စစ်ကောင်စီ၏ သွေးခွဲလုပ်ကြံမှုများ အလုပ်မဖြစ်ဟု NUG ကာကွယ်ရေးဌာနပြော

စစ်ကောင်စီ၏ သွေးခွဲလုပ်ကြံမှုများ အလုပ်မဖြစ်ဟု NUG ကာကွယ်ရေးဌာနပြော
NUG ကာကွယ်ရေးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ
NUG ကာကွယ်ရေးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ

စစ်ကောင်စီက တော်လှန်ရေး အင်အားစုများအား သွေးခွဲရန် လုပ်ဆောင်မှုများကို ယခုရက်ပိုင်းအတွင်း ခပ် စိတ်စိတ်တွေ့ လာရသော်လည်း အလုပ်ဖြစ်မည် မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာ ကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုအတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက နှစ်ပတ်တကြိမ် ပြည်သူလူထုထံ အစီရင်ခံတင်ပြနေသည့် ဩဂုတ်လ ၁၄ ရက်နေ့ မိန့်ခွန်းထဲ ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ကဏ္ဍပေါင်းစုံသာမက မြေပြင်တိုက်ပွဲများတွင်ပါ အထိနာနေသည့်အတွက် တော်လှန်ရေး အင်အားစုများဘက်ကို သပ်လျှိုသွေးခွဲရန် ကြံစည်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီဘက်က သွေးခွဲသပ်လျှိုသည့် လုပ်ငန်းများ လုပ်နေသော်လည်း တော်လှန်ရေး အဖွဲ့အစည်း အသီး သီးက စစ်ကောင်စီ၏ သွေးခွဲသပ်လျှိုမှုကို လက်မခံဘဲ အာဏာရှင်စနစ်ကျဆုံးရေးဆိုသည့် အဓိကမူကို ကိုင်ဆွဲ ပြီး နွေဦးတော်လှန်ရေးမှာ ပူးပေါင်းတော်လှန်နေကြကြောင်း ဦးမောင်မောင်ဆွေက ထောက်ပြ ပြောဆိုသည်။

၇၅ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေး အခမ်းအနားသို့ ပေးပို့သည့် ကရင်နီ အမျိုးသား တိုးတက် ရေးပါတီ၏ သဝဏ်လွှာ၊ ဩဂုတ်လ ၁၀ ရက်နေ့ ကချင်အာဇာနည်နေ့ အခမ်းအနားတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး အင်ဘန်လ၏ ပြောဆိုချက်နှင့် သြဂုတ်လ ၁၂ ရက် ကရင်အာဇာနည်နေ့ အခမ်းအနားတွင် KNU ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းတို့၏ ပြောဆိုချက်များကို ကြည့်ပါက သိနိုင်ကြောင်းလည်း ၎င်းက  ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုအတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက “တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးနဲ့တကွ အတွေ့အကြုံမြင့်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဒီသွေးခွဲမှုကို လုံး ဝ လက်မခံဘဲနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမူကိုပဲ လက်ကိုင်ထားပြီး ခိုင်ခိုင်မာမာ ရပ်တည်နေ ကြတယ်ဆိုတာလည်း ကျွန်တော်တို့ပြည်သူလူထုကို ထပ်လောင်းပြီးတင်ပြချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထု၏ ထောက်ပို့အားဖြင့် မြေပြင်တိုက်ပွဲများ၌ အောင်မြင်စွာ တိုက်ခိုက်နိုင်နေပြီ ဖြစ်ပြီး ကွက်ပြည့်နင်းသည့် ဗျူဟာဖြင့် အချိတ်ဆက်မိမိ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

NUG အနေဖြင့် စစ်ကောင်စီအား စစ်ရေးသာမက ပြည်တွင်းတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဘဏ္ဍာငွေ ဖြတ်တောက်ရေးလုပ်ငန်းကိုလည်း လုပ်ဆောင်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ရရှိမှု အနေဖြင့် ကရင်နီဒေသ တွင် ၁၀ ကြိမ်၊ စစ်ကိုင်းတိုင်းတွင် ခြောက်ကြိမ်နှင့် တောင်ပိုင်းတိုင်းစစ်ဒေသတွင် ၁၄ ကြိမ် ရှိခဲ့သည့်အပြင် ရဲ စခန်း ၁၅ ခု၊ နယ်ခြားစောင့်တပ် ၁၀ ခုနှင့် ပျူစခန်း ၁၄ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနက ဩဂုတ်လ ၇ ရက်နေ့တွင် ပြောဆိုထားသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...