လွတ်မြောက်နယ်မြေရောက် အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်များ ကုရ်ဘာနီအီးဒ်နေ့ ပြုလုပ်မည်

လွတ်မြောက်နယ်မြေရောက် အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်များ ကုရ်ဘာနီအီးဒ်နေ့ ပြုလုပ်မည်

ဇွန်လ ၂၉ ရက်နေ့တွင် ကျရောက်မည့် ကုရ်ဘာနီအီးဒ်နေ့ကို လွတ်မြောက်နယ်မြေတွင် ရောက်ရှိနေသည့် အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်များက ပြုလုပ်သွားမည်ဟု ဆိုသည်။

ကုရ်ဘာနီအီးဒ်နေ့ကို ယခုနှစ်မှသာ ပြန်လည်ပြုလုပ်ကြခြင်းဖြစ်သည်ဟု မန္တလေး PDF တပ်ရင်းတခုမှ အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်က မဇ္ဈိမကို ပြောသည်။

“မနှစ်ကတော့ ရှေ့တန်းရောက်နေလို့ မလုပ်ဖြစ်တာ။ ဒီနှစ်က ဘာသာရေးထုံးတမ်း အစဉ်လာအတိုင်း လုပ်သွား မယ်” ဟု ၎င်းကပြောသည်။

ယခုနှစ်ပြုလုပ်မည့် ကုရ်ဘာနီအီးဒ်နေ့အတွက် အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်များအား ကုရ်ဘာနီ (သားကောင်)များ လှူဒါန်းပေးထားသည်ဟု  မြန်မာမွတ်စလင်မ် တော်လှန်ရေးအင်အားစု (MMRF) က မဇ္ဈိမကို ပြောသည်။

မြန်မာမွတ်စလင်မ် တော်လှန်ရေးအင်အားစု တာဝန်ရှိသူ မရိုသင်းသင်းလှိုင်က “တောတောင်လျှိုမြောင် တွေ ကြားမှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြရတဲ့ ရဲဘော်ရဲဘက် ညီအစ်ကို မောင်နှမတွေကို  တတ်နိုင်သမျှ ပေးပို့လှူဒါန်းသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

တော်လှန်ရေးစခန်း ၁၁ ခုတွင် ကုရ်ဘာနီအီးဒ်နေ့ကို ပြုလုပ်သွားမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

တောင်ပိုင်းတိုင်းစစ်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် အစ္စလာမ်ဘာသာဝင် PDF ရဲဘော်တစ်ဦးက “အီးဒ် နေ့က ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်အတွတ်တော့ ပွဲတော်တစ်ခုပါပဲ။ တော်လှန်ရေးလုပ်ရင်း ရဲဘော်တွေနဲ့ အတူ ဖြတ်သန်းရတာပါ။ အားလုံးမိသားစုလိုပဲ အတူကျော်ဖြတ်ရတာပေါ့။ ဒါပေမဲ့ဗျာ မိသားစုနဲ့အဝေးမှာနေပြီး လုပ်ရတဲ့အတွက်တော့ တခုခုလိုနေသလိုပါပဲ နေက်နှစ်တွေမှာ မိသားစုနဲ့အတူ အီးဒ်နေ့ကို ဖြတ်သန်းချင်ပြီ။ တော်လှန်ရေးရဲဘော်အားလုံးက အိုးစားဖက်စိတ် ရှိကြတော့ ဒါဟာ ဒုတိယ မိသားစုလိုပါပဲ” ဟု ပြောသည်။

လက်ရှိအချိန်တွင် အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်များအပါအဝင် တော်လှန်ရေးအတွက် တိုက်ပွဲဝင် နေသူများမှာ အစားအသောက်အခက်အခဲကြုံနှင့် တွေ့နေကြရသည်ဟု ၎င်းကဆိုသည်။

ကုရ်ဘာနီအီးဒ်နေ့အတွက် သားကောင်များ လှူဒါန်းခြင်းများရှိနေပြီး ယခုကဲ့သို့ ကုရ်ဘာနီသားကောင် လှူဒါန်းခြင်းသည် အစ္စလာမ်ဘာသာဝင် တော်လှန်ရေး ရဲဘော်များအတွက် သာမက အခြားတော်လှန်ရေး ရဲဘော်များ၏ ရိက္ခာအတွက်ပါ ရည်ရွယ်ပြီး လှူဒါန်းရခြင်းဖြစ်သည်ဟု မြန်မာမွတ်စလင်မ် တော်လှန်ရေး အင်အားစု (MMRF) ကဆိုသည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...