ဖားအံမြို့တွင် ပျံကျစျေးသည်များကို ခေါ်စုပြီး အခွန်လွတ်စျေးဖွင့်လှစ်ရောင်းချခိုင်းနေ

ဖားအံမြို့တွင် ပျံကျစျေးသည်များကို ခေါ်စုပြီး အခွန်လွတ်စျေးဖွင့်လှစ်ရောင်းချခိုင်းနေ
Photo-ဇွဲကပင်မြေ
Photo-ဇွဲကပင်မြေ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြည်နယ်စစ်ကောင်စီက ကန်သာယာညစျေးနေရာနှင့် လှိုင်းဘွဲလမ်းဂွနေရာ များ တွင် အခွန်လွတ်စျေးတန်းများ ဖွင့်ခိုင်းပြီး ပျံကျစျေးသယ်များအား စျေးရောင်းချခိုင်းမှုများ ရှိနေသည်ဟု ပြော သည်။

ပြည်နယ်စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲများက ဖားအံမြို့မစျေးကြီး၊ မဲဘောင်စျေး ၊ လမ်းဂွစျေးတို့ မှ ပျံကျလမ်းဘေးစျေးသည်များအား အခွန်လွတ်စျေးတွင် စျေးရောင်းချရန် ခေါ်ယူပြီး နေ့အလိုက် နေရာတစ်ခု စီတွင် စျေးလာရောက်ရောင်းချရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဖားအံမြို့ခံ သတင်းအရင်းအမြစ်က ပြော သည်။

“မဲဘောင်စျေးတို့၊ လမ်းဂွစျေးတို့က စျေးသယ်တွေကို သွားခေါ်လာပြီးတော့ အခွန်လွတ်သက်သာ ချောင်ချိရေး စျေးပုံစံမျိုး စစ်ကောင်စီဝန်ကြီးက လိုက်ဖွင့်ပြီးလိုက်စျေးဝယ်တာတွေ လုပ်ပြနေတယ်။ ဒီမနက်ဆို လမ်းဂွ လမ်းဆုံနားမှာ ကရင်ဝန်ကြီးတစ်ယောက် နောက်ထပ်စျေးတစ်ခု လာဖွင့်ပေးတယ်။ နောက်ပြီး မြို့က ဆီတို့၊ ဆန်တို့ လုပ်ငန်းရှင်တွေကို ဆိုင်ခင်းရောင်းခိုင်းတယ်၊ ဟန်ပြပေါ့။ အရင် စစ်အစိုးရ ခေတ်ကလိုပဲ စည်ကား အောင် ပြန်လုပ်နေတာမျိုးပေါ့” ဟု ၎င်းမြို့ခံ သတင်းအရင်းအမြစ်က ပြောသည်။

ပြည်နယ်စစ်ကောင်စီက ဇွန်လ ၂၅ နှင့် ဇွန်လ ၂၈ ရက်နေ့တွင် ကန်သာယာညစျေးနေရာနှင့် လှိုင်းဘွဲလမ်းဂွ နေရာများ၌ အခွန်လွတ်စျေးတန်းများ ဖွင့်ခိုင်းပြီး ပျံကျစျေးသယ်များအား စျေးရောင်းချခိုင်းမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

လတ်တလောတွင်မူ ဖားအံဒေသတွင်း တည်ငြိမ်အေးချမ်းပြီး စည်ကားသွားလာ၍ရနေကြောင်း ပြသရန် စစ် ကောင်စီက ဘာသာရေးပွဲတော်များ၊ ခရီးသွားအလည်အပတ်လာသူများအား လွတ်လပ်စွာ သွားလာ၍ ရနေ ကြောင်း သိရှိစေရန် စစ်တပ်သတင်းစာမျက်နှာများ၊ စစ်ကောင်စီ ရုပ်သံလိုင်းများတွင် ထုတ်လွှင့်နေသော်လည်း မြေပြင်တွင် ဒေသခံကားများ၊ ဆိုင်ကယ်များအား ဖမ်းဆီးသိမ်းဆည်းမှုများ၊ ငွေညှစ်ပြန်ရွေးခိုင်းမှုများ ဖြစ်ပေါ် နေသဖြင့် ဒေသခံများသွားလာရေး ခက်ခဲနေကြကြောင်း သိရသည်။

ဖားအံမြို့ခံ လူငယ်တစ်ဦးက “မြို့ဝင်မြို့ထွက် စစ်ဆေးတာမှာ မြန်မာစကားသိပ်မပြောတတ် မဖြေ တတ်ရင် ဖမ်းငွေညှစ်ပြန်လာရွေးခိုင်းလုပ်တယ်။ အခုဇွန်လမှာ ကားတွေဖမ်းထားတာ တော်တော် များနေပြီ၊ သူတို့ စစ် တပ်နဲ့ ပတ်သက်သူတွေကျတော့ စီးလို့ရနေတယ်။ မြို့ခံတွေက ကြည့်စား၊ ကြည့်နေ၊ ကြည့်သွား ပုံစံမျိုးနေ နေရတယ်။ စစ်တပ်ထောက်ခံတဲ့ အုပ်စုတွေကတော့ ကြိုက်သလိုနေထိုင် သွားလာလို့ရနေတယ်၊ အစစ်အဆေး မရှိဘူး” ဟု ပြောသည်။

ဖားအံမြို့တွင် စစ်တပ်စစ်ဆေးမှုနေရာစုံ ၈ နေရာခန့်ရှိနေပြီး မြို့တွင်းတွင်လည်း ပတ်ကင်း၊ ရပ်ကင်း၊ စောင့် ကြည့်သတင်းပေးများ တာဝန်ချထားစောင့်ကြည့်နေသည့်အပြင် စောင့်ကြည့်ကင်မရာ CCTV များဖြင့် လုံခြုံရေး လုပ်ဆောင်မှုများ ရှိနေသော်လည်း စစ်ကောင်စီဆန့်ကျင်သည့် အဖွဲ့အစည်းများ တိုက်ခိုက်မခံရရေးကို စစ်ကောင်စီအနေဖြင့် ပိုမိုလုပ်ဆောင်နေကြသည်။

May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...