KBZ Bank အမည်သုံးကာ ဘဏ်အကောင့်လုံခြုံရေး အန္တရာယ်ရှိနေသည်ဟု ဖုန်းမှ စာတိုပေးပို့ခြင်းများ ရှိနေ

KBZ Bank အမည်သုံးကာ ဘဏ်အကောင့်လုံခြုံရေး အန္တရာယ်ရှိနေသည်ဟု ဖုန်းမှ စာတိုပေးပို့ခြင်းများ ရှိနေ

ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း သတိ ပေးမှုများ ရှိနေသည်။

ဖုန်းမက်ဆေ့ (SMS) တွင် KBZ Bank အမည်ဖြင့် “မင်္ဂလာပါ၊ သင့်အကောင့်ကို အခြားနေရာမှ လော့ဂ်အင် ဝင်ရန် တွေ့ရှိရပြီး ဖြစ်နိုင်ခြေရှိသောအန္တရာယ်ရှိပါသည်။ သင်၏ငွေကြေးလုံခြုံရေးနှင့် ငွေဘေးကင်းမှု အတွက်၊ စာရင်း သွင်းရန်နှင့် ကာကွယ်ရန် လင့်ခ့်ကိုနှိပ်ပါ” ဟုရေးသားထားပြီး လင့်တခုနှင့်တွဲလျက် စာတို ပေးပို့လျက်ရှိသည်။

ထိုအကြောင်း စာတိုပေးပို့ခံရသူများက ဖေ့စ်ဘုတ်တွင် ပုံနှင့်တကွဖော်ပြထားပြီး “အဲဒီလိုရောက်လာရင် Link ကို မနှိပ်လိုက်ပါနဲ့နော် ကိုယ့်ငွေတွေ အကုန်ပါသွားလိမ့်မယ်” ဟု သတိပေးထားသည်။

ထိုသို့ပေးပို့သည့် စာတိုမှာ ပြန်စာရေးသား၍လည်း မရချေ။

စာတိုတွင်ပါဝင်သည့် လင့်သို့ဝင်ရောက်သည့်အခါ Viber အကောင့်တစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။

အဆိုပါ Viber နံပါတ်သည်လည်း လူတစ်ဦးဝင်လျှင် နံပါတ်တခုဖြစ်နေသည်။ နံပါတ်အတည်တကျ မရှိချေ။

မဇ္ဈိမ၏ အချက်အလက် စစ်ဆေးသူများမှ ထိုဖုန်းနံပါတ်များကို ဆက်သွယ်ရာတွင်လည်း စက်ပိတ်ထား ကြောင်းတွေ့ရသည်။

ထိုအကြောင်းကို ကမ္ဘောဇဘဏ်၏ တရားဝင်ဖေ့ဘုတ်စာမျက်နှာဖြစ်သော အပြာရောင်အမှတ်အသားပါ “KBZ Bank” ပေ့ချ်ကို ဆက်သွယ်ရာတွင် “အဆိုပါလင့်မှာ အမှန်မဟုတ်ကြောင်း၊ ကမ္ဘောဇဘဏ်နှင့် ပတ်သက်သော သတင်း အချက်အလက်များကို တရားဝင်ပေ့ချ်ဖြစ်သည့် အပြာရောင် အမှတ်အသားပါ ပေ့ချ်၌သာ ဖော်ပြ ကြောင်း၊ လုံခြုံရေးအရ ဘဏ်အကောင့်များကို တရားဝင်မဟုတ်သည့် ပေ့ချ်၊ မက်ဆေ့နှင့် အက်ပလီကေးရှင်း၊ လင့်များတွင် ဝင်ရောက်ထည့်သွင်းအသုံးပြုခြင်းမပြုရန်” စာဖြင့် ပြန်လည်ဖြေ ကြားသည်။

ထို့ပြင် KBZ Bank ၏ တရားဝင်ပေ့ချ်၌လည်း “တခြားသူများမှ ပေးပို့လာသောလင်ခ့်များမှ အပ်ပလီကေး ရှင်း များကို ဒေါင်းလုဒ်ဆွဲခြင်းနှင့် မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မယုံကြည်ရတဲ့ အပ်ပလီ ကေး ရှင်းတွေပေါ်မှာ ဖြည့်စွက်ခြင်းမှ လုံးဝရှောင်ရှားဖို့ တိုက်တွန်းလိုက်ပါတယ်” ဟု ဗီဒီယိုဖိုင်နှင့်အတူ သတိပေး ဖော်ပြထားသည်။

လင့် - https://bit.ly/45gTda7

ထို့ကြောင့် KBZ Bank အကောင့်လုံခြုံရေးအတွက် ဖုန်းဖြင့် စာတိုပေးပို့နေသည့်လင့်များသည် လင့်အတုများ ဖြစ်ပြီး မရေရာသည့် Viber အကောင့်များသို့ရောက်ရှိသွားကာ တရားဝင်ဆက်သွယ်ရန် ပေ့ချ် သို့မဟုတ် မက်ဆေ့သို့‌ ရောက်ရှိမည် မဟုတ်ကြောင်း အသိပေးလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်း နိုင်ပါသည်။

ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်အနက် တီးတိန်နှင့် ဟားခါးမြို့မှ အပ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့နယ်ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးသက်တမ်း တိုးမြှင့် လိုက်ခြင်းသည် ၎င်းတို့၏ အုပ်ချုပ်ရေးပြိုလဲနေခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီအထွေထွေအတွင်း ရေးမှူးကပြောဆိုသည်။(Chinland Information Center)
January 31, 2026
ပါခွီး — ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားပြိုလဲနေခြင်းကြောင့်...
January 30, 2026
မြို့နယ် ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားမှု သက်တမ်းထပ်တိုးပြီး ယာယီသမ္မတဟုဆိုသည့်...
ဓာတ်ပုံ- လွှတ်တော်တက်လာသည့် တပ်ကိုယ်စားလှယ်များကို ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တွေ့ရစဉ် ။ (ROMEO GACAD / AFP)
January 29, 2026
ဂျူချန်း — စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု...
ဓာတ်ပုံ - ပဲခူးတိုင်း ဖြူးမြို့နယ် ရွာသစ်ကျေးရွာ အား အကြမ်းဖက်စစ်ကောင်စီမှ ဒရုန်းဖြင့် မီးလောင်ဗုံးများ ပစ်ချ၍ လူနေအိမ်များပျက်စီးနေမှုများ။ (CJ)
January 28, 2026
ဟန်ထူးဇော် — ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့နယ်၊ ရွာသစ်၊ ကြိမ်ခါးကုန်း နှင့် မအူပင်ကျေးရွာ...