ဝက်လက်မှာ ကျေးလက်ဆေးခန်းနဲ့ စာသင်ကျောင်း လေကြောင်းမှ ပစ်ခတ်ခံရ၊ ပြည်သူ ၄ ဦးထိခိုက်

ဝက်လက်မှာ ကျေးလက်ဆေးခန်းနဲ့ စာသင်ကျောင်း လေကြောင်းမှ ပစ်ခတ်ခံရ၊ ပြည်သူ ၄ ဦးထိခိုက်
သြဂုတ်လ ၁၃ ရက်နေ့ ဝက်လက်နယ် ပေါက်ကန်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက် ဒဏ်ရာရခဲ့သူ
သြဂုတ်လ ၁၃ ရက်နေ့ ဝက်လက်နယ် ပေါက်ကန်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက် ဒဏ်ရာရခဲ့သူ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တောင်ဘက်ခြမ်းရှိ ပေါက်ကန်ကျေးရွာက ဆေးခန်းနှင့် စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၃ ရက်နေ့၊ ညနေပိုင်း ၄နာရီအချိန်ခန့်တွင် တံတားဦးလေဆိပ်ကနေလာသည့် ဂျက်ဖိုက်တာနှစ်စီးနှင့် ၁၅ မိနစ်ခန့်အကြာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

ဝက်လက် ဒေသခံတစ်ဦးက “ကျနော်တို့ သိရသလောက်တော့ ဆေးခန်းနဲ့ စာသင်ကျောင်းကို ပစ်သွားတာ ဆေး ခန်းကတော့ ရပ်ကျေးအဖွဲ့က ဆေးခန်းပါ၊ ကျောင်းကတော့ အစိုးရကျောင်းပေါ့ အထက်တန်းကျောင်းပါ။ ဘာဆို ဘာမှ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ အဲ့လိုဘာမှမရှိလို့လည်း သေဆုံးတာမရှိတာ” ဟု ပြောသည်။

လေကြောင်းမှ ပစ်ခတ်မှုကြောင့် ပေါက်ကန်ကျေးရွာက နေအိမ်တစ်လုံးနှင့် အိမ်မွေးတိရစ္ဆာန် သေဆုံးမှုများ ရှိခဲ့ ပြီး ကျေးရွာဆေးခန်းနှင့် စာသင်ကျောင်းကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေသခံ များက ပြောသည်။

ထိခိုက်ဒဏ်ရာရခဲ့သူများမှာ ပေါက်ကန်ကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုဆန်းမော်ဦး၊ အသက် ၃၀ နှစ် အရွယ် မအိအိဝင်း၊ အသက် ၄၀ အရွယ် ကိုဆန်းမင်းနှင့် အသက် ၅၅ နှစ်အရွယ် ဦးမောင်စိုးတို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ် ပေါက်ကန်ကျေးရွာနှင့် ၅ မိုင်ခန့်အကွာရှိ စစ်ကိုင်း မြို့ နယ်ထဲက တလိုင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘဲ လေကြောင်းကနေ ဂျက်ဖိုက်တာနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၄ ဦးသေဆုံးခဲ့ရပြီး တိုက်ပွဲများလည်း ဖြစ်ခဲ့ပါသေး သည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်က စစ်ကိုင်းနှင့် ဝက်လက်နယ်အစပ်က ကျေးရွာများကို လေကြောင်းကနေ တိုက် ခိုက်နေသည့် အပေါ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “အဓိက ကတော့ စစ်ကိုင်းနဲ့ဝက်လက်အစပ်မှာ မန္တလေး ဘက်က ကာကွယ်ရေးတပ်တွေအစုံရှိတယ် သူတို့က စစ်ကိုင်းရော မန္တလေးမှာရော စစ်ကိုင်းမှာပါ စစ်ရေးလှုပ် ရှားတယ်။ အဲ့ဒါကြောင့်လည်း စစ်တပ်က အတင်း ဝင်ရှင်းနေတယ်လို့ ထင်တယ် ပြီးတော့ စစ်သတင်း လုံခြုံရေး ကလည်း အားနည်းတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုထဲ တလိုင်းကျေးရွာက ၈ လ သား အရွယ် ကလေး အပါအဝင်၊ သံဃာတော်တစ်ပါးနှင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့သည်။

အာဏာသိမ်းပြီးသည့် နောက်ပိုင်းကစပြီး ၂၀၂၃ ဧပြီလအထိ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းက ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၆၁ ကြိမ်အထိ ပြုလုပ်ခဲ့သည်။

ဧပြီလ ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုထဲ ကလေးငယ် ၄၀ ကျော် အပါအဝင် သေဆုံးမှု ၂၀၀ ကျော် အထိရှိခဲ့သည်ဟု ဥာဏ်လင်းသစ်သုတေသနအဖွဲ့က ထုန်ပြန်ထားသည်။

January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...