မင်းလှမြို့တွင် သစ်နှင့်မီးသွေးခိုးထုတ်သောကားကို PDF ဖမ်းဆီး

မင်းလှမြို့တွင် သစ်နှင့်မီးသွေးခိုးထုတ်သောကားကို PDF ဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်းလမ်း ခါချဉ်တောင်အနီးတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ပဲခူးရိုးမအတွင်းမှ သစ်နှင့်မီးသွေးများ ခိုးထုတ်လာသောကားအား PDF အဖွဲ့မှ ပစ်ခတ်ဖမ်းဆီးကာ မီးရှို့ ခဲ့ကြောင်းဒေသခံများက ပြေညသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ယာဉ်မောင်းနှင့် အခြားအမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ပြန်ကြားရေး တာဝန်ရှိသူ က ပြောသည်။

“ကျွန်တော်တို့ အရင်ရက်ကတည်းက သတိပေးခဲ့ပြီးသား၊ စာလည်းထုတ်ထားပြီးသားပဲဗျ၊ သတိမပေးဘဲ လုပ် တာမဟုတ်ဘူး၊ သေဆုံးသူတွေဟာလည်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့သူတွေပါပဲ။ မနေ့ညက ကားငါးစီးနဲ့ စစ်ကောင်စီတပ်သားတွေ အလောင်းကို လာသယ်တယ်၊ လာသယ်တာကို အရှေ့မှာ ပြည်သူ လေးဦးကိုဖမ်းပြီး ရှေ့ကလွှတ်တယ် ဒိုင်းအနေနဲ့ပေါ့။ လက်ရှိတော့ သူတို့ဘက်က အင်အား ၁၀၀ လောက် ရိုးမပေါ်ရောက်နေတယ်” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

သေဆုံးခဲ့သူနှစ်ဦးမှာ မင်းလှမြို့တွင် နေထိုင်သူများဟုသိရပြီး ၎င်းတို့၏ရုပ်အလောင်းများသည် ယင်းနေ့ ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် မင်းလှမြို့နယ်ဆေးရုံ၊ ရင်ခွဲရုံသို့ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးကလည်းပြောသည်။

“တက်လာတာက ကားက လေးစီး။ ဗိုလ်မှူးကျော်သူရနဲ့ ပေါင်းလုပ်တာ၊ ဗိုလ်မှူးကျော်သူရက ဒကစ က ရောက် လာတာ လက်ရှိမှာ မင်းလှ အုပ်ချုပ်ရေးကောင်စီမှာ ပါနေတယ်၊ သူနဲ့ပေါင်းလုပ်နေတာ သစ်ခိုးထုတ်တာတွေက၊ အခုရှို့ခံရတာက တစ်စီးပဲ။ ကျန်သုံးစီးက ဘယ်ရောက်သွားလဲမသိ။ ရှို့ခံရတဲ့ကားပေါ်မှာက မီးသွေးတွေကိုတင် လာတာ” ဟု အထက်ပါ မင်းလှမြို့ဒေသခံက ပြောသည်။

သစ်ခိုးထုတ်ခြင်းသည် ပဲခူးတိုင်းအနောက်ခြမ်းရှိ စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းကြောင်းတစ်ခုဟုသိရပြီး ပစ်ခတ်မှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၃၈၀၂) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆို သည်။

ပဲခူးရိုးမအတွင်းတွင် တောင်ကတုံးများဖြစ်နေသည့်အထိ ဆိုးရွားသော သစ်တောပြုန်းတီးမှု ဖြစ်ပေါ်နေ၍ NLD အစိုးရ လက်ထက်တွင် ပဲခူးရိုးမအတွင်းမှ သစ်ထုတ်လုပ်မှုကို ၂၀၁၇−၂၀၁၈ ဘဏ္ဏာနှစ်မှစတင်ကာ ၂၀၂၇ ခုနှစ် အထိ ၁၀ နှစ်တိတိ ရပ်ဆိုင်းထားခဲ့သည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရိုးမအတွင်းမှ သစ်ခိုးထုတ် ရောင်းချမှုများနှင့် အတူ စီးပွား ဖြစ် မီးသွေးဖုတ်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...