နယ်စပ် ဒုက္ခသည်စခန်းများတွင် ကျောင်းသူ/သား ဦးရေများလာပြီး အကူအညီလိုအပ်နေ

နယ်စပ် ဒုက္ခသည်စခန်းများတွင် ကျောင်းသူ/သား ဦးရေများလာပြီး အကူအညီလိုအပ်နေ

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း၇ ခု၌ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသူ/သား ဦးရေများလာပြီး စာသင်ဆောင် အဆောက်အအုံနှင့် သင်ထောက်ကူ ပစ္စည်း အကူအညီများ လိုအပ်နေကြောင်း ကရင်ဒုက္ခသည်များကော်မတီ - KRC တာဝန်ရှိသူက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင် ဒုက္ခ သည် စခန်း (၇) ခုတွင် ယခုနှစ်ကျောင်းသားဦးရေ များပြားလာသည့်အတွက် ကျောင်းသုံး စာအုပ်များ မလုံ လောက်သည့်အပြင် စာသင်ကျောင်း အဆောက်အအုံများလည်း ပြန်လည်တိုးချဲ့ ဆောက်လုပ်ပြင်ဆင်ရန် အကူ အညီမရရှိကြောင်း KRC ပညာရေးတာဝန်ခံ စောဟေစိုးကပြောသည်။

၎င်းက “ ဒီနှစ်က ကျောင်းသားဦးရေတော့ အရမ်းများလာတယ်။ ကျောင်းဆရာ/မတွေလည်း အကူအညီ အထောက်အပံ့လိုတယ်။ ပြီးတော့ ကျောင်းသားတွေကလည်း ပုံနှိပ်စာအုပ်တွေ မလုံလောက်ဘူး။ ရှိတဲ့ကျောင်း တွေကလည်း အဆောက်အအုံတွေ ပြန်ပြင်ဖို့က အကူအညီမရှိတော့ ပြင်လို့မရဘူး။ ပြီးတော့ ကျောင်းတွေ ထပ် ဆောက်ဖို့လည်း မလုပ်နိုင်သေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို ဒုက္ခသည်စခန်း (၇) ခု၌ ယခင်နှစ် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တွင် မူလတန်းမှ အထက်တန်းအထိ စာသင် ကျောင်းပေါင်း ၄၉ ကျောင်းမှ ကျောင်းသူ/သားဦးရေ (၁၆,၀၀၀) ကျော်သာရှိရာမှ ယခု ၂၀၂၃-၂၀၂၄ ပညာသင် နှစ်တွင် (၂၁,၂၆၇) ဦးနှင့် ကျောင်းဆရာ/မ ဦးရေ (၈၃၄) ဦးရှိသည်ဟု KRC မှတ်တမ်းအရ သိရသည်။

၎င်းအပြင် ဒုက္ခသည်စခန်းတွင် အထက်တန်းပညာပြီးဆုံးသွားသည့် ကျောင်းသူကျောင်းသားများ ပညာဆက် လက် သင်ကြားနိုင်ရန်အတွက် ဖွင့်လှစ်ထားသော အထက်တန်းလွန် Post- Ten (၉) ကျောင်းတွင်လည်း ကျောင်း သူ/သားဦးရေ (၁၀၈၇) ဦး ရှိသည်ဟု KRCက ပြောသည်

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှစတင်၍ နယ်စပ်ဒုက္ခသည် စခန်းများအတွင် ပညာရေး အထောက်အပံ့များ အဆမတန် နည်းလာပြီး စာသင်ကြားပေးသည့် ကျောင်းဆရာ/မ (၄၆၅)ဦးအတွက်သာ လစဉ် အထောက်အပံ့အဖြစ် တစ်ဦး လျှင် ဘတ်တစ်ထောင်နှုန်းသာ ထောက်ပံ့ပေးနိုင်ကြောင်း ဒုက္ခသည် ကော်မတီဆိုင်ရာပညာရေးအဖွဲ့ - KRCEE ၏ စာရင်းမှတ်တမ်း အချက်အချက်များအရ သိရသည်။

ထို့အတူ ၎င်းဒုက္ခသည်စခန်းများရှိ မူကြိုကျောင်း ၄၇ ကျောင်းအတွက် အကူအညီရရှိမှု အလွန် နည်းပါးသဖြင့် ဒေသအတွင်းရှိ လူမှုအခြေပြု အဖွဲ့အစည်းများကသာ ပြန်လည် ကူညီ ထောက်ပံ့ရသည်ဟု ဆိုကြသည်။

နို့ဖိုးဒုက္ခသည်စခန်းတွင် ပြောင်းလာနေသည့် ကျောင်းသားမိဘ နန်းမူးက “ကျမတို့ရွာမှာက ကျောင်းဖွင့်တယ်။ ဒါပေမယ့် အခြေအနေက အမြဲနားစွင့်ပြီးနေရတယ်။ လက်နက်ကြီးတွေလည်း ခဏခဏ ပစ်တယ်ဆိုတော့ စိတ် ချလက်ချနဲ့ ကလေးတွေကို ကျောင်းမထားရလို့ ဒုက္ခသည်စခန်းမှာ ပြန်လာထားတာ။ ကျမတို့က အရင်ကတည်း က စခန်းမှာနေခဲ့တာ။ ခေတ်ကောင်းပြီးထင်လို့ ရွာမှာပြန်နေပြီး အခု တဖန် ဒီကိုပြန်လာဝင်နေရတာ” ဟု ကေအိုင်စီ သို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးသည့်နောက်တွင် မြန်မာပြည်တောင်ပိုင်းဒေသရှိ ကေအဲန်ယူ ထိန်းချုပ် နယ် မြေများတွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသည့်အတွက် စာသင်ကျောင်း အမြောက်အများ ပိတ်လိုက်ရပြီး ကျောင်းသူ/သား အများစုကလည်း နီးစပ်ရာ နယ်စပ် ဒုက္ခသည်စခန်းများသို့ သွားရောက် တိမ်း ရှောင်ကာ ဆက်လက်ပညာသင်ယူကြရခြင်း ဖြစ်သည်။

Photo: (KRC)

August 5, 2026
ကရင်လူမျိုးများအတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုရရှိရန်၊ ကော်သူးလေ (ကရင်ပြည်) တွင်...
August 4, 2026
စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်ရှိ မြန်မာအမျိုးသမီးများသည် နိုင်ငံတကာ၏ ကူညီကယ်တင်မှုကို စောင့်...
August 3, 2026
ကရင်ပြည်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ကရင်နယ်ခြားစောင့်တပ် (BGF) ၏ အမှတ်(၄)တပ်နယ်မှူး...
MPA (ပုံဟောင်း)
August 3, 2026
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ဆက်နွှယ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (...