စခန်းကုန်းအသိမ်းခံနေရစဉ် အမိန့်မရဘဲဆုတ်ခွာသည့် စစ်ကောင်စီ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး ထောင်ကျ

စခန်းကုန်းအသိမ်းခံနေရစဉ် အမိန့်မရဘဲဆုတ်ခွာသည့် စစ်ကောင်စီ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး ထောင်ကျ
လက်ခတ်တောင် စခန်းသိမ်း တိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်များ (KNU)
လက်ခတ်တောင် စခန်းသိမ်း တိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်များ (KNU)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်း တိုက်ပွဲတွင် အမိန့်မရ ဘဲဆုတ်ခွာခဲ့သည့် စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ခမရ (၂)မှ တပ်ရင်းမှူး အာကာအောင်နှင့် ဒု-တပ်ရင်းမှူး ကျော်သူမောင်တို့ နှစ်ဦး သည် ရှေ့တန်းတိုက်ပွဲတွင် အာဏာဖီဆန်မှုဖြင့် အကျဉ်းကျခံနေရခြင်းဖြစ်သည်။

စစ်ရေးဗျူဟာအရ အချက်အချာကျသည့် အဆိုပါစခန်းကုန်းကို ဇူလိုင် ၂၀ ရက် နံနက် ၆ နာရီခန့်မှ စတင်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၆)၊  KNLA - ပူးပေါင်းတပ်ဖွဲ့များ နှင့် ဒရုန်း တပ်ဖွဲ့များမှ တိုက်ခိုက်ရာ ဇူလိုင် ၂၁ ရက် နံနက် ၅ နာရီခန့်တွင် အပြီးသတ်ဝင်ရောက် သိမ်း ပိုက်နိုင်ခဲ့ ကြောင်း KNU က ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ အင်အား ၆၀ ကျော်ရှိသော ခမရ (၂) နှင့် ခမရ (၁၈) တပ်ရင်းနှစ်ရင်းမှ ထိခိုက် သေဆုံးမှုများရှိခဲ့ပြီး အရေအတွက်ကို စိစစ်နေဆဲဖြစ်ကြောင်း ဆိုသည်။

ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့သည့် တပ်ရင်းမှူး အာကာအောင်နှင့် ဒု-တပ်ရင်းမှူး ကျော်သူမောင်တို့ နှစ်ဦးသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အကျဉ်းထောင်တွင် အာဏာဖီဆန်မှုဖြင့် အပြစ်ပေးထောင်ချခံနေရခြင်း ဖြစ်ကြောင်း Cobra စစ်ကြောင်း၊ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောသည်။

တိုက်ပွဲအတွင်း ဆက်သွယ်ရေး စက်တလုံး၊ 60 mm ကျည် ၁၆ လုံး၊ ရှေ့ထွက်မိုင်းခြောက်လုံး၊ ကားမိုင်း ကိုးလုံး၊ Jammer စက်နှစ်လုံး၊ မိုင်းရှာစက် နှစ်လုံး၊ စက်လက်ပြောင်း တပြောင်း၊ ကွန်မန်ဒို ၆၀ မမ ပြောင်း နှစ်လက်၊ ၄၀ မမ ကျည် ကိုးလုံး၊ G3 ကျည်ဘောက် လေးခု၊ MA ကျည်ဘောက် နှစ်ဘောက်၊ စစ်ခမောက် ရှစ်လုံး၊ RPG ပို့ယမ်း သုံးတောင့်၊ RPG သီး တလုံး၊ ၇.၆၂ ကျည် ၁,၈၈၀ တောင့်နှင့် ၅.၅၆ ကျည် ၃၀၂ တောင့်တို့ကို သိမ်းဆည်း မိခဲ့ကြောင်း KNU က ပုံနှင့်တကွ ထုတ်ပြန်သည်။

တိုက်ပွဲတွင် KNLA ပူးပေါင်းတပ်ဖွဲ့များမှ တော်လှန်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ပေ။

စစ်ကောင်စီအထိုင်တပ်စခန်းများကို တိုက်ထုတ်ဖယ်ရှားပြီး ပထမဆုံးအကြိမ်စိုးမိုးထားနိုင်သော လက်ခတ် တောင်သည် မြဝတီမြို့၏ ခံစစ်စည်းဖြစ်ပြီး စစ်ရေးအရ လွန်စွာအရေးပါသော ဗျူဟာမြောက်ကုန်း ဖြစ်ကြောင်း Cobra စစ်ကြောင်းမှူး ဗိုလ်ဒါဘောက မဇ္ဈိမနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...