ရွှေကုက္ကိုလ်တွင် အွန်လိုင်း လူလိမ်လုပ်ငန်းတချို့ ရပ်နားပြီးနောက် အခန်းငှားနေသူများ နည်းပါးလာ

ရွှေကုက္ကိုလ်တွင် အွန်လိုင်း လူလိမ်လုပ်ငန်းတချို့ ရပ်နားပြီးနောက် အခန်းငှားနေသူများ နည်းပါးလာ

ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ဇွန်လ ၂၀ ရက်နေ့မှစ၍ အွန်လိုင်းလူလိမ်ခေါ် သည့် လုပ်ငန်းအချို့ ရပ်နားထားရပြီးသည့်နောက် ၎င်းဒေသတွင် အိမ်ခန်းငှားနေထိုင်သူများ နည်းပါးသွား ကြောင်း ရွှေကုက္ကိုလ်ဒေသခံများက ပြောသည်။

အဆိုပါ ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်ခြင်းအပြင် WIFI အင်တာနက်လိုင်းပါ ဖြတ်တောက်လိုက်ခြင်းကြောင့် ကာစီနိုလောင်းကစားနှင့် အွန်လိုင်းလူလိမ်ခေါ်သည့် လုပ်ငန်းအချို့ ရပ်နားထား ရကာ ၎င်းလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများလည်း နေရပ်ပြန်သွားကြသောကြောင့် အိမ်ခန်းငှား နေထိုင်သူများနည်းပါးသွားပြီး အခန်းခ စျေးနှုန်းမှာလည်း ကျသွားသည်ဟု ပြောသည်။

ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက “အခုက အရင်ကလို အခြေအနေမကောင်းတော့ဘူး။ အလုပ်ရှာရတာလည်း မလွယ်တော့ဘူး။ အွန်လိုင်းလုပ်ငန်း ၃ ခုနားလိုက်တော့ အလုပ်သမားတွေလည်းပြန်ကုန်ကြပြီ။ အခန်းတွေ လည်း မငှားကြတော့ဘူး။ အရင်က ဘတ် ၇ ထောင် အခန်းတွေဆိုရင် အခုနေမယ့်သူမရှိလို့ ဘတ် ၃ ထောင်နဲ့ ငှားနေရပြီး။ ဒါတောင်နေမယ့်သူမရှိတော့ဘူး။ မီးသာမလာတာ လတိုင်း ရေခမီးခ တွေကပုံမှန်တက်နေတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

တရုတ်လူမျိုးများ အပြင် အခြားနိုင်ငံခြားသားများ လုပ်ကိုင်နေသည့် ကာစီနို လောင်းကစားရုံ လုပ်ငန်းတစ်ခုနှင့် အွန်လိုင်း လူလိမ်ခေါ် လုပ်ငန်းနှစ်ခုတို့ ရပ်နားထားရပြီး ၎င်းလုပ်ငန်းမှ အလုပ်သမား (၆၀) ကျော် အလုပ်ပြုတ် သွားခဲ့သေးသည်။

ထို့အပြင် နယ်ခြားစောင့်တပ် - BGF ထိန်းချုပ်သည့် ရွှေကုက္ကိုလ်ဒေသတွင် အွန်လိုင်းလူခေါ်ခြင်း၊ နိုင်ငံအသီး သီးရှိ လူများထံမှ ငွေကြေးလိမ်ယူခြင်းများကို အခြားသောနိုင်ငံများက သိရှိသွားခြင်းကြောင့် ငွေလိမ်၍ မရ တော့ဘဲ မြန်မာနိုင်ငံကို ပစ်မှတ်ထား၍ ပြောင်းလဲလိမ်ယူရန် စီစဉ်နေသည်ဟု အမည်မဖော်လိုသူ အွန်လိုင်း လူခေါ်သည့် လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “တရုတ်တွေ တော်တော်များများ ပြန်ကုန်ကြပြီး။ တခြားလူမျိုးတွေကို ပြောင်းလိမ်မယ်လို့ပြောတယ်။ လိမ်တာက တရုတ်နိုင်ငံကရော၊ တခြားနိုင်ငံရော တော်တော်များများသိသွားကြတော့ လိမ်လို့မရတော့ဘူး။ အခု မြန်မာ ပြည်လူတွေကို ပြောင်းပြီးလိမ်မယ်တဲ့” ဟု ပြောသည်။

ထိုသို့ ရွှေကုက္ကိုလ်ဒေသတွင် နေအိမ်အခန်းငှားမည့်သူများ နည်းပါးလာသော်လည်း စားသောက်ဆိုင်၊ KTV၊ ဘား (Bar) များကိုမူ BGF တပ်များနှင့် တရုတ်နိုင်ငံသားများက ပူးပေါင်း၍ ဖွင့်လှစ်တိုးချဲ့လာသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အလားတူ ရွှေကုက္ကိုလ်မြို့ရှိ တရုတ်ဆိုက် အွန်လိုင်းလူလိမ်၊ ငွေကြေးလိမ်လည်ခြင်းနှင့် ကာစီနိုလောင်းကစားရုံ တွင် ပြည်ပနိုင်ငံများမှ လာရောက်လုပ်ကိုင်သူများ ရှိသလို ပြည်တွင်းရှိ လောက်ကိုင်၊ မူဆယ်၊ တောင်ကြီး၊ ရန် ကုန်၊ မန္တလေးနှင့် ဖားအံ စသည့် နေရာအသီးသီးမှ လူငယ်များနှင့် အမျိုးသမီးအများစုက လာရောက် လုပ်ကိုင် နေကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - AP
August 6, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင်...
ဓာတ်ပုံ - Amarin News (Crd)
August 6, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်နှင့် တွေ့ဆုံရန် မြန်မာစစ်အုပ်စု ခေါင်းဆောင်...
August 5, 2026
ကရင်လူမျိုးများအတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုရရှိရန်၊ ကော်သူးလေ (ကရင်ပြည်) တွင်...
August 4, 2026
စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်ရှိ မြန်မာအမျိုးသမီးများသည် နိုင်ငံတကာ၏ ကူညီကယ်တင်မှုကို စောင့်...