနစ်မှ လှေကားထစ် စိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲစိုက်ပျိုးရန် အတွက် ဖော်ထုတ်ပေးခြင်း ဖြစ်သည်ဟု ပြောသည်။

လားလဲ နှင့် ဆီလီတုန်း ကျေးရွာပိုင်မြေနေရာများတွင် ထုတ်ဖော်သွားရန် ရှိကြောင်း သူက ဆက်ပြောသည်။

ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးအတွက် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် မေ ဒုတိယပတ်မှ စတင်ကာ လျာထားသည့် အသုံးစရိတ် ကျပ် ၁၁၄ သန်းဖြင့် အထက်မြန်မာပြည် လယ်ယာ မြေဖော်ထုတ်ရေးရုံး(နေပြည်တော်)က တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်။

ကုန်းမြင့်လယ်ယာ မြေဖော်ထုတ်ရေး လက်ခံသည့် ဆောင်ဒူရွာသစ်ကျေးရွာပိုင် မြေများပေါ်တွင် မြေယာဖော်ထုတ်မှု ပြုလုပ်ပေးနေပြီး ဧက ၅၀ ခန့် ပြီးစီးပြီ ဖြစ်သည်။

အဆိုပါ မြေနေရာများသည် ဒေသခံများ၏ ပိုင်ဆိုင်မှု အထောက်အထား တစုံတရာ မရှိသော်လည်း လယ်ယာမြေဖော်ထုတ်ပြီးပါက ပိုင်ဆိုင်မှု အထောက်အထားဖြစ်သည့် ပုံစံ ရ နှင့်တကွ မူလပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်မည် ဖြစ်သည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...