မော်လမြိုင်တွင် ပန်းပျိုးပင် ဝေသူ ဖမ်းဆီးခံရ

မော်လမြိုင်တွင် ပန်းပျိုးပင် ဝေသူ ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ လမုတန်းလမ်း၊ ရွှေမြိုင်သီရိဈေးအနီးရှိ နေအိမ်တစ်အိမ်မှ လူ ၃ဦးအား ပန်းပျိုးပင်များဝေသောကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲများက လာရောက်ဖမ်းဆီးသွားခဲ့ သည်။

ဇွန်လ ၁၉ ရက်နေ့ နံနက် ၈နာရီကျော်ခန့်တွင် အဆိုပါ ပန်းပျိုးပင်များဝေသူတို့အား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အဲ့နေ့ ဈေးထဲကို ဖြတ်သွားတော့ အဲ့လမ်းကြားထဲမှာ ရဲတွေကိုတွေ့တယ်။ ဘာလုပ်လို့လုပ်နေမှန်းတော့ ကိုယ် လည်း မသိဘူး။ ပြီးတော့ သုံးယောက်ကို ဖမ်းသွားတယ်လို့ သိရတယ်” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် နေအိမ်သည် သစ်ခွမင်းသမီး ပျိုးပင်ရောင်းသည့် အိမ်ဖြစ်ပြီး ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပျိုးပင် များကို လမ်းသွားလမ်းလာများနှင့် ဈေးဝယ်သူများအား ဝေငှခဲ့ရာ Facebook တွင် live ပါ လွှင့်ခဲ့ကြောင်းနှင့် ဖမ်းဆီးခံရသူများထဲတွင် live လွှင့်ခဲ့သူ ပါဝင်ခြင်းရှိမရှိကိုမူ အတည်မပြုနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ပန်းဆိုတာထက် အပင်တွေ ဝေတယ်ပေါ့နော်။ အောင်သပြေတို့၊ စံပယ်တို့ပေါ့နော်။ ပျိုးပင်ပေါက်တွေပဲ။ ဝေ ပြီးတော့ ရဲတွေဘာတွေရောက်လာပြီး ဖမ်းသွားတယ်။ ကာယကံရှင်(live လွှင့်သူ) ကို မိလားမမိလားတော့ မပြောတတ်ဘူး။ ဆိုင်မှာလုပ်တဲ့ ကောင်မလေးတွေကိုတော့ ဖမ်းသွားတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံရသူများအား မော်လမြိုင် ဇေယာသီရိ ရဲစခန်း၌  ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ယနေ့ ၂၁ ရက်နေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ် ဆင်နွှဲကြရန် တော်လှန် ရေး အင်အားစုများ တိုက်တွန်းထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပန်းသပိတ်ကို ပုံစံအမျိုးမျိုးဖြင့် ပါဝင် ဆင်နွှဲခဲ့ကြသည်။

စစ်ကောင်စီတပ်မှ ဇွန်လ ၁၉ ရက်နေ့တွင် ပန်းပန်သူများ၊ ဘုရားပန်းကပ်သူများနှင့် လူမှုကွန်ရက်တွင် ဒေါ်အောင် ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းကြောင်း တင်ကြသူများအား လိုက်လံဖမ်းဆီးနေကြရာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် လူ ၁၀၀ ကျော်ခန့် ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသူများပင် ရှိနေပြီ ဖြစ်သည်။

ဓါတ်ပုံ-လူမှုကွန်ရက်

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...