သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာရေးဆေးစစ်မှု အခြေအနေ " မဆိုး" ဟု ဒေါက်တာဝင်းမြတ်အေးပြော

သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာရေးဆေးစစ်မှု အခြေအနေ " မဆိုး" ဟု ဒေါက်တာဝင်းမြတ်အေးပြော

ပဲခူးတိုင်း၊ တောင်ငူထောင်တွင် အကျဉ်းချခံထားရသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ကျန်းမာရေး ဆေးစစ်မှု အခြေအနေ “မဆိုး” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်ချမှတ်ထားသည့် သမ္မတဦးဝင်းမြင့်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက် ၍ စိုးရိမ်ရသော ကောလာဟလများ လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လာပြီးနောက်  NUG ၏ လူသားချင်း စာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ် အေး ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“သမ္မတကြီး (ကျန်းမာရေး)နဲ့ ပတ်သက်ရင် အဘက်ဘက် စုံစမ်းရသလောက်တော့ သတင်းအမှားဖြစ်တယ်။ သူက အနေအထိုင်ရော အစားအသောက်ရော အဆင်ပြေနေတယ်။ ပြီးခဲ့တဲ့ အပတ်က ကျန်းမာရေးစစ်တာ လည်း မဆိုးဘူးလို့ ပြောပါတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ဖမ်းဆီးခံထားရသူ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပတ်သက်သော အမှုအခင်းရေးရာများကို စောင့်ကြည့်နေသူ တရားရုံးနှင့်နီးစပ်သော အသိုင်းအဝိုင်းကလည်း သမ္မတဦးဝင်းမြင့်၏ ကျန်းမာရေးအဆင်ပြေသည်ဟု မဇ္ဈိမကို ပြောသည်။

သို့သော် လုံခြုံရေးအရ စိုးရိမ်ရသည့်အတွက် အသေးစိတ်ဖြေကြားရန် ငြင်းဆိုကြသည်။

အသက် ၇၂ နှစ်အရွယ် သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက အဂတိအမှုများ အပါအဝင် အမှုပေါင်း ရှစ်မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့သည်။

ထို့နောက် နေပြည်တော်အတွင်း သီးသန့်ထိန်းသိမ်းထားသည့် နေရာတစ်ခုမှ ပဲခူးတိုင်း၊ တောင်ငူတောင်သို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက စတင်ပြီး ပြောင်းရွှေ့ ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးဝင်းမြင့် အနေဖြင့် အကျဉ်းထောင်အတွင်း ကျန်းမာရေး မကောင်းမွန်သည့်အတွက် ဆီးပိုက် တပ်ထားရ ကြောင်း ယခု ဇွန်လအတွင်းက သတင်းများက ရေးသားခဲ့ကြသည်။

စစ်ကောင်စီကတော့ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများ အပါအဝင် ထောင်ပေါင်းများစွာသော ပြည်သူများကို ဖမ်းဆီးထားခဲ့သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် လက်မခံသောကြောင့် လက်ရှိအချိန်အထိ ဥပဒေမဲ့ မတရား ဖမ်းဆီး ထိန်းသိမ်း ခံထားရသူ  ၉,၂၀၂ ဦး ကျန်ရှိရာတွင် လွှတ်တော် ကိုယ်စားလှယ် ၇၇ ဦး အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ပါတီဝင် ၁,၂၀၀ ဦးပါဝင်ကြောင်း NLD ပါတီက ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...