မြဝတီအထွက် စစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းပို့ဆောင်သည့်ယာဉ်များကိုစစ်ဆေးမှု ပိုတင်းကြပ်လာ

မြဝတီအထွက် စစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းပို့ဆောင်သည့်ယာဉ်များကိုစစ်ဆေးမှု ပိုတင်းကြပ်လာ

ထိုင်း-မြန်မာနယ်စပ်မှ ကုန်စည် သယ်ယူပို့ဆောင်မှု ပြုလုပ်နေသည့် ကုန်ပစ္စည်းတင်ယာဉ်များကို ပြီးခဲ့သည့် ဇူလိုင်လပိုင်းမှစ၍ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တွင် တင်းကြပ်စွာ စစ်ဆေးလာကြောင်း ယာဉ်မောင်း များက ပြောသည်။

ယခင်က မြဝတီ၊ ဖားအံ၊ ရန်ကုန်၊ မော်လမြိုင်စသည့် လမ်းကြောင်းသို့ ပစ္စည်းပို့ဆောင်ရာတွင် လိုအပ်မှသာ စစ် ဆေးမှု လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီတပ်၏ ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်စသည့် စစ်ဆေးရေးဂိတ်များတွင် ကားပေါ်ပါလာသည့် ပစ္စည်းများကို ယခင်ကထက် ပိုမိုစစ်ဆေးလာသည်ဟု အမည် မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်းက “အရင်ကဆိုရင် မြဝတီ - ရန်ကုန် လမ်းကြောင်းဆိုရင် အေးဆေးသွားလို့ရတယ်။ အခုက အကုန်ဖောက် စစ် ဖွင့်စစ်နေတယ်။ ယိုးဒယားကဝင်တဲ့ ပစ္စည်းတိုင်းကို မှောင်ခိုပစ္စည်းဆိုပြီး သိမ်းကြုံး ပြီးတော့ကို ရမ်းနေ တယ်။ တစ်ခု သူတို့စိတ်မချတာက ကျနော်တို့ကားတွေကနေ သွားလို့ရှိရင် လက်နက်တွေပဲပါမလား၊ PDF တို့၊ ဘာတို့ထောက်ပို့ ပစ္စည်းပဲပါမလား၊ သူတို့ကို တော်လှန်ပုန်ကန်မယ့် အနေအထားမျိုးတွေပဲ ပါမလားပေါ့နော်။ အဲ့လိုသတ်မှတ်ပြီး စစ်နေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မြဝတီမြို့အထွက် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှု တင်းကြပ်လာသောကြောင့် ပစ္စည်းပို့ဆောင်မှု ပြု လုပ်နေသည့် ကုန်တင်ယာဉ်ကြီးများ အနေဖြင့်လည်း လမ်းခရီးကြန့်ကြာပြီး အဆင်မပြေမှုများ ရှိလာကြောင်း လည်း အခြား ကုန်တင်ယာဉ်မောင်းသူတစ်ဦးကလည်း ပြောသည်။

“ကုန်ကားတွေက ပစ္စည်းတင်ခ ပေးရတာလည်း စျေးကြီး စစ်ဆေးတာတွေကလည်း ပိုပြီးလုပ်တော့ မောင်းရ တာ အဆင်မပြေဘူး။ မြဝတီကနေ ရန်ကုန်မောင်းရင် အရင်က လွယ်လွယ်ကူကူပဲ အေးဆေး သွားလို့ရတယ်။ အခုက စစ်ဆေးရေးဂိတ်မှာ စစ်ပြီးရစ်တာ အကြာကြီး စောင့်ရတယ်။ ကုန်သွယ်ရေး ဇုန်မှာစစ်ပြီးရင် ပဲခူး အဝင် မှာလည်း အဲ့လိုပဲ အကြာကြီး စောင့်နေရတော့ သွားမဲ့ခရီးက ကြာသွားရော”ဟု ကေအိုင်စီသို့ပြောသည်။

မြဝတီမြို့အနီးရှိ ကုန်သွယ်ရေးဇုန်ဂိတ်ကို ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သေးသည်။

ဓာတ်ပုံ - AP
August 6, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင်...
ဓာတ်ပုံ - Amarin News (Crd)
August 6, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်နှင့် တွေ့ဆုံရန် မြန်မာစစ်အုပ်စု ခေါင်းဆောင်...
August 5, 2026
ကရင်လူမျိုးများအတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုရရှိရန်၊ ကော်သူးလေ (ကရင်ပြည်) တွင်...
August 4, 2026
စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်ရှိ မြန်မာအမျိုးသမီးများသည် နိုင်ငံတကာ၏ ကူညီကယ်တင်မှုကို စောင့်...