PDF များစျေး၀ယ်ထွက်ခဲ့သည့် မတ္တရာ၊ စကျင်ရွာကို စစ်တပ် ၀င်စီး၊ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရ

PDF များစျေး၀ယ်ထွက်ခဲ့သည့် မတ္တရာ၊ စကျင်ရွာကို စစ်တပ် ၀င်စီး၊ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရ
တောကြီးမြွေပွေးတပ် စကျင်ရွာသို့ စျေးဝယ်ထွက်စဥ် (ဓာတ်ပုံ - တောကြီးမြွေပွေးတပ် တင်ခဲ့သည့် ဗီဒီယိုမှ Screenshot  ထားခြင်းဖြစ်သည်။)
တောကြီးမြွေပွေးတပ် စကျင်ရွာသို့ စျေးဝယ်ထွက်စဥ် (ဓာတ်ပုံ - တောကြီးမြွေပွေးတပ် တင်ခဲ့သည့် ဗီဒီယိုမှ Screenshot ထားခြင်းဖြစ်သည်။)

PDF များ စျေး၀ယ်ထွက်ခဲ့သည့် စကျင်ကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ်လ ၆ ရက်နေ့၊ နံနက်၄ နာရီတွင် ဝင်ရောက်စီးနင်း၍ စကျင်ကျေးရွာနှင့် အနီးရှိကျေးရွာ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေကြရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာကို စစ်ကား ခုနစ်စီးပါသော ယာဥ်တန်းဖြင့်  စစ်ကောင်စီတပ်က စစ်ကြောင်းထိုး စီးနင်းဝင်ရောက်လာပြီး မွှေနှောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

“မနက် ၄ နာရီလောက်ကတည်းက စစ်ကားခုနစ်စီးပါတဲ့ ယာဉ်တန်းနဲ့ ဝင်မွှေတယ်။ PDF တွေ မတွေ့တော့ ရွာ သား လေး၊ ငါးယောက်ကို ဖမ်းခေါ်သွားတယ်။ စကျင်ရော၊ စကျင်အနီးအနားက ကျေးရွာတွေရော အခု အကုန် ထွက်ပြေးနေရတယ်” ဟု မတ္တရာမြို့ခံတစ်ဦးက ပြောသည်။

မန္တလေးမြို့နှင့် မိုင်၂၀ ခန့်သာကွာဝေးသော ထိုကျေးရွာသို့ သြဂုတ်လ ၅ ရက်နေ့၊ ညနေပိုင်းက ဒေသကာကွယ် ရေး တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်သည့် တောကြီးမြွေပွေးတပ်ဖွဲ့က စျေး၀ယ်ထွက်ခဲ့သည့် ဗီဒီယိုကလစ် တစ်ခုကို ၎င်းအဖွဲ့ တာ၀န်ခံဗိုလ်တီက Facebook တွင် တင်ခဲ့သည်။

၎င်းတို့အဖွဲ့သည် စကျင်ကျေးရွာစျေးအတွင်း လိုအပ်သည်များ၀ယ်ယူပြီး စစ်ကောင်စီကို စိန်ခေါ်ကာ ပြန်ထွက် သွားသည်ကို ထိုဗီဒီယိုတွင် မြင်ရသည်။

“သေရဲတဲ့ကောင် ထွက်ခဲ့ဆိုလို့ စျေးသွား၀ယ်တာ။  ဆူးကို မဆူးဘူး။  ဘယ်ပြေးကြလဲ မသိဘူး။ PDF ဆိုတာ တောထဲမနေတော့ဘူး ခေါင်းစိမ်းတို့” ဟု ဗိုလ်တီက ဗီဒီယိုတွင် ပြောဆိုထားသည်။

၎င်းဗီဒီယို လူမှုကွန်ရက်ပေါ် ပြန့်နှံ့သွားပြီး နောက်ပိုင်း စစ်ကောင်စီ ထောက်ခံသူများက အလယ်ပိုင်းတိုင်း စစ်ဌာ နချုပ်ကို ဖိအားပေး ရေးသားဝေဖန်ခဲ့ကြသည်။

ထို့ကြောင့် စစ်ကောင်စီက စကျင်ကျေးရွာကို ၀င်ရောက်စီးနင်းပြီးနောက် အနီး၀န်းကျင်တွင် စစ်စခန်းဖွင့် အထိုင် ချကာ မတ္တရာတစ်မြို့နယ်လုံးကိုလည်း လုံခြုံရေးတင်းကြပ်ထားကြောင်း ဒေသခံများက ပြောသည်။

“မြွေပုံကန်၊ ပို၀၊ ညောင်အုပ် အဲဒီဘက်က ကျေးရွာတွေ အကုန်ထွက်ပြေးနေရတယ်။ စကျင်ရွာနဲ့ အနီး၀န်းကျင် ရွာတွေကို စစ်ကောင်စီ ၀င်စီးထားတယ်။ မတ္တရာမြို့ အ၀င်၊ အထွက်ကိုလည်း ပိတ်ဆို့ထားတယ်” ဟု ဒေသခံက တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ဇွန်လက စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ပေါ်စျေးသို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ စျေး၀ယ်ထွက်ခဲ့သည်ကို အကြောင်းပြုပြီး စစ်ကောင်စီက ဆားတောင်မြို့အနီးရှိ ကျေးရွာများအား စီးနင်း၀င် ရောက်ကာ အိမ်ခြေ ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ဦး ထက်မနည်းကိုလည်း သတ်ဖြတ်သွားခဲ့ သည်။

Zero ပြောက်ကျားတပ်ဖွဲ့ စျေး၀ယ်ထွက်ခဲ့သည့် ဗီဒီယိုကို ၎င်းအဖွဲ့ ကပင် Facebook လူမှုကွန်ရက်ပေါ်  တင်ခဲ့ ခြင်း ဖြစ်သည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...