ဝမ်ပေါင်ကုမ္မဏီက ဒေသခံများ၏ မြေကွက်များကို ခြံခတ်သိမ်းယူဟုဆို

ဝမ်ပေါင်ကုမ္မဏီက ဒေသခံများ၏ မြေကွက်များကို ခြံခတ်သိမ်းယူဟုဆို
ဝမ်ပေါင်ကုမ္မဏီဆိုင်းဘုတ်။(ဓာတ်ပုံ-CJ)
ဝမ်ပေါင်ကုမ္မဏီဆိုင်းဘုတ်။(ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအကူအညီ ဖြင့် ဒေသခံများ၏ မြေကွက်များကို ခြံခတ်သိမ်းယူနေသည်ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ဝက်မှေးကံတောရွာဟောင်းရှိ လူနေအိမ်များပါ ခြံခတ်သိမ်းယူလိုက်သည့်အထဲ ပါသွားသည်ဟု ဆိုသည်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဝင်တစ်ဦးက “အခုဟာက စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ကို လုံခြုံ ရေး တောင်းပြီးတော့ ဝက်မှေးကံတောရွာဟောင်းက မြေတွေကို သိမ်းယူနေတာ ။ကြိုတင်အသိပေးခြင်း ကြို တင်ညှိနှိုင်းခြင်း မရှိဘဲ စစ်တပ်နဲ့ ပေါင်းပြီး တစ်ခါတည်း သံဇကာ ခတ်ပစ်လိုက်တာ” ဟု ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ် သိမ်းယူခဲ့သည့် မြေဧရိယာအတွင်း လူနေအိမ် ၃၅ လုံး၊ ဘုန်းကြီးကျောင်း တစ်ကျောင်း နှင့် ဘိုးဘွားပိုင် မြေဧကများစွာ ပါဝင်သွားကြောင်း ဆားလင်းကြီးမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

“လတ်တလောမှာ အခြေအနေတွေကြောင့် မြေဧက ဘယ်လောက်အထိ သိမ်းယူသွားတယ်ဆိုတာကတော့ စာရင်း မကောက်နိုင်သေးဘူး” ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင် က ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ကန့်ကွက်ပြစ်တင်ကြောင်း စာ ထုတ်ပြန်ထားပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို တင်ပြပြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စီမံကိန်းသဘောတူညီချက် စာချုပ်ပါ အချက်တစ်ချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးနှင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရမည့် အချက်ကို အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လုံး၀ဆောင် ရွက်ပေးခြင်း မရှိတော့ကြောင်း ဒေသခံများက ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို အခြေစိုက်စခန်း ဖွင့်ခွင့်ပြုခြင်း၊ ကုမ္ပဏီပိုင် ကားများဖြင့် အကြိုအပို့ လုပ်ပေးခြင်း၊ စားနပ်ရိက္ခာစီစဉ်ပေးခြင်းများ ပြုလုပ်နေကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ် ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...