စစ်ရေးတင်းမာနေဆဲဖြစ်၍ ဖြူးမြို့နယ်တစ်ဝိုက်မှဒေသခံများ နေရပ်မပြန်နိုင်သေး

စစ်ရေးတင်းမာနေဆဲဖြစ်၍ ဖြူးမြို့နယ်တစ်ဝိုက်မှဒေသခံများ နေရပ်မပြန်နိုင်သေး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ PDF စစ်ကြောင်းများအကြား စစ်ရေးတင်းမာနေဆဲဖြစ်၍ ဒေသခံများ နေရပ်မပြန် နိုင်သေးကြောင်း တော်လှန်ရေးရဲဘော်များနှင့် မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ဖြူးမြို့နယ်တွင် ဩဂုတ်လ ပထမပတ်မှစ၍ စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ များဖြစ်ပွားခဲ့ကာ ဩဂုတ်လ ၁၈ ရက်နေ့က နေပြည်တော်မှလာသည့် စစ်ကောင်စီ၏ ကုန်တင်ရထား ကို ကညွတ်ကွင်းမြို့နှင့် တောကျွဲအင်းမြို့ကြားတွင် တော်လှန်ရေးအင်အားစုများကမိုင်းဆွဲခဲ့ရာမှ တိုက်ပွဲ ပိုမိုပြင်း ထန်လာခြင်း ဖြစ်သည်။

“စစ်ကောင်စီရဲ့လက်ရှိအနေအထားကတော့ စစ်တောင်းမြစ်ရဲ့ အနောက်ဘက်ခြမ်းကိုပဲ အသည်းအသန် ကာနေရတဲ့ အနေအထားမျိုးရှိတယ်။ စစ်တောင်းမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ သူတို့ ပိတ်မိနေတဲ့အနေ အထားမျိုး” ဟု မြေပြင်ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေ ခြင်း၊ ဒေသခံများအား အကြောင်းမဲ့ စစ်ဆေးဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရပြီး ယနေ့အထိ နေအိမ်ပြန်၍ မရနိုင်သေးဘူးဟု ပြောသည်။

“လူရှိတဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အမြဲတမ်း နေ့ညမပြတ် လှမ်းလှမ်းပစ်နေတော့ ထိခိုက်သေဆုံးမှု တွေ ရှိတယ်။ အဲဒီလိုအနေအထားမျိုးနဲ့ အကြောက်တရားတွေ ရင်ဆိုင်နေရတာပါ။ လက်ရှိစစ်ရေး အခြေအနေ အရ ဒေသခံတော်တော်များများ ကျေးရွာစွန့်ပြီး ထွက်ပြေးနေတဲ့အနေအထားမျိုးရှိပါတယ်။ စစ်ရှောင်ထောင် ကျော်ရှိပါတယ်။ စစ်တောင်းမြစ်တလျှောက်က ကျေးရွာတွေပေါ့” ဟု မြေပြင်သတင်းအရင်းအမြစ် တစ်ဦးက မဇ္ဈိမကိုပြောသည်။

ဖြူးမြို့နယ်အတွင်းရှိ အုတ်ဖြတ်၊ ကြာအင်း၊ ဝဲကြီး၊ မျက်နီကွင်း၊ သစ်ခြောက်ခင်း စသည့်ကျေးရွာငါးရွာ အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ အင်အားတိုးချဲ့ထားကြောင်း တော်လှန်ရေးရဲဘော်များက ပြောသည်။

အဆိုပါကျေးရွာငါးရွာအပြင် ရေဇဲမြောင်၊ ဂုံးတဲ၊ ရေပြာ၊ ကျွန်းကုန်း၊ သနပ်ကွင်း၊ လက်တက်ကြီး၊ နောင်ဘို၊ သစ် ဖြူဆိပ်၊ လှေဒုံး၊ ရွာသစ်၊ ငတိုးခင်၊ ဇလုပ်ကြီး စသည့်ကျေးရွာများမှ ဒေသခံပြည်သူ ထောင်ချီ၍ စစ်ဘေးတိမ်း ရှောင်နေကြရသည်။

စစ်ဘေးရှောင်များ၏ လက်ရှိအခြေအနေများနှင့် ပတ်သက်၍ ကရင် အရေးပေါ် ကူညီကယ်ဆယ်ရေးကော် မတီထံ မဇ္ဈိမမှ ဆက်သွယ်ထားသော်လည်း လက်ခံဖြေကြားခြင်း မရှိသေးချေ။

ဖြူးမြို့နယ်တွင် ဩဂုတ်လ ၇ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရခဲ့ကာ ကျေးရွာအတွင်းနေထိုင်သူများအား ဖမ်းဆီး သတ် ဖြတ်မှုကြောင့် ခုနစ်ဦးသေဆုံးခဲ့သည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...