နေအိမ်မီးရှို့ပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်၊ နှစ်ဖက် ကျဆုံးမှုရှိ

နေအိမ်မီးရှို့ပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်၊ နှစ်ဖက် ကျဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာကို မီးရှို့ပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်က အနည်းဆုံး ၃ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖက်က တစ်ဦးကျဆုံးခဲ့သည်။

အင်အား ၂၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် သာစည်ကျေးရွာက လူနေအိမ်ခြေ ၁၀ လုံးထက်မနည်းကို မီးရှို့ခဲ့ပြီးနောက် ပြန်လည်ထွက်ခွာလာစဉ်တွင် CDF-KKG, CNDF-Vakok, PDF-Kalay နှင့် ပကဖ စသည့်ပူပေါင်းတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃ ဦးထက်မနည်း သေဆုံးမှုရှိပြီး CNDF က ရဲဘော်တစ်ဦးကျဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့သည်။

CDF-KKG သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “ဇင်းကလင်းကနေ ထွက်လာတဲ့ စကစတွေပေါ့။ သာ စည်ရွာကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ဟာကို ကျွန်တော်တို့ ပူပေါင်းတပ်ဖွဲ့တွေက ချောင်းပြီး ပစ်ခတ်ခဲ့တာပေါ့။ ထိ ခိုက်မှုကတော့ အနည်းဆုံး ၃ ယောက်တော့ ရှိနိုင်မယ်ဗျ။ ပစ်ခတ်မှုပြီးမှ ပြန်ဆုတ်ခွာလာတဲ့ချိန်မှာ စကစ ဘက် ကနေ လက်လက်ကြီး တွေနဲ့ပစ်ကူပေးတယ်” ဟု ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် CNDF-Vakok တပ်ရင်းက ရဲဘော် မင်းခန့်ကျော်(ခေါ်) သားလေးကျဆုံးခဲ့သည်ဟု CDF-KKG သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူက ဆက် ပြော သည်။

“အဲ့မှာ လက်နက်ကြီးကြောင့် CNDF က ရဲဘော်တစ်ယောက် ကျဆုံးသွားတယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ KKG တပ်ရင်း-၂ က ရဲဘော် ၂ ယောက်၊ တပ်ရင်း-၃ က ရဲဘော် ၁ ယောက် ထိခိုက်ထားတယ်ပေါ့နော်” ဟု ပြော သည်။

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်ပတ်ခန့်ကစ၍ ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ လမ်းမပေါ်က ဇင်းကလင်းကျေးရွာတွင် အင်အား ၈၀ ခန့်ဖြင့် ခြေကုတ်ယူတပ်စွဲထားပြီးနောက် သာစည်ကျေးရွာကို ဇွန်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မီးရှို့ခဲ့ကြခြင်း ဖြစ်သည်။

အိမ်ခြေ ၁၂၀၀ ဝန်းကျင် ခန့်ရှိသော သာစည်ကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့များ ၎င်းတို့ ကျေးရွာထဲသို့ ဝင်ရောက်မလာခင် ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ယခုလက်ရှိအချိန်တွင်လည်း နှစ်ဖက်တိုက်ပွဲ ထိတွေ့မှု မရှိသေးသော်လည်း တိုက်ပွဲဖြစ်ပွားနိုင်သည့် အနေ အထားမျိုး ဖြစ်နေပြီး နှစ်ဖက်ကြား  စစ်ရေးတင်းမာနေသည်ဟု CDF-KKG သတင်းမှန် ပြန်ကြားရေး တာဝန်ရှိ သူက ပြောသည်။

Most read this week

ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် CDF–KKG တပ်ရင်း ၆ မှ ရဲဘော်များပုံ (Credit)
August 13, 2026
ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင်...
August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...
August 10, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအဖွဲ့များ၏ အမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတု...