တနိုင်းမြို့ရှိ စက်သုံးဆီပန့် အရောင်းဆိုင်ကြီးများ ပိတ်ထားပြီး တစ်ဂါလံ ကျပ် ၄၀,၀၀၀ ပေးဝယ်နေရ

တနိုင်းမြို့ရှိ စက်သုံးဆီပန့် အရောင်းဆိုင်ကြီးများ ပိတ်ထားပြီး တစ်ဂါလံ ကျပ် ၄၀,၀၀၀ ပေးဝယ်နေရ

ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ စက်သုံးဆီပန့် အရောင်းဆိုင်ကြီးတွေ ပိတ်ပင်ထားဆဲဖြစ်ပြီး အပြင်က ရေသန့်ဗူး နဲ့ လက်လီရောင်းတဲ့ ဆိုင်သေးတွေမှာ ဈေးကြီးကြီးနဲ့ ပေးဝယ်နေရတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါ တယ်။

အရင်က ဓာတ်ဆီတစ်ဂါလံ (၄ လီတာ) ကို ကျပ် ၁သောင်းကျော်ပဲ ပေါက်ဈေးရှိခဲ့ရာနေ လက်ရှိမှာတော့ ကျပ် ၄သောင်းထိ မြင့်တက်နေတာ အချိန်သုံးပတ်လောက်ရှိလာပြီဖြစ်ပြီး တစ်လီတာ ကျပ်တစ်သောင်းနဲ့ ဝယ်ယူ အသုံးပြုနေရပြီးတော့ လိုသလောက်မရရှိနိုင်ဘူးလို့ တနိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

“သွားစရာရှိရင်တော့ ဈေးကြီးကြီးနဲ့ပေးပြီး သူတို့ရောင်းတဲ့ ဈေးနဲ့ဝယ်ပြီး သွားရတာပေါ့။ ရတာနဲ့ ဖြစ်အောင် ကျနော်တို့ သွားလာနေတာပေါ့။ လယ်ယာလုပ်တဲ့ သူတွေ အတွက်တော့ အရမ်းခက်ခဲတယ်” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

တနိုင်းမြို့ကို ဝင်တဲ့လမ်းပိုင်းတွေမှာ စစ်ကောင်စီက စက်သုံးဆီ သယ်ဆောင်ခွင့်တွေကို တင်းကြပ်လိုက်တာ ကြောင့် ဒေသခံတွေဟာ အပြင်မှာ လက်လီရောင်းချတဲ့ သူတွေဆီကနေ ဈေးကြီးကြီးနဲ့ ဝယ်ယူအသုံးပြုနေရတာ ဖြစ်ပါတယ်။

အခြား တနိုင်းဒေသခံ အမျိုးသမီးတစ်ဦးကလည်း စက်သုံးဆီ ဈေးမြင့်တက်တဲ့အပြင် ဆန်ဈေးလည်း မြင့်တက် နေတာကြောင့် အခြေခံ လက်လုပ်လက်စားတွေ အခက်အခဲများစွာ ကြုံတွေ့ရတယ်လို့ ပြောပြပါတယ်။

“ရောင်းတဲ့ သူမရှိတဲ့အချိန်လည်း ခက်တယ်။ ပြီးတော့ ဈေးတအားကြီးတာကြောင့်လည်း အရမ်းခက်တယ်။ ဆီ ကဈေးကြီးတာနဲ့ ဆန်ဈေးကလည်းကြီးတာနဲ့ ဝယ်စားဖို့က လက်လုပ်လက်စားတွေအတွက် အရမ်း အဆင်မပြေ ဘူး” လို့ လက်ရှိအခက်အခဲကို တနိုင်းဒေသခံ အမျိုးသမီးက ရှင်းပြပါတယ်။

စက်သုံးဆီအသုံးပြုပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေနဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်တဲ့သူတွေလည်း စက်သုံးဆီ လိုသလောက် မရတာတွေကြောင့် အခက်အခဲကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက စက်သုံးဆီတွေ သယ်ဆောင်လာခဲ့ရင် ဖမ်းဆီးပြီး သူတို့ဖမ်းဆီးလိုက်တဲ့ စက်သုံးဆီတွေကို တဆင့်ပြန်လည်ရောင်းချနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...
April 21, 2026
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၃ ရက်ကြာလာတဲ့အချိန်...