ကော့ကရိတ်မြို့အနီးတိုက်ပွဲ စစ်ကောင်စီတပ် ၈ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ

ကော့ကရိတ်မြို့အနီးတိုက်ပွဲ စစ်ကောင်စီတပ် ၈ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ကမိုင်ကုန်း‌လမ်းရှိ ဒေါနအလှ ရေကူးကန်တွင် စစ်ကောင်စီတပ်နှင့် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များ ဇူလိုင်လ ၂၇ ရက် နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ ၈ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိကြောင်း KNLA ဘက်က ပြောသည်။

တစ်ရက်နီးပါး ဖြစ်ပွားခဲ့သည့် အဆိုပါ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံး ကာ ၃ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ကျားဖြူစစ်ကြောင်း စစ်ရေးချုပ်ဗိုလ်ဆေးမှူးက ယခုကဲ့သို့ ပြောသည်။

“မနက် ၁၀ နာရီမိနစ် ၅၀ ကနေ စဖြစ်တယ်။ ညနေ ၄ နာရီမှာ တပ်ပြန်ရုပ်သိမ်းတယ်။ စနိုက်ပါ၊ RPG၊ ၄၀မမ လည်း ပစ်တော့စစ်ကောင်စီဘက်က ၈ ဦးသေတယ်။ ဒဏ်ရာက ၃ ဦးရတယ်။ အားလုံး ၁၁ ဦးပေါ့။ တိုက်ပွဲက အချိန် တော်တော်ကြာတယ်။ မိုးရွာမှ Sniper ကြည့်မရတော့ တပ်ပြန်ရုပ်လိုက်ရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း တော်လှန်ရေး အင်အားစုဘက် တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာသွားနိုင်ခဲ့ကြောင်းလည်း ကျားဖြူစစ်ကြောင်းဘက်က ဆိုသည်။

အဆိုပါ တိုက်ပွဲအပြီး ယမန်နေ့ကလည်း ကော့ကရိတ်မြို့အနီး အာရှလမ်းမပေါ်တွင် စစ်ကောင်စီ တပ်များ ကင်း လှည့်လည်ကာ တိုက်ပွဲဖြစ်ပွားရာရေကူးကန်တွင် စစ်ကား တစ်စီးဖြင့် အင်အားထပ်မံ ဖြည့်‌တင်းနေကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။

အမည်မဖော်လိုသူ ကော့ကရိတ်မြို့ခံတစ်ဦးက”ဟိုတစ်နေ့ကတော့ တစ်နေ ကုန်အသံစုံပစ်နေကြတယ်။ ဒီနေ့က စစ်ကောင်စီတွေ အာရှလမ်း -ကော့နွဲဘက်မှာ ကားနှစ်စီးနဲ့ကင်းလှည့်နေကြတယ်။ ရေကူးကန်မှာလည်း ကား တစ်စီးဝင်သွားပြီး အင်အားဖြည့်နေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်သည် ထိခိုက်‌ သေဆုံးမှုများသဖြင့် အရပ်သား ပြည်သူများနေထိုင် သည့် ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပြန်လည် ပစ်ခတ်ခဲ့ကြောင်းလည်း တော်လှန် ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီပစ်ထုတ်လိုက်သည့် လက်နက်ကြီးကြောင့် ကော့ကရိတ်မြို့အနီးရှိ ကျေးရွာ များရှိ ကျွဲ၊ နွား တိရိစ္ဆာန် များ၊ အရပ်သားနေအိမ်များ မကြာခဏ ထိခိုက်ပျက်စီးကာ ယမန်နေ့တွင်လည်း ကားနှစ်စီးနှင့်ဆိုင်ကယ် နှစ်စီး ထပ်မံ ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...
April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...