ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမည်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမည်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွပ်စွဲအမိန့်ချထားသည့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်၊ မသင့် ကြားနာရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းအတွင်းမှ သိရသည်။

အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အဂတိအမှုများ အပါအဝင် စုစုပေါင်းအထူးအယူခံ အမှုခြောက်မှုကို လာမည့် ဩဂုတ်လ ၈ ရက်နေ့တွင် ကြားနာမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက နေပြည်တော်တွင် လရောင်တော စိုက်ပျိုးသက် မွေးပညာသင်တန်းကျောင်း စီမံကိန်း အတွက် မြေကွက်များ လျှောက်ထားရယူသည့်ကိစ္စ၊ လရောင် တောမြေနေရာတွင် ဒေါ်ခင်ကြည် ဖောင် ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန် တစ်ထပ် အဆောက်အအုံကို လှူဒါန်းငွေဖြင့် ဆောက်သည် ဆို သည့်ကိစ္စ၊ ရန်ကုန်တွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရုံး ချုပ်ဖွင့်လှစ်မည့် အဆောက်အအုံနှင့် မြေကွက် ကိစ္စတို့ အပေါ် စစ်ကောင်စီဘက်က အဂတိအမှု လေးမှုဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုလေးမှုအတွက် စစ်ကောင်စီ လက်အောက်ခံ တရားရုံးက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်အား ပြစ်ဒဏ်တပေါင်းတည်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ရာ တရားလွှတ်တော်ချုပ်အထိ ကနဦး အယူခံတက်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

အလားတူ စစ်ကောင်စီ၏ ဥပဒေရေးရာ ဝန်ကြီးဌာနဘက်ကလည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း မြေနေရာများကို နိုင်ငံပိုင်သိမ်းရန် အယူခံတက်ခဲ့ပြီး ယင်းအပေါ်တွင်လည်း တရားလွှတ်တော်ချုပ်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ပယ်ချခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီဘက်က အထူးအယူခံ ဆက်တက်၊ မတက်ကိုမူ မသိရသေးပေ။

အဆိုပါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုများတွင် NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့ လည်း ပူးတွဲ တရားစွဲဆို ခံထားရသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး လက်ရှိတွင် ယင်းအမှုများကို စစ်ကောင်စီ၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် အယူ ခံ၊ အထူးအယူခံအမှုများ အဖြစ် ကြားနာလျက်ရှိသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...