ဖာပွန်မြို့ပေါ်ရှိ အစိုးရရုံး ၄ ရုံးနှင့် ဝန်ထမ်းအိမ်ရာ ၂ ခု ဗုံးခွဲတိုက်ခိုက်ခံရ

ဖာပွန်မြို့ပေါ်ရှိ အစိုးရရုံး ၄ ရုံးနှင့် ဝန်ထမ်းအိမ်ရာ ၂ ခု ဗုံးခွဲတိုက်ခိုက်ခံရ
ပုံအညွှန်း- ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဖာပွန်မြို့နယ် အစိုးရရုံးများ (ဓါတ်ပုံ - စစ်ကောင်စီ ပြန် ကြားရေးချန်နယ်များ)
ပုံအညွှန်း- ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဖာပွန်မြို့နယ် အစိုးရရုံးများ (ဓါတ်ပုံ - စစ်ကောင်စီ ပြန် ကြားရေးချန်နယ်များ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ရာများ ဗုံးခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများနှင့် ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတို့က ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်အချိန်တွင် ဖာပွန်မြို့ပေါ်ရှိ ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး၊  မြို့နယ်တရားရုံး၊ မြို့နယ်စာရင်းစစ်ရုံး၊ မြို့နယ်အခွန်ရုံး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးနေအိမ်နှင့် အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းအိမ်ရာတို့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

“အသံတွေက ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်ပဲကြားရတာ။ ဒီဘက်က စာထုတ်ထားတာပဲ လူနေရင်လည်း သေ မှာပေါ့။ လူအထိအခိုက်တော့ မရှိဘူးကြားတယ်” ဟု ဖာပွန်မြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အဆိုပါ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ ပျက်စီးမှုများဖြစ်ပေါ် ခဲ့ သော်လည်း အဆိုပါနေရာများအတွင်း နေထိုင်သူမရှိ၍ လူသူအထိအခိုက် တစ်စုံတစ်ရာ မရှိခဲ့ဘူးဟု ဆိုသည်။

အဆိုပါ အစိုးရရုံးများနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအိမ်ရာများအား ဗုံးခွဲတိုက်ခိုက်ခြင်းကို တော်လှန် ရေး အင်အားစုများဘက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ဖာပွန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “ရုံးတွေဖောက်ခွဲမှုက တကယ်ဖြစ်ခဲ့ပါတယ်။ တော်လှန် ရေးအဖွဲ့က လုပ်တာပါ။ ဘယ်အဖွဲ့လုပ်တယ်  ဆိုတာကို တော့ တပ်မဟာ (၅) ရဲ့ ထုတ်ပြန်ချက် မထွက်သေးတဲ့ အတွက် အဲ့ဒါကိုတော့ အဖြေပေးလို့မရနိုင်သေးဘူးဗျ” ဟု မဇ္ဈိမကိုပြောသည်။

ဖာပွန်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၅) အုပ် ချုပ်နယ်မြေ၊ မူတြော်ခရိုင် (ဖာပွန်ခရိုင်) အတွင်း တည်ရှိပြီး KNU တပ်မဟာ (၅) က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင်တစ်ကြိမ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် တစ်ကြိမ် စာထုတ်ကာ စစ်ကောင်စီ လက် အောက်ခံ အစိုးရဝန်ထမ်းများ ၎င်းတို့၏ ရာထူး၊ တာဝန်များမှ အမြန်ဆုံးနုတ်ထွက်၊ စွန့်ခွာရန် သတိပေးတောင်း ဆိုထားသည်။

KNU တပ်မဟာ (၅) ၏ ဩဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ကျန်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် KNU တပ်မဟာ (၅) ၏ ထုတ်ပြန်ချက်အပေါ် လိုက်နာ၍ ၎င်းတို့၏ ရာထူးမှ အမြန်ဆုံး နှုတ်ထွက်ရန်နှင့် လိုက်နာခြင်းမရှိပါက အမိန့်ဆန့်ကျင်သူများအဖြစ် သက်မှတ်ကာ ပိုမိုထိရောက်သည့် အရေးယူ ဆောင်ရွက်ခြင်း ပြုလုပ်သွားမည့်အကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ဖာပွန်မြို့ပေါ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ( USDP) ရုံး ဗုံးခွဲတိုက်ခိုက်ခံရမှုရှိပြီး အဆောက်အအုံ ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေး တယ်လီဂ ရမ်ချန်နယ်များ၏ ဖော်ပြချက်အရ သိရသည်။

ပုံအညွှန်း- ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဖာပွန်မြို့နယ် အစိုးရရုံးများ (ဓါတ်ပုံ - စစ်ကောင်စီ ပြန် ကြားရေးချန်နယ်များ)

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...