ငွေဆောင်တွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီကြိုးပမ်း

ငွေဆောင်တွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီကြိုးပမ်း

ပုသိမ်မြို့နယ်၊ ငွေဆောင် ကမ်းခြေဒေသမှ ကျေးရွာများတွင်  ပြည်သူ့စစ်ဖွဲ့ရန်အတွက် စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်ခြင်း၊ ငွေကြေးပေးစည်းရုံးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၂ နေ့က ငွေဆောင်မြို့နယ်ခွဲ၊ ငွေဆောင်ကမ်းခြေမှ သဇင်ကျေးရွာအုပ်စု၊ သစ်ဖြူရွာစုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများကို အစည်းအဝေး ခေါ် ကာ ပြည်သူ့စစ်ဖွဲ့စည်းရန် ဖိအားပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ငွေဆောင် ဒေသခံတစ်ဦးက “တစ်ရွာကို ပြည်သူ့စစ်ငါးယောက်မဖြစ်မနေပေးရမယ်။ မပေးနိုင်ရင် သူတို့ကိုယ် တိုင် ဝင်ဆွဲမယ်လို့လည်းခြိမ်းခြောက်သွားတယ်” ဟု ပြောသည်။

စစ်ကောင်စီက ထိုသို့ဖိအားပေး ခြိမ်းခြောက်နေသည့်အတွက် ကျေးရွာနေပြည်သူများ စိုးရိမ်နေကြသည်။

ထို့အပြင် သြဂုတ်လ ၂၁ ရက်နေ့ကလည်း ငွေဆောင်မြို့နယ်ခွဲ၊ ဆင်မကျေးရွာအုပ်စု၊ညောင်အုပ်ကျေးရွာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲများနှင့် ထွေအုပ် ဝန်ထမ်းများက လာရောက်ပြီး အစည်းအဝေးလုပ်ကာ ပြည်သူ့စစ် ဖွဲ့ရန် ဖိအားပေးခဲ့သည်ဟု ဆိုသည်။

ပြည်သူ့စစ်ဖွဲ့ပါက ကျေးရွာအုပ်စုတစ်စုလျှင် လစဥ် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀ ပေးမည်ဟု စည်းရုံးကာ ကျပ် ၁၀ သိန်းသာ ပေးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကျန်တဲ့ပိုက်ဆံကို တောထဲမှာ မီးသွေးဖုတ်၊ သစ်ခိုးခုတ်နေတဲ့ လူတွေဆီက လိုင်းကြေးရမှ ထပ်ပေးမယ်လို့ ပြော တယ်။ ဆယ်သိန်းပေးပြီး လာစည်းရုံးတာပါ” ဟု ပြောသည်။

ငွေဆောင်ဒေသတွင် စစ်ကောင်စီက ယခင်ကလည်း ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားခဲ့ဖူးပြီး ၎င်းတို့ မျှော်လင့် သလောက် အောင်မြင်ခဲ့ခြင်းမရှိ၍ ယခု ထပ်မံကြိုးစားခြင်းဟု ဒေသခံများကပြောသည်။

ဒေသတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “နိုင်ငံအနှံ့မှာ စစ်သားတွေ အများကြီး သေနေတော့ အရံ အင်အားတွေ စုနေတာလို့ ထင်ပါတယ်။ ဒါတွေကိုကြည့်ရင် စစ်တပ်ပြိုလဲတော့မယ် ဆိုတာ သိသာနေပါပြီ။ သူတို့ မှာ အင်အားအများကြီးရှိသေးရင် ဒီလိုတွေလုပ်စရာအကြောင်းကိုမရှိပါဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း အပါအဝင် အညာဒေသ တိုက်ပွဲများ၌ ပြည်သူ့စစ်များ၊ ပျူစောထီးများကို စစ်ကြောင်းရှေ့တွင် ထားကာ တိုက်ခိုက်နေသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် ဘက်ပေါင်းစုံ စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီတပ်သည် ယခုအခါ အင်အား ချိနဲ့ နေပြီး တပ်တွင်းဖွဲ့စည်းပုံလည်း ယိုယွင်းနေပြီဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဩဂုတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် မဇ္ဈိမနှင့် အင်တာ ဗျူးတွင် ပြောဆိုထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...