ဒေသခံများ ကန့်ကွက်ခဲ့မှုကြောင့် ခမာချောင်းတစ်လျှောက် ရွှေတူးဖော်နေသူများ ထွက်ခွာ

ဒေသခံများ ကန့်ကွက်ခဲ့မှုကြောင့် ခမာချောင်းတစ်လျှောက် ရွှေတူးဖော်နေသူများ ထွက်ခွာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာအနီးတွင် ရှိသော ခမာချောင်းတစ် လျှောက်တွင် ရွှေတူးဖော်နေသူများ ထွက်ခွာနေကြပြီဟု ဒေသခံများက ပြောသည်။

ခမာချောင်းတစ် လျှောက်တွင် ရွှေတူးဖော်နေသူများမှာ ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး ထွက်ခွာသွားကြခြင်း ဖြစ်သည်ဟု ပြောသည်။

ဒေသခံတစ်ဦးက “ထွက်သွားပြီ။ မိုးရွာ၊ လမ်းပျက်နေလို့ စက်အချို့ကတော့ မသယ်ကြသေးဘူး” ဟု ပြောသည်

ဩဂုတ်လ ၇ ရက်နေ့က ဒွမ်ဘန်နှင့် မန်ပန်ကျေးရွာက တာဝန်ရှိသူများက ရွှေတူးဖော်သူများကို ဩဂုတ်လ ၂၀ ရက်နေ့တွင် နောက်ဆုံးကာ အပြီးထွက်ခွာသွားဖို့ ပြောဆိုထားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြောဆိုထားပြီးနောက် ဩဂုတ်လ ၂၂ ရက်နေ့တွင် ဒေသခံအချို့က သွားရောက်ကြည့်ရှုခဲ့ရာ ရွှေတူးဖော်သူ များ ထွက်ခွာသွားပြီဖြစ်ကြောင်း သို့သော် စက်အချို့ကျန်ရှိနေသေးကြောင်း မန်ပန်ဒေသခံများက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောသည်။

ထို့အပြင် ခမာချောင်းပတ်ဝန်းကျင်တွင် ရွှေတူးဖော်မည့် မည်သည့် အဖွဲ့အစည်းကိုမဆို ကန့်ကွက်သွားမည်ဟု အထက်ပါဒေသခံက ဆက်လက်ပြောဆိုသည်။

“ရွာသားတွေအနေနဲ့ ခမာချောင်း ပတ်ဝန်းကျင်မှာ အခုပဲ မဟုတ်ဘူး နောင်ကိုရော ရွှေတူးတာကို လုံးဝခွင့်မပြုနိုင် ဘူး” ဟု ပြောသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ က စပြီး အထက်ပါ ခမာချောင်းအနီးတွင် ဘက်ဟိုးများ သုံးပြီးကာ ရွှေဆိုင်း ၆ ခု ခန့်က ရွှေတူးဖော်မှု စတင်လုပ်ကိုင်လာပြီး လက်ရှိ မုံဆိုင်း (ရွှေတူးဖော်ရာအတွင်း အသုံးပြုသည့် စက်ဆိုင်းငယ်)  အလုံးရေ ၄၀ ခန့်ဖြင့် ဝင်ရောက်တူးဖော်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ခမာချောင်းအနီး ပတ်ဝန်းကျင်မှာ ဒေသခံများ၏ ကျွဲ၊ နွားများအတွက် စားကျက်‌မြေ အဖြစ်ပါ အသုံးပြု ကြသည့် အပြင် ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးရေးအတွက်ပါ ခမာချောင်းရေကို အဓိကထား အသုံးပြု åရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...